မတ္တရာအနောက်ခြမ်းကို စစ်ကြောင်း ၃ ခုတပြိုင်တည်းဝင်ပြီး နေအိမ်အချို့ကိုမီးရှို့ခဲ့
"အမျိုးသမီးတွေကို ထိုင်ခိုင်းပြီး အဲဒီအမျိုးသမီးတွေဆီက ရွှေ၊ငွေနဲ့ ဖုန်းတွေယူသွားတယ်လို့ သိရတယ်။ အရေအတွက်အတိအကျတော့ မသိရဘူး"
"အမျိုးသမီးတွေကို ထိုင်ခိုင်းပြီး အဲဒီအမျိုးသမီးတွေဆီက ရွှေ၊ငွေနဲ့ ဖုန်းတွေယူသွားတယ်လို့ သိရတယ်။ အရေအတွက်အတိအကျတော့ မသိရဘူး"
ပြည်သူတွေက သင်တန်းဆင်းရဲဘော်တွေနဲ့ တိုက်ပွဲပြန်ရဲဘော်တွေကို အောင်သပြေပန်းတွေနဲ့ ဝမ်းပန်တသာ ကြိုဆိုနေကြသလို ဆုငွေပေးတာ၊ ဖျော်ရည်မျိုးစုံလည်း လက်ဆောင်ပေးကြတယ်လို့ တာဝန်ခံ ဗိုလ်စွမ်းက ဆိုပါတယ်။
ရဲဘော်တွေကို အစားအသောက်တွေ ကောင်းမွန်စွာနဲ့ ကျွေးမွေးတာရှိပေမယ့် အရက်၊ ဘီယာသောက်ခွင့်မပေးထားကာ တလတကြိမ် ဟမ်ဘာကာကျွေးဖြစ်တယ်လို့ ဓားမဆိုင်းတပ်မတော် တာဝန်ခံဗိုလ်စွမ်းက ပြောပါတယ်။
ဦးလူမြင့်အလောင်းကို ဒီမနက် ၅ နာရီကျော်မှာ ပန်းပြင်ကျေးရွာအနောက်ဘက် တမိုင်ကျော်အကွာ သရက်တော- ဆင်ဖြူကျွန်းသွား မြေနီလမ်းဘယ်ဘက်ရှိ ဇရပ်အနီးမှာ ဦးခေါင်းကျည်ဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးနေတာကိုတွေ့ရပြီး အလောင်းကိုတော့ ဒေသခံတွေက စလင်းမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ကြို့ပင်ကောက်မြို့နယ် ရုံးချောင်းအုပ်စု အုပ်ချုပ်ရေးမှူး အသက် ၅၂ နှစ်အရွယ် ကိုသောင်းကြည်ကို မတ်လ ၂၄ ရက် ည ၈ နာရီကျော်လောက်မှာ သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
ပြည်မြို့နယ်၊ ပေါင်းတလည်အုပ်စု၊ ခွေးရဲရွာမှာ ည ၉ နာရီလောက်က နေအိမ် ၃ လုံး၊ ပေါင်းတည်မြို့နယ်၊ ဘိုးသာအောင်ကုန်းအုပ်စု၊ ညောင်ပင်ကုန်းရွာမှာ မနက် ၁၁ နာရီခွဲလောက်က နေအိမ် ၁ လုံး၊ မိုးညိုမြို့နယ်၊ သရက်တပင်ရွာမှာ နေအိမ် ၂ လုံးနဲ့ အုတ်ဖိုမြို့နယ်၊ ဇီးဖြူကုန်းရွာမှာ မနက် ၁ နာရီဝန်းကျင်မှာ နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့တာပါ။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲမှာ ပြည်သူ့ကာကွယ်တပ်ဖွဲ့ စစ်ရေးဌာနက ပြုလုပ်ခဲ့တဲ့ အထူးတိုက်ခိုက်ရေးသင်တန်းဆင်း ကျားသစ်နက်တပ်မတော်က PDF ရဲဘော်တွေကို မိသားစုဝင်တွေနဲ့ ပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
