သတင်း

ရေစကြိုမှာ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

"သူတို့ကတောင်ပေါ်ကနေထော်လာဂျီအကြီးနဲ့ဆင်းလာတာ။ ကျနော်တို့ရဲဘော်တွေကပျောက်ကြားစနစ်နဲ့ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က ၆ ယောက်သေတယ်။တိုက်ပွဲကြာချိန်က နာရီဝက်လောက်ရှိတယ်"လို့ ရေစကြို (ပကဖ)တာဝန်ရှိသူက ပြောပါတယ်။

သဲကုန်းမြို့နယ်ကရာအိမ်မှူးတဦးသုတ်သင်ခံရ

သဲကုန်းမြို့နယ်၊ ကန့်လန့်ကုန်းအုပ်စု၊ အိုင်းကုန်းကျေးရွာက အသက် ၄၇ နှစ်အရွယ် ရာအိမ်မှူးကိုညီဂျော်(ခ)ထွန်းထွန်းနိုင်ကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် မြို့ပြပျောက်ကျားအဖွဲ့က မနေ့ည ၁၀ နာရီခွဲလောက်က သုတ်သင်ခဲ့တာလို့ ဆိုပါတယ်။

PDF စခန်းတခု မီးရှို့ခံလိုက်ရလို့ သိန်း ၈၀ခန့်ဆုံးရှုံး

စစ်ကြောင်းဟာ စခန်းကို မီးရှို့ဖျက်စီးခဲ့ပြီးနောက် ဇန်နဝါရီ၂၅၊၂၆ရက်နေ့တို့မှာ မြရိပ်ကျေးရွာကိုလည်း ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ဘုန်းတော်ကြီးကျောင်းအပါအဝင် အိမ်ခြေ (၇၅)လုံးဆုံးရှူံးခဲ့ရပါသေးတယ်။

မကွေးက လူထုသပိတ်ကို PDF တွေ လုံခြုံရေးယူပေး

မကွေးတိုင်းထဲကတနေရာမှာ ဇန်နဝါရိလ ၂၈ ရက်ဒီညနေပိုင်းက ပခုက္ကူလူထုတိုက်ပွဲကော်မတီမြေပြင်လှုပ်ရှားမှုအင်အားစုတွေနဲ့ ဒေသခံတွေပူးပေါင်းပြီး စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတခုပြုလုပ်ခဲ့ရာ အဲ့ဒီသပိတ်စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးခဲ့တယ်လို့ သိရပါတယ်။

ကုက္ကိုကုန်းရွာမှာ NUG အစိုးရ ဆေးခန်းဖွင့်ထားလို့ စစ်ကောင်စီကလေယာဉ်နဲ့လာပစ်

ဇန်နဝါရီ ၂၇ ရက်မနေ့ကညနေ ၃ နာရီလောက်မှာ ကန့်ဘလူ 6006 တပ်ရင်းမှ Mi 35 ၂ စီး နဲ့ Mi 17 ၂ စီးတက်လာပြီး ညနေ ၄ နာရီကျော်လောက်မှာတော့ ကုက္ကိုကုန်းရွာကို စတင်ပစ်ခတ်ခဲ့ကာ ပစ်ခတ်နေချိန်မှာပဲ Mi 17 ၂ စီးဟာ ကုက္ကိုကုန်းရွာထဲကို လူအင်အား ၆၀ နီးပါး ချသွားခဲ့တယ်လို့ Kawlin Revolution – KR မှ တာဝန်ရှိသူတဦးက မြေလတ်အသံကိုပြောပါတယ်။

အိမ်ပြာကျပေမယ့် စိတ်ဓါတ်ဘယ်တော့မှ မကျဘူး ( ရုပ်/သံ)

ကျောက်ဖြူတိုင်ရွာက ဒေသခံအမျိုးသမီးငယ်တဦးကတော့ အိမ်တွေမီးရှို့ခံရချိန်မှာဝမ်းနည်းပူဆွေးမှုရှိခဲ့ပေမယ့် အိမ်တွေသာ ပြာကျနေမယ် တော်လှန်ရေးအတွက်ထားတဲ့ စိတ်ဓါတ်ကတော့ ဘယ်တော့မှ မကျဘူးလို့ ဆိုထားပါတယ်။

