ရှေ့တန်းမှာ ဟင်းစားရှာချက်ပြုတ်စားကြတဲ့ YDF က ရဲဘော်တွေ (ရုပ်/သံ)
မကွေးတိုင်း၊ ယောဒေသ၊ ဂန်ဂေါနယ်အတွင်းရှိ ယောကာကွယ်ရေးတပ်ဖွဲ့ YDF က ရဲဘော်တွေက ဟင်းစားရဖို့အတွက် အလှည့်ကျ ဖား၊ ငါး၊ ခရု၊ ရှဉ့် တွေကို ရှာဖွေစားသောက်ရတယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ယောဒေသ၊ ဂန်ဂေါနယ်အတွင်းရှိ ယောကာကွယ်ရေးတပ်ဖွဲ့ YDF က ရဲဘော်တွေက ဟင်းစားရဖို့အတွက် အလှည့်ကျ ဖား၊ ငါး၊ ခရု၊ ရှဉ့် တွေကို ရှာဖွေစားသောက်ရတယ်လို့ သိရပါတယ်။
“ကျနော်တို့ ဗုံးသီး ၄ လုံး နဲ့ပစ်တာ၊ တလုံးက မကွဲလိုက်ဘူး။ ထိခိုက်သေဆုံးတာတွေကို ကျနော်တို့ အတွင်းလူကနေတဆင့် သိရတယ်”
"ကားပေါ်မှာက ကလေး ၃ ယောက်နဲ့ လူကြီး ၁၇ ယောက်ပါတယ်။ ကားက လူဝိတ်နဲ့ အရှိန်ကလည်းများဆိုတော့ မောင်းလာတာယိမ်းထိုးနေတယ်လို့ မြင်တဲ့သူတွေကပြောတယ်။ နောက်တော့ သူအရှိန်နဲ့သူမနိုင်ဘဲ လမ်းဘေးထိုးကျမှောက်တာ"
"တောမီးလောင်တဲ့အချိန် လေကလည်းတိုက်နေတာဆိုတော့ မီးလောင်တာကို အားပေးသလိုဖြစ်ပြီး ရွာထဲကို မီးပွားတွေကျရာကနေ လောင်ကုန်တာ။ မီးစလောင်တဲ့ဘက်ကအိမ်တွေဆို ဘာမှယူမခင်ဘူး(မယူလိုက်ရဘူး)။ လူတွေပဲ အလွတ်ရုန်းပြေးကြရတာ"
"ပထမရက်မှာ အဖမ်းခံရတဲ့ နှစ်ယောက်ထဲက လူကြီးကို ပြန်လွှတ်လိုက်တယ်။ နောက်ထပ် လူငယ်တယောက်ကို ထပ်ဖမ်းသွားတယ်။ ပထမဖမ်းထားတဲ့ လူငယ်ကိုတော့ သုံးရက်အကြာမှာ သုံးဆယ့်ငါးသိန်းနဲ့ ပြန်လွှတ်ပေးတယ်။ သုံးယောက်ထဲက နောက်ဆုံးအဖမ်းခံရတဲ့ လူငယ်ကိုတော့ ထောင်ကျခံမလား စစ်တပ်ထဲကိုဝင်မလား မေးတယ်။ တပ်ထဲကိုဝင်မယ်ဆို စစ်မတိုက်ရတဲ့ လက်နက်ထုတ်တဲ့နေရာကိုပို့မယ်ဆိုပြီး တပ်ထဲကိုဝင်မယ်ဆိုတော့ ထည့်လိုက်တယ်"
“ဓါတ်အားတိုင်တွေက မြေပြင်ပေါ်ကို ကျိုးကျသွားတာပါ။ တိုင်တွေ အစားထိုး ပြင်ဆင်နေပါပြီ“
တိုက်ပွဲဟာ တနေ့လုံးနီးပါးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အသေအဆုံးများကာ ညပိုင်းမှာ မှောင်ရိပ်ခိုပြီး ကောလင်းမြို့ထဲကို တပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။ တော်လှန်ရေးတပ်တွေဘက်ကလည်း ကောလင်းခရိုင်တပ်ရင်း ၂ က တပ်ခွဲမှူးတဦးနဲ့ ရဲဘော်တဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။
"အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာရသူတွေများတယ်။ စားစရာ ဝတ်စရာကို အဆင်မပြေကြဘူး။ အကူအညီတောင်းလာတဲ့အတွက် တတ်နိုင်သမျှထောက်ပံ့ပေးခဲ့တာပါ"
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ရွာမကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်အသေအဆုံးများခဲ့သလို ကောလင်းခရိုင်တပ်ရင်း ၂ က ရဲဘော် ၂ ဦးလည်း သေဆုံးခဲ့တယ်လို့ ကောလင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဖမ်းဆီးထားတဲ့ ရေဦးမြို့နယ်၊ သံသည်ကျေးရွာ ရပ်ကျေးပအဖ၊ ပလဖနဲ့ CDM ၁ ဦးအပါအဝင် ၆ ဦးဟာ ဒီကနေ့ ၆ ရက်မြောက်ကြာတဲ့အထိ လွတ်မြောက်လာတာမရှိသေးသလို မိသားစုနဲ့လည်းတွေ့ခွင့် မရသေးဘူးလို့ဒေသခံတွေက ပြောပါတယ်။
"သူ့ကိုလိုက်နေတာကြာပြီ။ ခါတိုင်းဆို သူက အပြင်မှာနေရင် တနေရာ ၅ မိနစ်၊ ၁၀ မိနစ်ထက် ပိုမနေဘူး။ ဒီနေ့မှာမှ လက်ဖက်ရည်ဆိုင်မှာ သူအဖော်တွေနဲ့ ဂိမ်းဆော့နေတာကိုမြင်လို့ ၁၀ ချက်လောက် နှစ်ယောက်ဝိုင်းပစ်ခဲ့တာ။ နေရာမှာပဲ သေတယ်။"
“ဗုံးခိုကျင်း ဆောက်ရမယ့် ပုံစံတွေ၊ ရှောင်တိမ်းတဲ့အခါယူဖို့ အရေးပေါ်အိတ်တွေနဲ့ ထည့်ရမယ့်ပစ္စည်းတွေ၊ လက်နက်ကြီးသံ ကြားတာနဲ့ ဘယ်လိုနေထိုင်ရမယ်ဆိုတဲ့ပုံစံတွေ သရုပ်ပြ မျှဝေတာပါ။ ဗုံးခိုကျင်းတွေ ဆောက်တဲ့အခါ ဘယ်လိုနေရာတွေမှာ ဆောက်ရမယ်ဆိုတာတွေနဲ့ သရုပ်ပြမှုတွေပေါ့။”
“ကိုမြင့်ဆွေနဲ့ စာရေးက ပြည်သူ့စစ်စာရင်းစုပြီး ရွာကို ဆိုင်ကယ်နဲ့ပြန်အလာ သူ့ရွာထိပ်နားမှာ ပစ်သတ်ခံရပြီး အဲနေရာမှာသေတာ“
"စကားဝိုင်းဖွဲ့ပြောနေချိန်မှာ ဆိုင်ကယ်နဲ့လာပြီး ခြံဝန်းထဲထိ ဝင်ပစ်သွားတာ။ သူနဲ့အတူ ထိုင်နေသူတွေကိုတော့ ပစ်ခတ်သွားတာမျိုးတော့မရှိဘူး"
ခမရ ၃၆၁ စစ်သားတွေနဲ့ ပျူစောထီးပူးပေါင်းအင်အား ၁၈၀ ခန့်စစ်ကြောင်းက မတ်လ ၁၉ ရက်မှာ သာကေတရွာကို ဝင်ရောက်လာပြီးနောက် အမျိုးသားတဦးကိုသတ်ခဲ့ပြီး နောက်ထပ်အမျိုးသာ းတဦးကိုတော့ ဓါးနဲ့မွှန်းထားခဲ့တာလို့ ဆိုပါတယ်။