ခန့်အောင်

ရေစကြိုမှာ အစည်းဝေးလုပ်နေတဲ့စစ်အုပ်စု တိုက်ခိုက်ခံရလို့  ၂ ဦးသေဆုံး

"စစ်ကောင်စီကအကြီးပိုင်းတွေနဲ့ ပြည်သူစစ်ခေါင်းဆောင်မြင့်ဆွေ(ခ)မောင်မြင့်နဲ့ ပြည်သူ့စစ်အကြီးပိုင်းတွေ သူတို့တပည့်တွေအစည်းအဝေးလုပ်နေတာ၊ လူဦးရေတော့များတယ်၊ ကျနော်တို့ရုတ်တရက်ပစ်လိုက်တော့ ၂ ယောက်တော့အဲနေရာမှာပဲသေသွားတယ်၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကလည်း စစ်မှုထမ်းဟောင်းသူလည်းအတူတူပဲ" လို့ MBT အဖွဲ့ ခေါင်းဆောင်ဗိုလ်မိုက်ခဲ ကပြောပါတယ်။

နတ်တလင်းမှာ PDF ၄ဖွဲ့ ပေါင်းတိုက်လို့ စစ်သား ၄ ဦးသေပြီး ၆ ဦးဒဏ်ရာရ

ဘိုကြီးစခန်းရွာမှာက စစ်သားအင်အား ၄၀ လောက်တပ်စွဲထားတာ အင်အားဖြည့်ဖို့ လာတဲ့သဘော။ ကျနော်တို့က ဘိုကြီးစခန်းမရောက်ခင်မှာ ဆည်လမ်းကြောင်းထဲမှာဝိုင်းပစ်တာ။ စက်လှေက ရှေ့ဆက်မတိုးတော့ပဲ လာရာလမ်းအတိုင်းပြန်လှည့်သွားတယ်" လို့ Phoenix DFက တာဝန်ရှိသူက ပြောပါတယ်။

ပခုက္ကူလဝကရုံး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရ

"မနေ့ကမှ တိုက်ဆိုင်သွားတာ ကျနော့်တို့က သူတို့အခြေအနေကို သွားကြည့်တာ စောင့်ကြည့်နေတာကြာပြီ။ မနေ့ကမှ တိုက်ဆိုင်သွားလို့ လက်ပစ်ဗုံးတလုံးနဲ့ ပစ်ပေါက်ခဲ့တာပါဗျ။ နောက်ဆုံးရတဲ့ သတင်းအရ စစ်အုပ်စုဘက်က ၂ ဦး သေတယ်လို့ အတွင်းသတင်းရတယ်" လို့ Pakokku Undergroung Forceရဲ့ တာဝန်ခံ ကိုကံကောင်းက ပြောပါတယ်။

မြင်းခြံမှာ ကင်းလှည့်တဲ့စစ်သားတွေ မိုင်းဆွဲခံရ

အသင့်စောင့်ကြိုမိုင်းဆွဲတဲ့နေရာဟာ ကျေးရွာအနီးမှာဖြစ်ပေမယ့် စစ်အုပ်စုက ရွာသားတွေကို ပြဿနာရှာတာမျိုးတော့မလုပ်ပဲ အလောင်းတွေကိုတော့ ဆီးမီးခုံဘက်ကိုသယ်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

မုံရွာမြို့အထွက်မှာ စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

"သူတို့က မုံရွာတောင်ဘက်က မုံရွာ - မန္တလေးလမ်းဘက်ကို ၃ စီးတဖွဲ့စီ ၆ စီး စစ်သားတွေတင်ပြီး မီးကိုအလင်းလျော့ပြီး မောင်းလာတာ နောက်ဆုံးကားကို ပဒေသာမိုင်း ၅ လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ ကားကတော့ ဖြေးဖြေးချင်း ဆက်ထွက်သွားတယ်" လို့ Sun King Envoy အဖွဲ့က ဗိုလ်ပန်ဒါက ပြောပါတယ်။

