စစ်တပ်က ပျူတပ်ထဲဝင်ခိုင်းလို့ ဂန့်ဂေါနယ်မှာ ရွာလုံးကျွတ်ထွက်ပြေး၊ ထွက်ပြေးလာသူ ၁,၀၀၀ ကျော်ကို PDF က စောင့်ရှောက်ထား
"စစ်ရှောင်အားလုံးအတွက်ဆို အလုံးရေ ရာနဲ့ချီပြီး ဆောက်ရမယ်။ အခုပြီးစီးသလောက်ကလည်း အမိုး မမိုးရသေးတာများတယ်။ ခုရက်ပိုင်း မိုးကလည်းရွာနေတော့ အင်ဖက်လိုက်ကောက်ရမယ်။ လောလောဆယ်တော့ မြက်ခြောက်တွေ တင်ထားရတယ်။ မိုးရွာရင်တော့ လူဝင်နေဖို့ အဆင်မပြေသေးဘူး" လို့ သူက ဆက်ပြောပါတယ်။