သတင်းတို

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ် ၃၄ အိမ်က မိသားစုတွေကို ဆန်ထောက်ပံ့ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေလယ်ကျွန်းဒေသက မီးဘေးသင့်ပြည်သူတွေကို ဆန်ရိက္ခာတွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ Myingyan Black Tiger- MBT တပ်ဖွဲ့ထံက သိရပါတယ်။

ပဲခူးရေကြီးမှုကြောင့် ရေမြုပ်သွားတဲ့လယ်တွေအတွက် ကူညီမယ့်သူ မရှိသေး

"လက်ရှိ အုပ်ချုပ်တယ်ဆိုတဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေရော၊ မြေစာရင်းဆိုတဲ့သူတွေရော ဘယ်သူမှ မလာသေးဘူး။ ဘယ်ကမှန်းမသိတဲ့ အဖွဲ့တွေကတော့ ဖုန်းဆက်မေးတာတော့ရှိတယ်။ ဒါပေမဲ့ ဒီနေ့အထိ ဘာအကူအညီမှ မရသေးဘူး"

ကပစတပ်ဖွဲ့ဝင် ၂၀ ကျော်ထွက်ပြေးတာကို စက်ရုံမှူးက သတင်းဖုံးကာ လစာနဲ့ရိက္ခာထုတ်ယူ (ရုပ်/သံ)

ထွက်ပြေးနေသူတွေဟာ တပ်သားအဆင့်ကနေ တပ်ကြပ်ကြီးအဆင့်အထိပါဝင်ကာ အများစုဟာ တပ်တွင်းဖိနှိပ်မှုတွေကြောင့် ထွက်ပြေးကြတာဖြစ်ပြီး အဲ့ဒီတပ် အကြီးတန်းအရာရှိတွေက တပ်ပြင်ထွက်ခွင့်ကို တင်းကျပ်စွာ ပိတ်ဆို့ထားတဲ့ကြားက စွန့်ခွာထွက်ပြေးနေကြတာလို့ ကပစ ၃ နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

ကောလင်းမှာ အမျိုးသား ၂ ဦးကို စစ်အုပ်စုက သတ်ခဲ့

“တယောက်ကတော့ ကျနော်တို့မသိဘူး။ သူ့ကို ဘယ်ကနေဖမ်းလာတာလဲ ကျနော်တို့မသိဘူး။ အင်းမရွာသားကတော့ သုံးဘီးနဲ့ ကြက်စာလာကျွေးဖို့လာတဲ့အချိန် စစ်ကောင်စီတပ်သားတွေကို တွေ့ပြီး ပြန်လှည့်တဲ့အချိန်မှာ အပစ်ခံလိုက်ရတာ”

နှစ်လနီးပါးအကြာ စစ်ရှောင်နေရတဲ့ ဒေသခံတွေကို စားနပ်ရိက္ခာထောက်ပံ့ (ရုပ်/သံ)

အောက်တိုဘာ ၂၃ ရက် မနေ့က ထန်းကြီးကျေးရွာ၊ ကျောင်းဖြူကျေးရွာ၊ ပဲ့သူကြီးကျေးရွာက ပြည်သူ ၁၅၀ ကျော်ကို ဆန်၊ ဆီနဲ့ စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာလို့ ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့အဖွဲ့က ကိုနေမင်းခန့် က ပြောပါတယ်။

တော်လှန်ရေးမဟာမိတ်တွေကို စားဆီပေးဝေဖို့ RFF အဖွဲ့က နေကြာစိုက်ပျိုး

“ဆီထွက်သီးနှံစိုက်ပျိုးပြီးရင် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေ၊ Local ကာကွယ်ရေးအဖွဲ့တွေနဲ့ နွမ်းပါးတဲ့ ပြည်သူတွေဆီကို ဆီတွေထောက်ပံ့သွားဖို့ အဓိကစိုက်ပျိုးခဲ့တာပါ “

နေအိမ်ရှေ့လာချထားတဲ့ ပန်းခြင်းကို ဖယ်လိုက်ရာက မိုင်းပေါက်ကွဲမှုဖြစ်လို့ လင်မယား ၂ ဦးဒဏ်ရာရ

"သူတို့က အပြင်ကနေ ဆိုင်ကယ်နဲ့ပြန်လာတာ။ အိမ်တံခါးရှေ့ ပန်းခြင်းတွေ့လို့ ဘယ်သူလာချသွားတယ်ဆိုတာ မသိရတော့ မိန်းမဖြစ်သူက ဆင်းဖယ်လိုက်တာမှာ ပေါက်ကွဲမှုဖြစ်တာ။ သူတို့က စကစ နဲ့ပတ်သက်မှု ရှိ မရှိကတော့ မသိရဘူး"