ရဲတပ်သားနဲ့ ပျူစောထီးတူမ မင်္ဂလာဆောင်ဗုံးကြဲခံရလို့ ၃ ဦးသေ

"ရဲတယောက်နဲ့ဇီးဖြူကုန်းရွာက ပျူစောထီးခေါင်းဆောင်မောင်စန်းတူမ မင်္ဂလာဆောင်တာ အသံချဲ့စက်မပါဘူး၊ တိတ်တိတ်ပုန်းလုပ်နေတာ၊ ကျနော်တို့က မနက်ကတည်းကစောင့်ကြည့်ပြီးမှ ကြဲချလိုက်တာ။ မီးဖိုဆောင်ကိုကျပြီး သုံးဦးသေသွားတာ မင်္ဂလာဆောင်ကနေ အသုဘဖြစ်သွားတာပေါ့ဗျာ" Snake Eyes PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။

တနှစ်ကျော်သည်ထိ လက်လုပ်တွေနဲ့သာတိုက်ပွဲဝင်နေရတဲ့ ကန့်ဘလူလင်းယုန်နီအဖွဲ့

"ဆန္ဒပြပွဲတွေ ရပ်နားပြီးကတည်းက လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့တာပါ။ အခုအချိန်အထိတော့ လက်လုပ်တတောင့်ထိုး၊ လက်နက်ကြီးမိုင်းတွေနဲ့သာ တိုက်ပွဲဝင်ခဲ့တာပါ။ မောင်းပြန်အစစ်သာရရင်တော့ ဒီထက်ပိုပြီး တိုက်ပွဲတွေဖော်ဆောင်နိုင်မှာဖြစ်တယ်လို့" လင်းယုန်နီကန့်ဘလူအဖွဲ့မှ ဗိုလ်လင်းယုန်ကပြောပါတယ်။

ပေါင်းတည်မှာ နေအိမ်တလုံးနဲ့ စပါးကျီတလုံး မီးလောင်

ပေါင်းတည်မြို့နယ်၊ ဗျက်ကြီးတောင်ကျေးရွာမှာ ဒီနေ့မနက် ၂ နာရီလောက်က လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။ "မီးကြွင်းမီးကျန်ကပဲစပြီး လောင်တယ်လို့ ပြောရမယ်။ ၂ ထပ် သွပ်မိုးပျဥ်ထောင်အိမ်တလုံးနဲ့ စပါးကျီတလုံး မီးထဲပါသွားတယ်။ လာရောက်ကူညီပေးတဲ့ အမျိုးသမီးတဦး မီးလောင်ဒဏ်ရာရရှိပြီး စိုးရိမ်ရတာကြောင့် ပေါင်းတည်ဆေးရုံကို ပို့ဆောင်ထားတယ်" လို့ ဒေသခံတဦးဆီက သိရပါတယ်။

မတ္တရာမှာ လူဦးရေစာရင်းကောက်နေတဲ့ စစ်အုပ်စု ဒရုန်းနဲ့တိုက်ခိုက်ခံရ

"ပြည်သူတွေသတင်းပေးလို့ သွားရောက်တိုက်ခိုက်ခဲ့တာပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ လောက်နဲ့ကျန်တာ လဝကဖြစ်မယ် ဘယ်အဖွဲ့တွေလည်းတော့ မသိရဘူး သူတို့လာတိုင်းအဲဒီဘုန်းကြီးကျောင်းကိုလာတယ် ဘုန်းကြီးကကျောင်းမှာမနေတော့ဘူး"လို့ Unicorn ပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ယင်းမာပင်က ၅ ရွာကို စစ်တပ်က မီးရှို့တဲ့အပြင် ရွာသားတဦးကိုပါ သတ်သွား

