သတင်းတို

အသတ်ခံရတဲ့ စစ်ကြောရေးတာဝန်ခံနဲ့အဖွဲ့ဟာ ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ကို အသွင်ယူထောင်ဖမ်းခဲ့သူတွေဖြစ်

"ရန်ကုန်က ကိုဂျင်မီတို့ ဖြိုးဇေယျာသော်တို့ကို အတွင်းလူ သူလျှိုဝင်ပြီး ဝင်ဖမ်းတာ ဒီကောင်ပဲ။ ငါတို့က ဖြိုးဇေယျာသော်တို့ ဂျင်မီတို့အတွက် ကလဲ့စားချေတယ်ဆိုလည်း ဒီပွဲက မမှားဘူး" လို့ တပ်ရင်း ၃၅၀၁ တပ်ခွဲ ၆ တပ်ခွဲမှူး ဗိုလ်ကြက်သွန်က ပြောပါတယ်။

ထီးလင်းနယ်ထဲမှာ အခွန်မဆောင်ဘဲ ရှားစေးတင်လာတဲ့ ၁၂ ဘီးကားကိုဖမ်းဆီး

ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လည်ပိုင်း ၁၂ နာရီခန့်လောက်မှာ ပြည်သူတဦးက သတင်းပေးပို့တယ်။ ရှားစေးတင်ဆောင်လာတဲ့ ကား ၁ စီး ဖြတ်သွားတယ်လို့။ သွားရောက်စစ်ဆေးတဲ့အခါမှာ ၁၂ ဘီးကားပေါ်မှာ ရှားဆေး ပိဿာချိန် ၆ ထောင်ခန့် သယ်ဆောင်လာတာ တွေ့တယ်။ အခွန်ဆောင်လား မဆောင်လား စစ်ဆေးပါတယ်။

ပျူခေါင်းဆောင်တဦး ရှင်းလင်းခံရပြီးနောက် လူငယ် ၃ ဦးဖမ်းဆီး အသတ်ခံရ

"ဒီကလေး ၃ ယောက်က PDF အဖွဲ့ဝင်တွေဗျ။ ဘယ်အဖွဲ့ရဲ့ အဖွဲ့ဝင်ဆိုတာကိုတော့ မသိရဘူး။ စကစက ဒီကောင်လေးတွေကို သတ်ပြီးတော့ ရွာကအုပ်ချုပ်ရေးမှူးကို အလောင်းလာယူဖို့ ဖုန်းဆက်ပြောလာတယ်ဗျ။ မတ္တရာမြို့ထဲကို ဖမ်းခေါ်သွားပြီးတော့ သတ်လိုက်တာ"

ရွှေဘိုက ပျူစောထီးကင်းစခန်း တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

“ ကျနော်တို့ဘက်က ကင်း ၄ ကင်းလုံးစီးနိုင်ခဲ့တယ်၊ ကင်းတဲတွေကို မီးရှို့ပြီးတော့ သူတို့ဘက်က စစ်ကူချက်ချင်းရောက်လာတယ်၊ ရွာလယ်မှာ အထိုင်ချထားတဲ့စခန်းထိ ဝင်စီးနိုင်ပေမယ့် ရဲဘော်တွေထိထားလို့ နောက်ပြန်ဆုတ်ခဲ့တယ်"

ဆားလင်းကြီးမှာ ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဇန်နဝါရီလ ၂၃ ရက်ဒီနေ့မနက်အစောပိုင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ ရွေးကောက်ပွဲ စာတန်းနဲ့အတူ မြန်မာတနိုင်ငံလုံးဆိုင်ရာ သပိတ်အင်အားစုများပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (GSCB) က ထုတ်ဝေတဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေကို ဖြန့်ဝေခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ရှောင်များ အရေးပေါ်ကူးရန် တည်ဆောက်ထားတဲ့ မူးတံတားကို စစ်ကောင်က မီးရှို့ဖျက်ဆီး

"မီးရှို့ခံရတဲ့ တံတားအဖျားက ၄ ခန်းလောက် ပါသွားတာဗျ။ ဒီတံတားက စစ်ဘေးရှောင်တွေအတွက် ပြေးရင် အဆင်ပြေအောင်လုပ်ထားတဲ့ မူးကူးတံတားပါဗျ။ တံတားလုပ်ပြီးတာက နှစ်လလောက်ပဲ ရှိသေးတယ်"

တမူးမြို့ ရွေးကောက်ပွဲကော်မရှင်ရုံး မီးရှို့ခံရ

''စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲစာရွက် စာတမ်းတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ လောင်တာ နာရီဝက်လောက်ကြာတယ်။ စာရွက် စာတမ်းတွေအကုန်မီးလောင်ပြီး ရုံးအဆောက်အဦလည်းပျက်ဆီးတယ်'

ကျောက်ဆည်က ဒလန်ဆိုသူ ရှင်းလင်းခံရ

ဦးထွန်းဦးမှာ စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီကိုသတင်းပေးလုပ်ပြီး ပြည်သူလူထုကို ဒုက္ခအမျိုးမျိုးပေးနေသူဖြစ်သလို လက်ရှိမှာလည်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက် အစည်းအဝေးတက်တာ၊ သန်းခေါင်စာရင်းကောက်တာတွေကို ဦးစီးလုပ်ဆောင်နေတာကြောင့် ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ဒီပဲယင်းမှာ ဖမ်းဆီးနှိပ်စက်ခံရပြီး ပြန်လွတ်လာတဲ့ပြည်သူတဦး ၆ ရက်အကြာမှာ သေဆုံး