ဒီပဲယင်းမှာ ၄ ရက်ဆက်တိုက် စစ်ကြောင်းထိုးနေလို့ ဒေသခံ ၇,၀၀၀ ကျော် စစ်ရှောင်နေရ

"စစ်ရှောင်တွေက နေ့တိုင်းတိုးလာနေတော့ စားသောက်ဖို့ ရိက္ခာအဓိကလိုလာနေတယ်။ သူတို့က အဝတ်တထည်၊ ကိုယ်တခုနဲ့ ပြေးလာကြရတာလေ"

မြောင်မြို့မရဲစခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

အောက်တိုဘာ ၂၂ ရက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီလောက်အထိ အမရပူရမြို့နယ်ပကဖ၊ အမရပူရစစ်သည်တော်၊ စဉ့်ကိုင်မြို့နယ်ပအဖ၊ မုံရွာမြို့ နယ်စည်းမခြားကာကွယ်ရေးတပ်၊ မြောင်မြို့နယ်တပ်ပေါင်းစုတွေ အပါအဝင် နယ်မြေခံကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး ၈၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်းရှိ မြို့နယ် ၄ ခုက အမျိုးသား ၆ ဦးကို စစ်ခုံရုံးကနေ ထောင်တသက်တကျွန်းချမှတ်

"မြန်မာပြည်မှာ လက်ရှိဖြစ်နေတဲ့ ဥပဒေကတော့ တရားသူကြီးအနေနဲ့ ပါဝါမရှိဘူး။ သူ့အနေနဲ့ စစ်တပ်က သေဒဏ်ချဆိုရင်ချရတာပဲ။ ဥပဒေက စစ်ကောင်စီရဲ့ပါးစပ်ဖျားမှာ ရှိနေတဲ့ဟာကို တရားသူကြီးတွေက အကောင်အထည်ဖော်ပေးနေရရုံသာသာပဲရှိတယ်။ နိုင်ငံတကာဥပဒေနဲ့လည်း ကိုက်ညီမှုမရှိဘူး"

မုံရွာမှာ စစ်တပ်စစ်ကြောင်းကို PDF က တိုက်ခိုက်ပြီး စစ်သား ၁ လောင်းနဲ့ လက်နက်၊ ခဲယမ်း သိမ်းဆည်းရရှိ

“နောက်ကျန် ၃ ကောင်ကိုအပိုင်ဝင်တွယ်တာ။ အဲ့မှာ ပစ်ကြတော့ ကျန်တဲ့ ၂ ယောက်က အဝေးကနေပဲလှမ်းပစ်ပြီး ပြေးသွားတော့ တယောက်ထဲကျန်ခဲ့တာ။ အရှင်ဖမ်းမလို့ကို ပြန်ခုခံလို့ အသေဖမ်းလိုက်ရတာ “

ရွှေဘိုဆေးရုံမှာ မိုင်းကွဲပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရ

"မနက်က ဆေးရုံအုပ်ရုံးခန်းနားမှာ မိုင်းကွဲမှုဖြစ်တယ်လို့တော့ သိရတယ်။ မိုင်းထိသွားတာက အမျိုးသမီး တဦးပါ။ စကားသံကတော့ အမျိုးမျိုးကြားနေရတယ်။ သူလက်ထဲပဲ ကွဲသွားသလိုလို ဆေးရုံအုပ်ရုံးခန်းနားမှာ ကွဲချိန် သူ့ကိုထိသွားသလိုလို ပြောနေကြတယ်"

ကမ္မမြို့ကို ရိက္ခာပို့ဖို့လာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့ကနေထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်း အောက်တိုဘာ ၂၂ ရက် မနေ့ကမနက် ၈ နာရီခွဲလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ The Red Revolters တပ်ဖွဲ့ဆီက သိရပါတယ်။

PDF ဆီ CDM ဝင်သွားတဲ့ ဆင်ဦးစီးတွေနဲ့ ဆင်၁၃ကောင် ပြန်ရဖို့ စစ်ကောင်စီကြိုးစား (ရုပ်/သံ)

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် PDF တွေဆီကို အသီးသီး CDM ဝင်သွားတဲ့ ဆင်ဦးစီးမိသားစုဝင် ၄၀ လောက်နဲ့ ဆင် ၁၃ ကောင်ကို ပြန်ရဖို့ စစ်ကောင်စီကြိုးစားနေပါတယ်။

ဂန့်ဂေါ ကန်ရွာနယ်မြေရဲစခန်းကို တနေ့တည်း နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ဂန့်ဂေါမြို့နယ်၊ ကန်ရွာနယ်မြေရဲစခန်းမှာ ရှိနေတဲ့ ခလရ ၅၄ က စစ်အုပ်စုအင်အား ၅၀ ဦးလောက်ကို မနေ့မနက် ၆ နာရီခွဲလောက်မှာ ဒရုန်းနဲ့ဗုံးသီး ၁၉ လုံးချတိုက်ခိုက်ပြီး နေ့လယ် ၁ နာရီလောက်မှာ ဗုံးသီး ၁၇ လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10