ဗုံးသီးဟောင်းကို ကစားရာကပေါက်ကွဲပြီး ကလေး ၂ ဦးသေဆုံး
"ကလေးတွေက ဘယ်ကနေ ကောက်တွေ့လာတာလဲ မသိဘူး။ ဗုံးသီးက လက်နက်ကြီး ၆၀ သီး။ လူကြီးတွေကလည်း သတိမထားမိဘူး။ ပေါက်ကွဲမှပဲ သိကြရတာ"
"ကလေးတွေက ဘယ်ကနေ ကောက်တွေ့လာတာလဲ မသိဘူး။ ဗုံးသီးက လက်နက်ကြီး ၆၀ သီး။ လူကြီးတွေကလည်း သတိမထားမိဘူး။ ပေါက်ကွဲမှပဲ သိကြရတာ"
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ခရိုင်ချင်းဆက်လမ်းမကြီးပေါ်မှာရှိတဲ့ တံတားကိုပြန်လည်တည်ဆောက်ပြီး မတ် ၂၀ ရက် မနက် ၆ နာရီမှာ ဖွင့်ပွဲပြုလုပ်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းဆီက သိရပါတယ်။
မကွေးတိုင်း၊ စလင်းမြို့နယ်အနီးမှာ ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတခုဟာ နေ့စဉ် အလှူရှင်မရှိတာကြောင့် ကြွေးဟောင်းဆပ်ပြီး ကြွေးသစ်ယူကာ ရပ်တည်နေရတယ်လို့ ရန်ပုံငွေရှာကူညီဆောင်ရွက်ပေးနေတဲ့ Mission 21 - Magwe နဲ့ မကွေးနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂတာဝန်ခံ အမိုး ကပြောပါတယ်။
" တမြို့နယ်လုံးမှာ ၁၂၀၀ ကနေ ၁၅၀၀ ထိ စာရင်းကောက်ထားဖို့ စီစဥ်ထားတယ်။ လုပ်လည်း လုပ်နေကြပြီ။ အမှန်က ရပ်ကွက်၊ ကျေးရွာ ၁ ခုမှာဆို ၁ ဦးနှုန်းလောက်ပဲ သိထားတာ။ လူစာရင်း ပိုကောက်ခိုင်းထားတာက ပြည်သူတွေကို ဒီကိစ္စထဲမှာပဲ ခေါင်းပေးရှုပ်ထားပြီး ကျန်တာကို စိတ်မဝင်စားနိုင်အောင်လုပ်နေတာလို့ မြင်တယ်"
”မိုင်းထိတော့ တစီးက ပက်လက်လန်ပြီး တစီးက ထိုးရပ်သွားတာ။ ပက်လက်လန်တဲ့ ကားနဲ့ စစ်သားအချို့ ခုထိအဲအနားမှာ ရှိနေတုန်းပဲ”
"အဲနေ့က စစ်ကြောင်းဝင်လာလို့ ရွာကလူတွေပြေးကြတယ်။ စစ်ကြောင်းပြန်ထွက်သွားလို့ ဒေသခံအချို့ရွာပြန်ရောက်မှာ သူ့ကိုမီးလောင်လျက်သေဆုံးနေတာတွေ့ရတယ်"
“EAosတွေဘက်က လုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုခေါ်ပြီး ညှိနှိုင်းပေးတယ်။ ဝန်ကြီးဌာနက မူဝါဒ မသတ်မှတ်မချင်း ဒေသခံတွေကိုလည်း သင့်တင့်တဲ့နှုန်းထားတခုနဲ့ လုပ်ခွင့်ပြုလိုက်ပါပေါ့လေ။ ပြည်သူတွေ အဓိကတောင်းဆိုတဲ့အချက်က တရုတ်ဆိုဒ်တွေကို လုပ်ခွင့်ပြုသလို ဒေသခံတွေကိုလည်း တနိုင်တပိုင် လုပ်ခွင့်ပေးပါဆိုတဲ့ တောင်းဆိုချက်ရသွားတဲ့အခါ ကားတွေကို ပြန်လွှတ်ပေးလိုက်တယ်။”
“ သူတို့စီးလာတဲ့ ဆိုင်ကယ်တားပြီး စစ်ဆေးမေးမြန်းတဲ့အခါ စာရွက်စာတမ်းတွေ၊ မဖြစ်မနေစစ်မှုထမ်းရမဲ့ ဆင့်ခေါ်စာတွေ၊ စမတ်ကဒ်(Smart Card)တွေနဲ့ လက်ပူးလက်ရမိပြီး သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တာ”
နုတ်ထွက်စာမှာ ကိုဆာန်(ခ)ဗိုလ်ဂဠုန်သည် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA တွင် ဆက်လက်တာဝန် ထမ်းဆောင်ရန် အန္ဒမရှိခြင်း၊ ပြည့်မီသောအရည်အချင်းမရှိခြင်းတို့ကြောင့် သက်ဆိုင်ရာတာဝန်အား အရည်အချင်းပြည့်ဝသော လူငယ်လူရွယ်များအား အစားထိုးတာဝန်ပေးအပ်ရန်အတွက် ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်မှ နုတ်ထွက်ခွင့်ပြုရန် တင်ပြအပ်ပါသည်လို့ မတ် ၂၀ ရက် ဒီနေ့ရက်စွဲနဲ့ ဖော်ပြထားပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမ ရေစက်ကထွက်လာတဲ့ စစ်အုပ်စုကို ယနေ့ မတ် ၂၀ ရက် နေ့လယ် ၁၁ နာရီခွဲဝန်းကျင်မှာ ကင်းပုန်းဝပ်တိုက်ခိုက်ခံရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Earthquake People Defence Force အဖွဲ့ဆီက သိရပါတယ်။
“မြို့ထဲကစစ်**နဲ့ ပျူစောထီးတွေက မီးဝင်ရှို့နေတာ။ ကား၄ စီးနဲ့ သွားပြီး နန်စလူဘက်ကနေ ပျဉ်းခုံလေးကို ပတ်ဝင်တာ၊ စစ်ကြောင်းထိုးတာပေါ့။”
" စစ်ကောင်စီရဲ့လုပ်ရပ်တွေကို မကြိုက်တော့လို့ အလင်းဝင်လာတာပါ။ ဆုငွေပေးဖို့အတွက် စီစဥ်နေပါတယ် "
"ရဲဘော်တွေရော ရဲမေတွေရော သင်တန်းပေးတာပါ။ နောက်ပိုင်းလည်း မွမ်းမံသင်တန်းနဲ့ ကဏ္ဍအလိုက် မတူညီတဲ့သင်တန်းတွေ လုပ်ပေးဖို့ရှိပါတယ်"
"စကစဘက်ကတော့ လမ်းကြောင်းအခက်ခဲနဲ့ လုံခြုံရေးအကြောင်းပြချက်တွေနဲ့ ထောင်ကိုမပို့ဘဲ အချုပ်ထဲမှာ ဆက်ထားထားတယ်။ အဲ့တော့ သူတို့တွေအတွက်က အကျဥ်းသားတွေရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်"
“ဦးခေါင်းနောက်စေ့ပွင့်ဒဏ်ရာ တွေ့ရတယ်။ လူသတ်မှုလား လူသေမှုလားကတော့ မသိရသေးဘူး”