သတင်း

စစ်အုပ်စုက ရေကြောင်းမှာပါ ကျောက်ချတပ်စွဲထားလို့ တံငါသည်တွေ ဒုက္ခရောက်နေ

“ကိုယ် ပိုက်ချချင်တဲ့နေရာနဲ့ သူတို့နေရာနဲ့က ကိုက်ညီနေတာဆိုတော့ သူတို့နဲ့ဝေးရာကို သွားလုပ်ရတော့ ငါးကလည်း အဆင်မပြေဘူးလေ။ အခုတော့ ကုန်းပေါ်မှာ ပဲရိတ်တာမျိုး၊ နေ့စားလိုက်လုပ်တာမျိုး၊ တောင်သူနောက်လိုက် လုပ်စားနေရတယ်”

ဂန့်ဂေါစစ်ဘေးရှောင်တွေကို ဆန်နဲ့လူသုံးကုန်တွေ ထောက်ပံ့

"ပုလဲမြို့နယ်ထဲရှိ ကန့်သက်စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်တွေကို အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး ကူညီခဲ့တယ်။ မိုးရွာလာရင် အဲဒီဘက်လမ်းတွေက သွားရတာ မလွယ်ကူဘူး။ ရိက္ခာသွားပို့ဖို့လည်း ခဲရင်းတယ်။ မိုးတွင်းကာလ မကျမှီ ကျနော်တို့က ရိက္ခာကိုကြိုတင်ပြီး‌တော့ သူတို့ကို စုစောင်းပေးထားတာ"

PDF ရဲဘော်ကျဆုံးခြင်း ၁ လပြည့်မှာ ဂူဗိမာန်သွင်း ဆွမ်းသွပ်တရားတော်နာ ပြုလုပ်

“ဈာပနပြုလုပ်တဲ့နေ့က ကျဆုံးရဲဘော်ရဲ့ မိသားစုဝင်တွေ လာပါတယ်။ တလပြည့်မှာတော့ မလာနိုင်ပါဘူး။ သူ့ရဲ့မိသားစုဝင်တွေရဲ့တောင်းဆိုချက်အရ သူ့ဇာတိမြေမှာလည်း တပ်ရင်းကနေ အကုန်အကျခံပြီးတော့ ဂူဗိမာန်လုပ်ပေးခဲ့သလို တပ်ရင်းမှာ ဂူဗိမာန်လုပ်ခဲ့ပါတယ်”

မတ္တရာမြို့နယ် လဝကဒု-ဦးစီး သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံး

"ပျူ‌တွေကို သင်တန်း‌ပေးတာ စည်းရုံးတာတော့ ကြာပြီ။ ဘယ်လောက်ကြာပြီလည်းဆိုတာတော့ မမှတ်မိတော့ဘူး။ သူ့ရဲ့ခေါင်းကို သေနတ်နဲ့ သုံးချက်တိတိ ပစ်ခဲ့တယ်။ သူပြန်ခုခံလို့ နပန်းလုံးခဲ့ရသေးတယ်"

စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိမှန်လို့ EPC ဝန်ထမ်းမိသားစုလိုက် ဒဏ်ရာပြင်းထန်ရရှိ

"ချမ်းကိုက ဘယ်ဘက်တင်ပါးနဲ့ ညာဘက်တံတောင်ကွေးထိတာ လမ်းလျှောက်လို့မရဘူး။ ဝင်းမင်းစိုးကလည်း တော်တော်ဆိုးတယ်ဒဏ်ရာက။ အခုတော့ ညောင်ဦးဆေးရုံမှာ ကုသနေကြတယ်။ ၃ယောက်တော့ ခွဲစိပ်ရမယ်။ အမျိုးသမီးကတော့ သက်သာနေပြီ"

ဆီ မထွက်တော့တဲ့ မြန်မာ့ဆီအိုးကြီးနဲ့ စားအုန်းဆီပြဿနာ (ရုပ်/သံ)

တချိန်က ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ လို့ကြွေးကြော်ခဲ့သလို ဆီထွက်သီးနှံအများအပြား စိုက်ပျိုးထုတ်လုပ်တဲ့ မြန်မာနိုင်ငံဟာ ပြည်တွင်းဆီထုတ်လုပ်မှုနဲ့တင် လုံလောက်မှုမရှိဘဲ ပြည်ပကနေ နေ့စဉ် စားအုန်းဆီတန်ချိန်များစွာကို တင်သွင်းနေကြရပါတယ်။

မြန်မာ့လက်မှုပညာ မပျောက်ပျက်ဖို့ လက်ယက်ကန်းစင်တွေ ဆောက်လုပ်လှူတန်း

“အလှူရှင်တွေလည်း တချို့တဝက်ရှိတယ်၊ လိုတဲ့ဟာလည်း ကျနော်တို့ ရန်ပုံငွေကနေ စိုက်ထုတ်လှူတန်းမှာပေါ့နော်၊ သယ်ယူပို့ဆောင်ရေးကြောင့် ၂ စင်ပဲရောက်သေးတာ၊ ကျနော်တို့လည်း ကိုယ်ပိုင်ယာဉ်မရှိသေးလို့ ထော်လာဂျီငှားပြီး မီးလောင်ပြင်ထိသွားပို့ရတာ၊ စင်တွေကရှိနေပြီ"

