သတင်း

ပျူဘုန်းကြီး ဝါသဝ လက်အောက်ပျူစခန်း တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်းသေလို့ လေကြောင်းပစ်ကူနဲ့တိုက်ခိုက်

“စစ်ကောင်စီဘက်သေဆုံးက ၁၀ ယောက်ကျော်တော့ မျက်မြင်ကိုယ်တွေ့ရှိခဲ့တယ်။ တကယ်ဆို တိုက်ပွဲက ဒီနေ့အထိဆက်ဖို့ လေကြောင်းတိုက်ခိုက်မှုရှိလို့ ပြန်လှည့်ခဲ့ရတာ။ မနက်တပိုင်းထဲမှာတင် လေယာဉ် ၂ စီးနဲ့ဗုံးလာကြဲတယ် "

ရေစကြိုမှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ သေဆုံးသူတွေရှိဟုဆို

"စစ်သားတွေက စထွက်လာတုန်းကဖောကား ၂ စီးနဲ့လာတာ၊ ကံသစ်ရွာ ကွက်သစ်နားရောက်တော့ကား ၂ စီးနဲ့ ရဲဘော်တချို့ထားခဲ့ပြီး အင်အား ၃၀ လောက်နဲ့ခြေလျင်ဆင်းပြီး ကျနော်တို့ထောင်ထားတဲ့ မိုင်းတွေကိုရှာကြတာဗျ။ အဲဒီမှာမိုင်းကိုတူးဖော်နေပြီး ဘက်ထရီအိုးဖြုတ်မယ်အလုပ်မှာ ဆွဲချလိုက်တာပါ"

တပတ်အတွင်း မြေလတ်သတင်း

- NUG က ယင်းမာပင်ခရိုင်၊ တပ်ရင်း ၁၆ ကို ပထမဆုံးအကြိမ်အဖြစ် လက်နက် ၅ လက် တပ်ဆင်ပေး - ပေါင်းတည်မှာ PDF က ခြုံခိုတိုက်လို့ ဗိုလ်ကြီးအဆင့်ရှိသူ သေဆုံးဟုဆို - ပျူရွာမှာ သောက်စားမူးယစ်နေတယ် သတင်းရလို့ လက်နက်ကြီးအလုံး ၇၀ ကျော်နဲ့ သွားပစ် - မိုင်းကွင်းထဲ ဝင်နားမိလို့ ၃ ပွင့်ဗိုလ်အပါအဝင် စစ်သား ၁၅ ဦးကျော် သေဆုံး - စစ်ကောင်စီတပ်က ဘုတလင်မြို့နယ် NLD ရုံးကို PDFတွေ နေထိုင်တယ်ဆိုတဲ့ သံသယနဲ့ ဖျက်ဆီးသွား - ပခုက္ကူ-ပေါက် လမ်းမှာ စစ်ကောင်စီထောက်ပို့ယာဥ်တန်း မိုင်းဆွဲခံရ - စစ်ကောင်စီက ရွှေဖောင် ၁၀၀ နီးပါး ဖျက်ဆီးပြီး လုပ်သား ၇၀ ကျော် ဖမ်းဆီးထား - ပကဖနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ နိုင်/ကျဥ်း ၂၀ ဦးကို ကျိုက်စကောထောင်ကနေ စစ်တပ်ကခေါ်ထုတ်သွား၊ နိုင်ကျဉ်းတွေထဲက ပဲခူးပကဖ စုဆောင်းရေးတာဝန်ခံ သေဆုံး - စစ်ကူပစ်ပေးတဲ့ စစ်ကောင်စီတပ်ကို PDF အဖွဲ့က တိုက်ခိုက်၊ စကစတပ်ဖွဲ့ အသေအဆုံးများဟုဆို - မင်းလှမှာ PDF ရဲဘော်တွေ စီးလာတဲ့ကား ချုံခိုတိုက်ခိုက်ခံရလို့ ၈ ဦးသေဆုံး - ဘုတလင်က မီးဘေးရှောင် ၃၀၀ ကျော်ကို PDF က စားနပ်ရိက္ခာထောက်ပံ့

စစ်ကောင်စီရဲ့ လုံခြုံရေးယူဖွင့်နေတဲ့ စာသင်ကျောင်း သေနတ်ပစ်ဖောက် သတိပေးခံရ (ရုပ်/သံ)

"ကျနော်တို့ ကျောင်းတွေ မဖွင့်ဖို့ နဂိုကတည်းက သတိပေးထားတယ်။ အဓိက ကျောင်းကြီးတွေလည်း သတိပေးထားတာရှိတယ်။ မုံရွာမြို့ပေါ်မှာရှိတဲ့ မိဘတွေကိုလည်း ကျောင်း‌တွေ မအပ်ဖို့ ထုတ်ပြန်ထားတာရှိတယ်။ အဲဒီလိုသတိပေးထားတဲ့ကြားက ပထမရက်က ကျောင်းပြန်ဖွင့်လို့ အသံမိုင်း ၃ လုံးခွဲပြီး သတိပေးခဲ့တယ်။"