“သူက ပြန်ရောက်လာချိန်ထဲက စကားတောင်ကောင်းကောင်းပြောနိုင်တော့တဲ့ အခြေနေမျိုးမဟုတ်ဘူး၊ ရိုက်နှက်ထားတဲ့ဒဏ်ရာတွေရှိတယ်၊ ခေါင်းတွေမှာပေါက်ပြဲထားတဲ့ဒဏ်ရာတွေရှိတယ် အဲ့ဒဏ်ရာတွေနဲ့ပဲဆုံးသွားတယ်။”

စစ်ကောင်စီက ရွာမှာတပ်မစွဲရလို့ ပြည်သူ ၁ ဦးကိုသတ်ပြီး နေအိမ်တွေကိုမီးရှို့သွား

"သူတို့သတ်သွားတာက ခြေတွေလက်တွေအရင်ဖြတ်ပြီးမှ မီးရှို့သတ်တယ်လို့ ယူဆရပါတယ်ဗျ။ ဘုန်းကြီးကျောင်းကို ဆွမ်းဂျိုင့်ပို့သွားတဲ့လူပါ သူကဆိုင်ကယ်နဲ့ပါဗျ။ သူ့ဆိုင်ကယ်နေရာကနေ မီးရှို့တဲ့နေရာကို ဝါယာကြိုးနဲ့ချည်ပီးဆွဲသွား‌ပါတယ် ‌သွေးတွေက အတန်းလိုက်ကြီးဗျ ပြီးမှ ဘုန်းကြီးကျောင်းကိုရော မီးရှို့ပစ်ခဲ့တာပါ"

ရွှေဘို-မြစ်ကြီးနား လမ်းဆုံစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရလို့ ၂ ဦးဒဏ်ရာရ

"အခုတိုက်ခိုက်ခဲ့တဲ့ စစ်ဆေးရေးဂိတ်က လုပ်နေတာကြာပြီ။ သူတို့က ခရီးသွားကားတွေ သာမန်သွားလာနေတဲ့ ဒေသတွင်းက ပြည်သူတွေရော အကုန်စစ်တာဗျ။ ငွေတောင်းတာတွေလည်း ရှိတယ်။ ဒဏ်ရာရသူ ၂ ဦးကိုအိမ်စီးကားနဲ့ ပြန်တင်သွားတယ်ဗျ။ ဒဏ်ရာကသေနိုင်တယ် စစ်ကောင်စီအတွက် ခရစ္စမတ်နဲ့ နှစ်သစ်ကူးလက်ဆောင်ပေးလိုက်တာပါ"

ညောင်ဦးအခြေစိုက်တပ်ရင်းမှာ အမျိုးသမီးထောက်လှမ်းရေး သင်တန်းဆင်းပွဲပြုလုပ်

“ကျနော်တို့လို ပုဂံ ညောင်ဦးမြို့တွေဆိုတာက စစ်ကောင်စီဘက်က အင်အားအတော်လေးသာတယ်။ သေချာလေ့ကျင့်မသင်ဘူးဆိုရင် ရှေ့မှာလည်း ပြဿနာတွေကြုံခဲ့ရတာရှိတယ်။ အဲ့တာကြောင့်လည်း တကယ်တတ်ကျွမ်းတဲ့ ဆရာတွေခေါ်ပြီး ရဲဘော်တွေကို သင်တန်းပေးဖြစ်တာပါ။ ရေရှည်မှာဆိုရင်လည်း အမျိုးသမီးတွေကို တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါနိုင်အောင်လို့ ဘယ်လိုသင်တန်းတွေ ဘာတာဝန်တွေ ပေးမယ်ဆိုတာတော့ အထက်ပိုင်းနဲ့ တိုင်ပင်ပြီး စီစဉ်မှာပါ”

ထီးလင်းမှာ ၅ တန်း ကျောင်းသားတဦး မိုင်းနင်းမိလို့ အသက်အန္တရာယ်စိုးရိမ်ရ

"ခွေးတွေထောင်ထားတဲ့နင်းမိုင်းပါ။ ဒီကလေးကို အမြန်ဆုံးဆေးကုသမှုခံယူဖို့အတွက် လိုက်လံပို့ဆောင်ပေးထားပါတယ်။ ကလေးရဲ့အခြေအနေက ခြေထောက်ကတော့ တဖက်ကတော့ ပြတ်ထွက်သွားတယ်။ အသက်ရှင်နိုင်ဖို့အတွက် ဆေးကုသမှုမီနိုင်မလား မမီနိုင်ဘူးလား မသိရသေးပါဘူး။ အသက်အန္တရာယ်စိုးရိမ်ရပြီး အသက်ဆုံးရှုံးနိုင်မှု အခြေအနေမသိရသေးဘူး"

မုံရွာခရိုင်ထဲက လမ်းပိုင်းအချို့ကို အသုံးပြုခွင့်ယာယီပိတ်

"အမြင့်မြို့ဟောင်းက စစ်ကောင်စီတပ်သားတွေကို ဗောဓိတထောင်တောင်ကြောက တောင်ခမောက်တောင်ကို မနေ့ ညနေက Mi-35,Mi-17 ရဟတ်ယာဥ်တွေနဲ့ ပို့လို့ လမ်းပိတ်ထားတာပါ"

ကန့်ဘလူမှာ စစ်ရှောင်အမျိုးသမီးတဦးမြွေကိုက်ခံရ စုစုပေါင်းမြွေကိုက်ခံရသူ ၄၁ ဦးရှိပြီး ၄ ဦးသေဆုံး

"သူကကျွဲကိုအရင်နေရာကနေ တခြားနေရာကို ရွှေ့ဖို့သွားတာမှာ မှောင်နေပြီ၊ နေတဲ့တဲနဲ့လည်း ဝေးလှတာတော့မဟုတ်ဘူး၊ အဲလိုသွားတုန်းဘယ်ဘက်ခြေကို ပိုးထိတာလို့"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10