မင်းတုန်းက စစ်ကောင်စီနေရာ ၂ ခု တိုက်ခိုက်ခံရပြီး ၂ ဦးထက်မနည်း ထိခိုက်နိုင်

"စစ်ဆေးရေးဂိတ်ကို ၄၀ မမနဲ့သွားပစ်တဲ့အချိန် ဗုံးသီးက သူတို့ဂိတ်ကိုကျော်ပြီး ကျသွားလို့ ထိခိုက်တာ မရှိလိုက်ဘူး။ နောက်တစ်လုံးပစ်ဖို့ပြင်တဲ့အချိန် သူတို့ဘက်က ပြန်ပစ်လာလို့ဆုတ်လာခဲ့တယ်။ စပါးတန်းတပ်စွဲထားတဲ့နေရာကိုတော့ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်တာတော့ အဆောက်အဦးကို ထိမှန်တာဖြစ်လို့ ထိခိုက်ရှိနိုင်တယ်"

ပုလဲမြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံး ဝေဟင်က တိုက်ခိုက်ခံရလို့ ရုံးနဲ့ ကားတစီးမီးလောင်ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာရှိတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို လေယာဉ်ငယ်လေးတွေနဲ့ ဗုံးသီးချကာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ပြန်ဆက်‌ရုံးနဲ့ ကားတစီးမီးလောင်ခဲ့ပြီး ထိခိုက်ပျက်စီးတာတွေရှိတယ်

ကြို့ပင်ကောက်မှာ စစ်တပ်သတင်းပေး ၃ ဦးရှင်းလင်းခံရပြီး ၅ ဦးဒဏ်ရာရ

"ကိုအေးထွန်းက အုပ်ကြီးလည်းဖြစ်သလို ပျူစောထီးခေါင်းဆောင်လည်း ဖြစ်တယ်။ သူတို့အင်အား ၈ ဦးလောက်နဲ့ ရှိနေတာကို ပစ်ခတ်ခဲ့တာပါ။ သူတို့ဘက်ကလည်း တထောင့်ထိုးတူမီးတွေ လက်ပစ်ဗုံးတွေနဲ့ ပြန်ပစ်သေးတယ်ဗျ"

ကျွန်းလှမြို့ပေါ် နေထိုင်သူတွေကို စစ်သားနဲ့ပျူတွေက ဖိအားပေးကင်းစောင့်ခိုင်းနေ

“တချို့ရပ်ကွက်တွေ ကင်းစပြီး စောင့်နေရပါပြီ။ ပြီးခဲ့တဲ့မတ်လ ၂ ရက်နေ့ကစပြီး ကင်းစောင့်နေရတယ်။ အခုလို ကင်းစောင့်ဖို့ကိုလည်း ကျွန်းလှမြို့ပေါ်မှာက အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီးတွေကပဲ ကင်းစောင့်ဖို့ကို စီစဉ်ခဲ့တာ။ ကင်းမစောင့်ချင်တဲ့ သူတွေလည်း ရရာပိုက်ဆံတွေချေးပြီး ပေးရတယ်”

စိတ်ထွက်ပေါက်အတွက် စစ်ကိုင်းက ကျေးရွာတချို့မှာ မသောက်မိသောမိုးခါးရေ ရုပ်ရှင်ပြသ (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီအုပ်ချုပ်ခွင့်မရတဲ့ ကျေးရွာတချို့မှာ ဒါရိုက်တာ ကိုပေါက်ရဲ့ မသောက်မိသောမိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းကို ပြသခဲ့တယ်

မုံရွာက ရွာတရွာမှာ PDF တွေရှိတယ်ဆိုပြီး စစ်တပ်ကနေအိမ် ၁၁ လုံးကိုမီးရှို့ခဲ့

“ရွာထဲမှာဘာမှမရှိပါဘူး၊ အကုန်လုံးရိုးရိုးသားသားလုပ်စားကြတာပါ။ PDF ရှိတယ်ထင်ပြီး မီးရှို့သွားတာပါ။ သူတို့အခုလိုလုပ်လိုက်တဲ့အတွက် ကျနော့်အနေနဲ့ကတော့ ဘာမှပြောစရာမရှိပါဘူး၊ ပြောလည်းမပြောရဲပါဘူး၊ သူတို့လာရင်ပြေးမယ်၊ အဓိက က လူလွတ်အသက်ရှင်ဖို့ပဲ အရေးကြီးတာပါ”

စစ်ကိုင်း ရဲတပ်ရင်း ၁၆ တိုက်ခိုက်ခံရလို့ ၅ ဦးထက်မနည်း ထိခိုက်နိုင်ဟုဆို

"တိုက်ပွဲဖြစ်ပွားချိန် ၁၀မိနစ်ခန့်ပါ။ ကျနော်တို့ဘက်ကပစ်တာကတော့ ပြင်ပမရောက်ပါဘူး။ ရဲတပ်ရင်းထဲပစ်ခတ်တဲ့ target အားလုံးကို တိုက်ရိုက်ထိပါတယ်။ မြေပြင်သတင်းတွေအရ ၅ ယောက် ထိခိုက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ နယ်မြေကစကစ စိုးမိုးနယ်မြေဖြစ်နေတော့ အားလုံးဂရုတစိုက်နဲ့ အသက်စွန့်ပြီး လုပ်ခဲ့ရတာပါ"

ရုတ်တရက်တိုက်ခိုက်ခံရလို့ ကင်းစောင့်စစ်သား ၅ ဦးသေဆုံးဟုဆို (ရုပ်သံ)

ကားနဲ့သွားကာ သေနတ် ၄ လက်နဲ့ ရုတ်တရက်ပစ်ခတ်ခဲ့လို့ စစ်သားတွေပြန်လည်ပစ်ခတ်ချိန်မရှိဘဲ လဲကျကုန်တယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10