သတင်းတို

စစ်တောင်းမြစ်ဝှမ်းတခုလုံးကို စစ်ဆင်ရေးတိုးမြှင့်ဆောင်ရွက်သွားမယ်

"စစ်ဆင်ရေးမြှင့်မယ်ဆိုတာ ပြည်သူတွေသိအောင် တရားဝင်အသိပေးထုတ်ပြန်တာဖြစ်တယ်။ စစ်ဆင်ရေးမြှင့်မယ်ဆိုတဲ့ နေရာမှာလည်း ပြည်သူတွေထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်မှာပါ။ ပြည်သူတွေအနေနဲ့က လိုအပ်တာပြင်ဆင်လို့ရအောင်ပါ"

ပဲခူးရိုးထဲက စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်လို့ စစ်အုပ်စု ၃ ဦးသေပြီး ကျည်ဆံအချို့ရရှိ

“ ဂိတ်စခန်းနားက သူတို့(စစ်အုပ်စု)က တုတ်ကျင်းတွေထဲ ဝင်ပစ်ခဲ့တာပါ။ တကောင်ကိုတော့ သူတို့ ချက်ချင်းပြန်ဆွဲသွားတယ်“

ပေါက်နယ်က ရေနံမြေရဲ ၂ ဦးကို PDF က လက်နက်တွေနဲ့အရှင်ဖမ်းမိ

“ဟင်းစားရှာထွက်လာတာလို့ သိရတယ်။ ကျနော်တို့ ကင်းပုန်းနဲ့တွေ့လို့ ဝိုင်းဖမ်းခဲ့တာ။ ပြန်ခုခံတာမျိုးမရှိဘူး၊ အေးအေးဆေးဆေးပဲ အဖမ်းခံတယ်။ အဲ့ဒီအတွက် ကျနော်တို့ဘက်ကလည်း သူတို့ကိုကောင်းကောင်းမွန်မွန်ထားပေးထားပါတယ်”

သေနတ်ကျည်မျိုးစုံနဲ့ AMBULANCE ကားတစီး ယူလာတဲ့ ရဲတဦးနဲ့ ကျန်းမာရေးဝန်ထမ်းတို့ အလင်းဝင်

”အလင်းဝင်လာသူတိုင်းကို လူ့ဂုဏ်သိက္ခာနဲ့အညီ လူ့အခွင့်အရေးအပြည့်အဝရအောင် စီစဉ်ပေးထားတယ်။ ယူလာတဲ့ပစ္စည်းအပေါ်မူတည်ပြီး ဆုငွေချီးမြှင့်မယ်။ တိုက်ပွဲမှာဖမ်းမိပါက စစ်သုံပန်းအနေနဲ့ အရေးယူမှာဖြစ်တယ်။"

မိုင်းကွင်းစောင့်နေတဲ့ PDF ၄ ဦးကို စစ်ကောင်စီက သတ်ဖြတ်သွား

“ရဲဘော် ၆ ယောက်လုံးကို ဓားတွေနဲ့ပဲ မွှန်းသွားတာ။ အသက်ရှင်ကျန်ခဲ့တဲ့ ရဲဘော် ၂ ယောက်ထဲမှာ တယောက်က လမ်းလျှောက်နိုင်လို့ တော်သေးတယ်။ သူ ကျနော်တို့ဆီ ရောက်အောင်ပြန်လာပြီး သတင်းပေးလို့ ကျနော်တို့သိတာ”

AA ထံသွားတဲ့ PDA တပ်ဖွဲ့ဝင် ၆ ဦးကို ကောလင်းပကဖက ဖမ်းဆီးထား

“လက်ထဲမှာလည်း ရခိုင့်တပ်တော်နဲ့ဆက်သွယ်ဖို့ စာရွက်စာတမ်းတွေ ပါသွားတယ်။ အဲဒီစာရွက်စာတမ်းတွေကိုလည်း သူတို့(ကောလင်းပကဖ)က သိမ်းထားတယ်။ ဖမ်းဖမ်းချင်းမှာ ကျနော်တို့ရဲဘော်တွေကို အချုပ်ချထားတာ။ ဘာအမှုလဲလို့ မေးတော့လည်း ဘာမှ မပြောဘဲ ဖမ်းထားတာ။ ၃ ရက်လောက်ကြာအောင် ဆက်တိုက်မေးကာမှ နယ်မြေထဲကို သတင်းမပို့ဘဲဝင်လို့ဆိုပြီး ဖမ်းထားတာလို့ ပြောတယ်။”

စစ်တပ်ကသတ်ခဲ့တဲ့ ကျဆုံးရဲဘော်နဲ့ ပြည်သူ ၁၀ဦး ၂နှစ်ပြည့်အထိမ်းအမှတ် (ရုပ်/သံ)

"ကျဆုံးရဲဘော်တွေရဲ့ ဂူဗိမာန်မှာ ပန်းခွေချတာ ပန်းတွေနဲ့ဂုဏ်ပြုခဲ့တယ်။အလေးနီပြုဦးညွှတ်ရင်း ဝေမျှနှင်းဆီတွေကိုလည်း အုတ်ဂူပေါ်မှာ ချပေးခဲ့ပါတယ်"