ကျောက်မှော်ရွာ၊ ကျောက်ကုန်းရွာ၊ အင်းဖက်ရွာ၊ ကြက်လျှာနဲ့ ပန်းတိမ်ပြင်ရွာတွေက နေအိမ်တွေကို မီးရှို့ခဲ့တာဖြစ်ပြီး သံပရာပင်ရိုးတဲတိုက်က အသက် ၃၀ နှစ်အရွယ် ကိုနေထွန်းဆိုသူကိုပါ သတ်ပြီး ဦးခေါင်းနဲ့လက်တဖက်ကို ဖြတ်သွားတယ်လို့ ယင်းမာပင်မြောက်ခြမ်းသပိတ်အင်အားစုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်အုပ်စုကဖမ်းဆီးထားသူ ၂ ဦး တပါတ်ကြာသည်အထိအဆက်အသွယ် မရသေး

"သူတို့နှစ်ဦးက ဘာအဆက်အသွယ်မှမရဘူး စုံစမ်းလို့လည်းမရဘူး၊ မရှိလောက်တော့ဘူးလို့တော့ထင်တယ်။ သူတို့နဲ့အတူအဖမ်းခံရတဲ့သူတွေကတော့ တချို့ရိုက်နှက်ခံရ ဖုန်းတွေသိမ်းတာလုပ်ပြီး အဲဒီနေ့ပဲပြန်လွတ်ပေးလိုက်တယ်" လို့ ဘန့်ဘွေးရွာသားတဦးက ပြောပါတယ်။

ဆားလင်းကြီးကမီးဘေးသင့်၃ ရွာကို မီးဖိုဆောင်သုံးပစ္စည်းနဲ့အဝတ်အထည်လှူ

စစ်ကိုင်းတိုင်း၊ ဆာလင်းကြီးမြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေမီးရှို့ခဲ့တဲ့ကျေးရွာ ၃ ရွာကဒေသခံတွေကို ဇန်နဝါရီလ ၂၃ ရက်မနေ့ကညနေပိုင်းမှာ မီးဖိုဆောင်သုံးပစ္စည်းတွေနဲ့အဝတ်အထည်တွေလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ကံမက တိုက်နယ်ရဲစခန်း ဗုံးကြဲခံရ

"ခြင်းခတ်နေတဲ့ ရဲတွေကို ချတာပါ။ ရဲတွေက ဒရုန်းကို မြင်တော့ ပြေးတယ်။ ပြေးတဲ့နေရာကိုလိုက်ပြီး ဗုံးသီးတလုံး မှန်းချခဲ့တာပါ။ တိုက်ခိုက်ပြီးချိန် လူနာတယောက်ကိုတွဲပြီး ဆေးရုံနောက်ပေါက်ကနေ ပို့တယ်လို့ ကြားပါတယ်။ ဆေးရုံးက စခန်းဘေးကပ်လျှက်ပါ"

ဆားလင်းကြီးမှာ ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဇန်နဝါရီလ ၂၃ ရက်ဒီနေ့မနက်အစောပိုင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ ရွေးကောက်ပွဲ စာတန်းနဲ့အတူ မြန်မာတနိုင်ငံလုံးဆိုင်ရာ သပိတ်အင်အားစုများပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (GSCB) က ထုတ်ဝေတဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေကို ဖြန့်ဝေခဲ့ကြတယ်လို့ သိရပါတယ်။

သပိတ်ကျင်းမှာ စစ်ကောင်စီကားတစီး မိုင်းဆွဲခံရ

"အထက်ထီးချိုင့်၊ တကောင်းဘက်ကနေ မန္တလေးဘက်ကို စစ်သားအင်အား ၂၀ လောက်က DC ၃ စီးနဲ့ ဆင်းလာတာကို ရှေ့ဆုံးကားကို မိုင်းဆွဲခဲ့တာပါ။ အဲဒီကားက ထိုးရပ်သွားတယ်။ စစ်သားတွေ အထိအခိုက်များတော့ ရမ်းပြီးပစ်နေလို့ အနားက ပြည်သူတွေ ရှောင်နေရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10