"မြေပြင်သတင်းပို့ချက်တွေအရတော့ မိုင်းကွင်းထဲဝင်လာတဲ့ ရန်သူ့တပ်ဖွဲ့ဝင် ၃၀ လောက်ကတော့ မိုင်းကွင်းထဲမှာပဲ သေကြတယ်။ ဒီ ၃၀ ထဲမှာ အရာရှိ ၄ ယောက်ဝန်းကျင်လောက်ပါပြီး ၃ ယောက်ကတော့ အဲ့ဒီနေရာမှာပဲ ပွဲချင်းပြီးသေတယ်။ ၁ ယောက်ကတော့ ဒဏ်ရာနဲ့ပြန်ပြီးဆွဲထုတ်ရတယ်"
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲ မတ် ၂၅ ရက် ဒီနေ့ မနက်ပိုင်းက ဓားပြတိုက်ခံရပြီး ငွေသားကျပ်သိန်း ၂,၀၀၀ ကျော်ပါသွားတယ်လို့ သိရပါတယ်။
"ဘယ်ကနေစလောင်တယ်ဆိုတာတော့ မသိရသေးဘူး။ မီးသတ်ဘက်ကတော့ စစ်ဆေးနေတုန်းလို့ သိရတယ်။ ဖြစ်နိုင်တာက ဝါယာရှော့ပဲ ဖြစ်ဖို့များတယ်။ စက်ရုံဝန်း တခုလုံးနီးပါးတော့ ကုန်သွားတယ်"
"စစ်ကောင်စီစစ်ကြောင်းက ဒီနေ့(မတ် ၂၅)ထိ ရေလဲကရင်ကျေးရွာတဝိုက်မှာ ရှိနေသေးတယ်။ စစ်ကြောင်းဝင်ရွာမီးရှို့တော့ ဒေသခံတွေလည်းထွက်ပြေးရတယ်။ အချို့ရွာတွေကတော့ ခုထိ ရွာမပြန်ရသေးဘူး"
မတ် ၂၃ ရက် မနက် ၆ နာရီကနေ ညနေ ၅ နာရီအထိ ပခုက္ကူမြို့နယ်နဲ့ ကမ္မမြို့နယ်အကြားမှာ ဒရုန်းနဲ့ ဗုံးသီး ၃၅ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး မတ် ၂၄ ရက်မှာတော့ တွင်းမရွာရဲ့ မြောက်ဘက်မှာ ဒရုန်းဗုံးသီး ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ ငြိမ်းဇာနည်စခန်း၊ ဆေးရုံ၊ ရုံးပေါင်းစုံ၊ ကပ်ကျော်ဘုန်းကြီးကျောင်းတို့ကို မတ် ၂၃ ရက် မနက် ၅ နာရီ ၅၅ မိနစ်ဝန်းကျင်ကနေစပြီး ၂ နာရီအကြာ မဟာမိတ် အဖွဲ့ ၆ ဖွဲ့က တပြိုင်နက်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာလို့ Myingyan Black Tiger-MBT အဖွဲ့ဆီက သိရပါတယ်။
“မီးရှို့ပြီး စစ်ကြောင်းက ပြန်ထွက်လာတာကို ရွာပြင်ကနေ ကိုက် ၃၀၀ အကွာက ပစ်တာမှာ အရုပ်ကြိုးပြတ် လဲကျသေဆုံးသွားတာ”
"သူက ဘုန်းကြီးဝတ်စုံဝတ်လိုက်။ လူဝတ်စုံဝတ်လိုက်နဲ့ နတ်မောက်တကြောမှာ တယောက်တည်းသွားလာပြီး သတင်းစုံစမ်းနေတာ။ ကျနော်တို့ကလည်း သတင်းရလို့ စကစ ပုံစံအသွင်ယူပြီး သူကိုတွေ့တဲ့အချိန်မေးမှ စကစ တပ်ကမှန်းသိရတာ"