တပ်သတင်းပေးဆိုသူ ပစ်သတ်ခံရလို့ NLD ရပ်/ကျေးဥက္ကဌအပါ ရွာသား ၅ ဦးဖမ်းဆီးခံရ
“အသတ်ခံရတဲ့ ကိုမောင်ဝင်းနဲ့ လောင်းကစားဝိုင်းမှာ ဒိုင်အတူလုပ်တဲ့ ၂ ယောက်နဲ့ ကျန်တဲ့မဆိုင်တဲ့လူ ၃ ယောက်ကို ဖမ်းသွားတာ။ အဲ့ရွာမှာ အခုထိ လောင်းကစားဝိုင်းတွေ ရှိနေတုန်းပဲ”
“အသတ်ခံရတဲ့ ကိုမောင်ဝင်းနဲ့ လောင်းကစားဝိုင်းမှာ ဒိုင်အတူလုပ်တဲ့ ၂ ယောက်နဲ့ ကျန်တဲ့မဆိုင်တဲ့လူ ၃ ယောက်ကို ဖမ်းသွားတာ။ အဲ့ရွာမှာ အခုထိ လောင်းကစားဝိုင်းတွေ ရှိနေတုန်းပဲ”
#မြေလတ်အသံ #စစ်ကိုင်း #မကွေး #ပဲခူး
“စစ်ကြောင်းက ခါတိုင်းဆို မနက် ၈ နာရီလောက်မှထွက်တာ။ အခုက မနက် ၆ နာရီလောက်မှာ ထွက်လာတော့ ရွာသားတွေ ပိတ်မိကုန်တာ။ ပိတ်မိတဲ့အထဲမှာ ကျနော်တို့ ရဲဘော်လေး တယောက်တောင် ပါသေးတယ်”
"စကစ ကားတန်းတွေကို ကြားကနေ ဖြတ်တောက်မိုင်းခွဲဖို့ ဂုန်နီအိတ်နဲ့ထည့်ပြီး ထောင်ထားတာကို လာကောက်သွားတာ။ ကျနော်တို့ဘက်က တွေ့နေလျက်နဲ့ ပြည်သူလား၊ စကစလား မသေချာလို့ မိုင်းမခွဲလိုက်ရဘူး"
တရွာလုံးနီးပါးက စစ်ရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး၊ ထူးကြီးရွာ ပြန်လည်ထူထောင်ဖို့ဆိုတာ ခက်ခဲတဲ့အခြေအနေတွေနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ တချိန်က နာမည်ကျော်ဆိပ်ခွန်ထည်ထွက်တဲ့ ထူးကြီးရွာဟာ အခုဆိုရင် ရက်ကန်းခတ်သံတွေ မကြားရတော့ဘဲ ဆိတ်သုဉ်းလို့နေခဲ့ပါပြီ။
“ရွာက လူမနေတဲ့အိမ်တွေကိုဖျက်ပြီး အဲ့ရွာမှာ စခန်းချမလို့တဲ့။ သူတို့စခန်းဆောက်ဖို့ ရွာထဲက တအိမ် ၅ သောင်းကောက်တယ်။ မပေးတဲ့အိမ်ဆို ခေါ်ရိုက်တာ။ တပတ်အတွင်းမပေးရင် မိသားစုလိုက်သတ်မယ် ပြောတယ်။ အိမ်ဖျက်တာတောင် သူတို့မဖျက်ဘူး။ ရွာသားတွေကို ခိုင်းတာ။ လစဥ်ငွေကောက်တာ ခံရတော့မယ်ထင်တယ်"
"ကျတော်တို့မိသားစုက လယ် ၆ ဧက ပိုင်ဆိုင်ပါတယ်။ မိသားစု ၅ ယောက်လောက်နဲ့ အဆင်ပြေပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ လယ်ယာမြေမှာ ထည့်သွင်းရတဲ့စိုက်ပျိုးစရိတ်တွေ အဆမတန် ခုန်တက်သွားတော့ လယ်ကပြန်ရတဲ့ငွေနဲ့ ထွက်ငွေနဲ့က မမျှဘူး ဖြစ်နေတယ်။ အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီး တော်တော်ကွာသွားလို့ အဆင်မပြေတော့လို့ အခုလို သူများတိုင်းပြည်မှာ အလုပ်သွားရောက် အလုပ်လုပ်ရတာပါ"