ကြွယ်ပုံရွာက ပျူစောထီး ၁ ဦးကို ရှင်းလင်းပြီး သေနတ်ပါယူခဲ့

"ဇော်ဦးက တယောက်တည်း အရင်ကျွံ(ရောက်)လာတာပါ။ သူသေမှ ကျန်တဲ့ ပျူစောထီးတွေ ရောက်လာပြီး ထိတွေ့မှု ဖြစ်ခဲ့သေးတယ်။ အလောင်းကိုတော့ ပျူတွေယူသွားတယ်"

PDF ထောင်တဲ့မိုင်းကို နင်းမိပြီး တပ်ကြပ်ကြီး ၁ ဦးအပါ ၃ ဦးသေ

"သေတဲ့ တပ်ကြပ်ကြီးပိုင်စိုးက အရာတော်မြို့ လေ့ကျင့်ရေးအမှတ် ၁၀ တပ်ကဗျ။ ငွေတွင်းရွာမှာ တာဝန်ကျနေတာ။ ဦးပုကတော့ ငွေတွင်း(ရွာ)သား။ ကျန်တယောက်က သလဲဘာရွာက"

ပဲခူးနဲ့ကျောက်ဆည်က မြို့ရှောင်လမ်းတွေမှာ ဆီသယ်တွဲယာဉ်တွေ တိမ်းမှောက်ပြီး ၁ စီး မီးလောင်

" ပဲခူးမှာဖြစ်တာက ကားချင်းချိတ်မိရာကနေ ဆီကားက ဘေးမြောင်းထဲကျပြီး မှောက်တဲ့သဘောဖြစ်သွားတာ။ သီလဝါကနေ ဆီတင်ပြီး မော်လမြိုင်သွားမယ့်ကားလို့ သိရတယ်။ ကားပေါ်ပါလူတွေလည်း ထိခိုက်တာရှိတယ်"

တပ်ရင်းလိုက်လက်နက်ချမှုတွေရှိနေချိန် "တပ်တွင်းစည်းလုံးညီညွတ်မှုကို ကျစ်လစ်သေချာစွာ တည်ဆောက်ကြဖို့" စစ်ခေါင်းဆောင် တိုက်တွန်း

စစ်ကောင်စီတပ်အတွင်း တပ်တွင်းစည်းလုံးညီညွတ်မှုကို ကျစ်လစ်သေချာစွာတည်ဆောက်ကြဖို့ အထူးအလေးအနက်ထားမှာကြားလိုကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြောဆိုလိုက်ပါတယ်။

သာယာဝတီမှာ သမချေးငွေမဆပ်တဲ့ ရွာသား ၃ ဦးထက်မနည်း အဖမ်းခံထားရ

“ဘာမှရှင်းပြလို့ မရဘူး။ ကားပေါ်ဆွဲတင်ပြီး သာယာဝတီမြို့နယ် စံရွေးရဲစခန်းကို ဖမ်းသွားတာ ခုထိပြန်မလွှတ်သေးဘူး။"

မြောင်မှာ ဆက်ကြေးကောက်၊ ပြည်သူပိုင်ပစ္စည်းခိုးတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDF က ဒရုန်းဗုံးချတိုက်ခိုက်

“သူတို့ (စစ်ကောင်စီ) က ရိက္ခာပြတ်တော့ ပြည်သူဟာတွေကို လာပြီးတော့ယူတာပေါ့။ သူတို့ စစ်ကြောင်းမထွက်တာ ၃ လကြာပြီ။ အခုက ပထမဆုံးအကြိမ် ရိက္ခာပြတ်တော့ စထွက်တာ၊ သူတို့ စခန်းထဲပြန်ဝင်တဲ့အချိန်ကို စောင့်ပြီးတော့ ပစ်ခဲ့တာ”

ကောလင်းမြို့မှာ မူးယစ်ဆေးရောင်းချသူ ၅ ဦးကို ဆေးပစ္စည်းတွေနဲ့အတူ NUG က ဖမ်းဆီးရမိ

ဖမ်းဆီးရရှိသူ ၅ ဦးကတော့ ကောလင်းမြို့၊ မြို့ကုန်းရပ်ကွက်မှ စည်သူလွင်(ခ)အီတူး၊ သုဝဏ္ဏရပ်ကွက်မှ ကိုဝင်းမြင့်၊ မြောက်အင်းရပ်မှ လင်မယား၂ ဦးဖြစ်တဲ့ ဦးရဲရင့်အောင်နဲ့ ဒေါ်မြစန်းဌေး၊ ဆည်တိုကျေးရွာမှ ငဗျော် တို့ဖြစ်ပြီး သူတို့ကို လက်ဝယ်ထားရှိတဲ့ မူးယစ်ဆေးပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ကလေးတဦး မီးဆော့ရာမှ နေအိမ် ၁၁ လုံး မီးလောင်မှုဖြစ်

"ကလေးက စက္ကူစတွေကို မီးရှို့ကစားရာမှာ မီးပွားတွေက အိပ်ယာပေါ်ကျပြီး မီးစလောင်တာ။ လူကြီးတွေကလည်း မီးများမှသိရတော့ မငြိမ်းနိုင်ဘဲ ဘေးအိမ်တွေပါ ကူးသွားတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10