မင်းလှမြို့နယ် ရိုးမဖြတ်လမ်းသွားလာခွင့်ကို စစ်ကောင်စီကပိတ်ပြီး လာသူတွေကို ဆက်ကြေးကောက်

"စစ်ကြောင်းထိုးမယ်ဆိုပြီးတော့ ဘယ်သူ့မှ အတက်မခံတော့ဘူး။ မျှစ်ချိုး၊ ဝါးခုတ်၊ ထင်းခုတ်တဲ့သူတွေလည်း မောင်းချတယ်။ ဆိုင်ကယ်နဲ့တနိုင်တင်တာမျိုးရှိတော့ ဘယ်ဆိုင်ကယ်မှအလာမခံဘူး။ လာတာနဲ့ဖမ်းတယ်။ ဆိုင်ကယ်တစီးကို ပိုက်ဆံ တသိန်းခွဲ၊ နှစ်သိန်းတောင်းတယ်"

ဘုရားပွဲကျင်းပနေချိန် စစ်ကောင်စီက သေနတ်နဲ့ပစ်ပြီး စစ်ကြောင်းထိုးလို့ ဒေသခံတဦးထိမှန်၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရ

“ရွာဘုရားပွဲဆိုရင် တရွာလုံး မုန့်တွေလုပ်၊ လာတဲ့ဧည့်သည်တွေကို ထမင်းကျွေးတာတွေ လုပ်တယ်။ စစ်ကြောင်း ထိုးလာတာကို မသိကြဘူး၊ ရွာထဲဝင်လာပြီ လက်နက်တွေ ပစ်ဖောက်တော့မှ ထွက်ပြေးကြတာ။ လက်နက်ထိမှန်ထားတဲ့ တယောက်ကတော့ မစိုးရိမ်ရပါဘူး။ ရွာသားတွေလည်း အခုထိရွာနားကို မကပ်ရဲသေးပါဘူး”

ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး စိုပြေလင်း မိန်းမမှုနဲ့ စစ်ခုံရုံးဖွဲ့စစ်ဆေးခံနေရ

“ကောင်မလေး ကိုယ်ဝန်ရှိသွားတာကို သူ့မိဘတွေမေးမြန်းတော့မှ သူ(ဗိုလ်မှူး စိုပြေလင်း)နဲ့ဖြစ်တယ်ဆိုတာ သိပြီးပြသနာတက်ကြတာ။ ဖြစ်ကာစက မတိုင်ဖို့ ညှိနှိုင်းသေးတယ်။ ပြည် ဒကစ ကလည်း ကြားထဲက ဝင်ညှိပေးသေးတယ်။ ကောင်မလေးကို တာဝန်မယူနိုင်တာမျိုးနဲ့ ဘလိုညှိမရလဲတော့မသိဘူး။ နောက်ဆုံးကောင်မလေးမိဘတွေက တိုင်လိုက်တာ”

မိုင်းဆွဲခံရတဲ့စစ်အုပ်စုက စာရေးရွာကိုလက်နက်ကြီးနဲ့ပစ်လို့ ရွာလုံးကျွတ်ထွက်ပြေးနေရ

“ကျနော်တို့ကတော့ ခုဝေးသထပ်ဝေးတဲ့နေရာ ပြေးနေရတယ်၊ လူကြီးတွေကိုတော့ လှည်းပေါ်တင်ပြီး သွားနေကြတယ်၊ လူငယ်တွေကတော့ လမ်းလျှောက်လိုက်တဲ့သူတွေက လိုက်ကြတယ်၊ သူတို့(စစ်ကောင်စီ)ဘက်က ၁၅ မိနစ်လောက်နားပြီး တခါပြန်ပစ်တယ်၊ ခုလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်လို့ တနေရာထပ်ရွေ့နေရတယ်”

ကပစ ၂၁ က တပ်ကြပ်ကြီးတဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

“သူက ဆိပ်ဖြူမှာနေပြီး ကပစ ၂၁ ကလာတဲ့ ကားတွေကို ဈေးဝယ်ပြီး တင်ပေးရတဲ့တာဝန်နဲ့ နေပြည်တော်ကို လျှို့ဝှက်အရေးကြီးစာရွက်စာတမ်းတွေ ပို့ဆောင်ရတဲ့ တာဝန်ယူပေးရတယ်လို့ သိရတယ်၊ ဦးခေါင်းကို ၂ ချက်ပစ်ခတ်ရှင်းလင်းခဲ့တာ”

သာယာဝတီထောင်မှာ အကျဉ်းသားတွေဆီက အမျိုးမျိုး ငွေတောင်းနေ

"အကြောင်းအမျိုးမျိုးနဲ့တောင်းနေတာ။ အကျဥ်းသားတွေမသက်သာဘူး။ ကိုယ်နေတဲ့အဆောင်မှာပြင်ရင် အဲ့အဆောင်ထဲက အကျဥ်းသားတွေအားလုံးပေးရတာ။ ကိုယ့်အဆောင်ကိုယ်ပြင်ဆိုတဲ့သဘောမျိုး။ နောက်ဆုံးထောင်ပိုင်လေးရဲ့အိမ်က အိမ်သာနဲ့ရေစင်ပြင်တာလည်း ပေးရတာပဲ။ အဲဒါကျတော့ တထောင်လုံးပေးရတယ်။ "