"စစ်ကြောင်းက စက်လှေ ၂ စီးနဲ့ မောင်းလာတာ။ ထန်းကုန်းရွာဟောင်းနဲ့ ချေပင်ရွာဟောင်း မြောင်ကြပ်မှာ နောက်ကနေမောင်းလာတဲ့ စစ်သား ၂၀ လောက်ပါလာတဲ့ စက်လှေကို မြောင်ကြပ်ဘေးက ကုန်းပေါ်မှာ အသင့်ထောင်ထားတဲ့ ရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ စစ်သား ၅ ဦး နေရာတင်သေပြီး ဒဏ်ရာရသူတွေလည်းရှိတယ်”
“အဓိကကုသပေးတာက ပြေးရင်းလွှားရင်း ကျန်းမာရေးမကောင်းတာတွေ၊ သက်ကြီးပိုင်းတွေ၊ နာတာရှည်ရောဂါအခံရှိသူတွေကိုလည်း အမြဲကုသပေးတယ်။ စစ်ရှောင်စခန်းတွေကို လှည့်ပြီးကုသပေးတာမျိုးပေါ့။ CDM ဝန်ထမ်း ဘယ်လောက်နဲ့ စောင့်ရှောက်မှု ပေးနေတယ်ဆိုတာတော့ လုံခြုံရေးအရ ပြောဆိုခွင့်မရှိလို့ပါ”
"သူတို့အိမ်မှာက တီဗီဖွင့်တဲ့အခါသုံးတဲ့ မီးအားမြှင့်စက်ပေါ့။ အဲ့ကနေ အပူလွန်ကဲပြီး မီးစလောင်တာကနေ ဘေးအိမ်တွေပါ ကူးကုန်တာ။ အိမ်တွေက ပျဥ်ထောင်အိမ်တွေ။ အိမ်ချင်းတွေကလည်း ကပ်နေတာဆိုတော့ မီးကူးမြန်သွားတာ။ လူထိခိုက်သေဆုံးတာတော့မရှိဘူး"
"စကစတွေက နေ့တိုင်းတရွာဝင် တရွာထွက် မွှေနှောက်နေတာ။ ဒီနေ့မှာလည်း လက်နက်ကြီးတွေ ပစ်ခတ်နေတယ်။ ကမ္ဘာပျက်နေသလိုပါပဲ။ ကျနော်တို့မှာ ပုဂံ၊ညောင်ဦးဘက်ကိုလည်း ထွက်ပြေးလို့မရတော့ဘူး။ စကစတွေဝင်လာရင် တခြားတရွာထွက်ပြေး၊ အဲ့ရွာကိုဝင်လာရင် နောက်တရွာကိုထွက်ပြေးနဲ့ စက်ဝိုင်းထဲ ပြေးနေရသလိုပါပဲ။ စားနေရတာကလည်း အခုရှိတာလေးတွေ ကုန်တော့မယ်"
"လေပြင်းတိုက်တဲ့အချိန် ဘယ်ကလွင့်လာလဲ မသိတဲ့သွပ်ပြားက အမျိုးသမီးလည်ပင်းကိုထိတာ။ ဒီထက်ပိုထိရင် လည်ပင်းသွေးကြောအပြတ်ပဲ"
"ကျနော်တို့တပ်ရင်းမှာ တပ်ခွဲ သုံးခွဲ ရှိတယ်။ ကျနော်တို့ဆီရောက်လာတဲ့ တခြားတပ်ခွဲကရဲဘော်တွေလည်း ဝိုင်းလုပ်ကျတာပါ။ လိုအပ်တဲ့နည်းပညာ အကူအညီလည်း ပေးကျတယ်။ မလိုအပ်ဘဲ ကုန်ကျနေတဲ့ငွေကို လျော့ချနိုင်ဖို့ ရိက္ခာဖူလုံဖို့အတွက် အဓိကလုပ်ဖြစ်တာပါ"
"မြောင်မြို့နယ်အတွင်းကို တပ်မ ၉၉ လက်အောက်ခံ Blue Commando ခေါင်းဖြတ်တဲ့စစ်ကြောင်းက လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်း စစ်ကြောင်း ၃ ကြောင်းခွဲပြီး ထိုးစစ်ဆင်လာလို့ ရောက်ရှိလာတဲ့ စစ်ရှောင်တွေဖြစ်ပါတယ်။ သူတို့ရောက်လာတာတော့ ၃ ရက်လောက်တော့ ရှိပါပြီ"
'ဒိုင်နာကားကို လုံခြုံရေးယူပေးနေတဲ့ စကစတွေကို တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က သေဆုံးမှုကို ဘယ်လိုသိရလဲဆိုတော့ ထိတွေ့ပစ်ခတ်နေချိန် သူတို့ဘက်က လူ ၇ ယောက်၊ ၈ယောက်လောက်က ရှေ့ကိုတက်လာတယ်။ အဲဒီလူတွေကို ကျနော်တို့က ပစ်ခတ်ရှင်းလင်းခဲ့တာ''