ဖုတ်ကုန်းကျေးရွာ စခန်းစီးနင်းခံရလို့ ပကဖ တပ်ဖွဲ့ဝင်တချို့ သေဆုံးပြီး လက်နက်တွေပါသွား

"ဖြစ်တဲ့အချိန်က မနက်အစောပိုင်း၊ ကင်းစောင့်တဲ့ရဲဘော်တွေ အိပ်ပျော်သွားတယ်နဲ့တူတယ်။ စကစနဲ့ပျူတွေက အလစ်ဝင်စီးပြီးတိုက်သွားတာ။ စခန်းစီးခံလိုက်ရတယ်ပေါ့။ ပစ်ခတ်မှုဖြစ်တော့ စကစဘက်က ရဲဘော်တချို့ကို နေရာမှာဘဲ ပစ်သတ်သွားတယ်။ လက်နက်တွေလဲ စကစဘက်က သိမ်းမိသွားတယ်။"

စစ်ရှောင်တွေကျန်ခဲ့တဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို တိုက်ပွဲတဖက်နဲ့ PDFက စောင့်ရှောက်ပေးထား

"အရေအတွက်ကတော့များတယ် တအိမ်ဆို ဝက်ချည်းပဲ အကောင် ၂၀လောက်ရှိတယ်။ ရဲဘော်လေးတွေ ဒီလိုပဲ မျှပြီးစောင့်ရှောက်ပေးနေရတယ်။ ကျွဲနွားအရမ်းများတဲ့သူတွေကတော့ လာယူသွားကြပြီ။ တချို့တဝက်ကတော့ စောင့်ရှောက်ပေးနေရဆဲပဲ"

တက်မရေနံမှော် ပိတ်သိမ်းခံရလို့ အလုပ်သမားနဲ့ဒေသခံ ၁ သိန်းကျော် အလုပ်လက်မဲ့ဖြစ်

"ခုလတ်တလောက ကိုယ့်ရပ်ရွာ ကိုယ်ပြန်ပြီး နေရတယ်။ ဒီဘက်ခြမ်းမှာ အလုပ်အကိုင်အခွင့်အလမ်းက ရှားပါးတယ်။ တနေကုန်လုပ်လို့ ၅၀၀၀ တောင် မရချင်ဘူး။ မှော်ထဲမှာက လုပ်သားတယောက်ကို တရက်ကို အနည်းဆုံး ၁၅၀၀၀ လောက်ရတယ်ဆိုတော့ မိသားစုအတွက်က အဆင်ပြေကြတယ်။ ခုက မှော်ထဲက အကုန်ပြန်ကြရတာဆိုတော့ အလုပ်လက်မဲ့တွေ ဖြစ်ကုန်တာများတယ်"

ဇွန်လရဲ့ ပထမဆုံး အခမဲ့ဆေးကုသမှုအဖြစ် ကနီနယ်စစ်ရှောင်တွေကို ဆေးကုသပေး

“ဆေးဝါးအခက်အခဲကြောင့် ဒီလထဲမှာ စစ်ဘေးရှောင်တွေကို Mobile ကုပေးတာ ပထမအကြိမ်ပါ။ မနေ့က သွားကုပေးလိုက်တာ ညနေ ၄ နာရီလောက်မှပြီးတယ်။ စစ်ရှောင်နေရတဲ့ သူတွေထဲမှာ ဖျားတဲ့သူတွေ ၊ သွေးတိုးတက်တဲ့သူတွေ ၊ နှာစေး ၊ ချောင်းဆိုး ၊ ဒူးနာ ၊ ခါးနာ အစရှိတာတွေကို အခမဲ့ ကုသပေးခဲ့တယ်။ ရွာသား ၈ ယောက်ကိုလည်း အကျိတ်တွေ ခွဲစိတ်ပေးခဲ့တယ်”

ခမရ - ၁၅ ထဲကို စစ်ကောင်စီအရာရှိတွေ ရောက်နေချိန် ဗုံးကြဲလို့ သေဆုံးမှုရှိဟုဆို

"ဒုချုပ်-စိုးဝင်း ပါတယ်လို့ကြားတယ်။ သံမဏိစက်ရုံ စစ်ဆေးဖို့လာတာ။ ရဟတ်ယာဥ်နှစ်စင်းနဲ့ လာပြီးတော့ ခမရ ၁၅ ထဲ အရင်ဆင်းတယ်။ အဲ့အချိန်မှာ ကျနော်တို့ကဒရုန်းနဲ့ဗုံး ၄ လုံးချခဲ့တာပါ။ စစ်သား ၇ ဦးသေတယ်။ ၈ ဦးဒဏ်ရာရတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10