စစ်ကူလာတဲ့စစ်ကြောင်း ကြားဖြတ်တိုက်ခံရလို့ ၂ ဦးသေကာ ၃ ဦးဒဏ်ရာရ

"သူတို့က အင်အား ၃၀ ကျော်နဲ့ ဘိုကြီးစခန်းကို စစ်ကူလာတာ သတင်းရလို့ ပျဥ်းမခေါင်ရွာကို မရောက်ခင်မှာ မိုင်းဆွဲခဲ့တာ စစ်သား ၂ ယောက်က နေရာမှာပဲ သေတယ်။ ဒဏ်ရာရတာက ၃ ယောက်။ အဲဒီ ၃ ယောက်ကို ပျဥ်းမခေါင်ကျေးရွာက လူတွေက တောင်ညိုဆည်ဘက်ကို ထမ်းခေါ်သွားတယ်" လို့ Phoenix DF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

လက်လုပ်မိုင်းဆွဲဘဝကနေ လက်နက်ကြီးထုတ်နိုင်ခဲ့တဲ့ မြင်းမူ PDF (ရုပ်/သံ)

စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ စစ်ကိုင်းတိုင်းအခြေစိုက် Myin Mu Defence Force-MMDF အဖွဲ့က လမ်းဘေး လက်လုပ်မိုင်းဆွဲ အခြေအနေကနေ လက်နက်ကြီးထုတ်လုပ်နိုင်ခဲ့ပြီး တိုက်ပွဲဝင်နေပြီဖြစ်ပါတယ်။

ခင်ဦးနယ်က ရွာသစ်ရွာက အိမ် ၅ လုံးကို စစ်အုပ်စုမီးရှို့

“ထိတွေ့ပစ်ခတ်မှု မရှိပါဘူး။ ဒီအတိုင်း ရွာထဲကို ဝင်လာတာ။ အင်းပတ်ကွေ့စျေးတန်းနဲ့ ရွာသစ်က တမိုင်လောက်ပဲ ဝေးတယ်ဗျ။ ရွာမြောက်ပိုင်းက အိမ် ၅ လုံး မီးရှို့သွားပြီးတော့ ရွာထဲမှာရှိတဲ့ စျေးဆိုင်တွေက ပစ္စည်းတွေကိုလည်း သယ်သွားကြတယ်”

ချောင်းဦးလဝကရုံး မီးရှို့ခံရလို့ ပြာကျ

ဇန်နဝါရီလ ၂၇ ရက်နေ့ ည ၈ နာရီကျော်ခန့်မှာ ချောင်းဦးလဝကရုံးကို ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တခုက သွားရောက်မီးရှို့ခဲ့တာဖြစ်တယ်လို့ Chaung U Revolution တာဝန်ရှိသူက ပြောပါတယ်။ "ညကဒီဘက်က အဖွဲ့တခုက သွားရှို့တာ ဟုတ်ပါတယ်။ အဲဒီမစ်ရှင်သွားလုပ်တဲ့ အဖွဲ့ဘက်ကတော့ အန္တရာယ်ကင်းစွာနဲ့ ပြန်ရောက်လာပါတယ်။ သိရသလောက်ကတော့ ရုံးတော့ တော်တော်ပျက်စီးသွားပါတယ်" လို့ ပြောပါတယ်။

ဝက်လက်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

"သူတို့က မနေ့မနက်အစောပိုင်းကတည်းက စစ်ကြောင်းထွက်လာပြီး တနေကုန်ကင်းပုန်းဝတ်နေတာ ကျနော်တို့ကလည်း ဇွဲကောင်းကောင်းနဲ့ စောင့်နေတာ၊ သူတို့ထွက်လာလို့ ဝက်လက်ရွှဲရွာ အနောက်ဘက်လည်းရောက်ရော ကျနော်တို့က ပစ်တာမှာ သူတို့အလယ်ကောင်ကိုကျပြီး ထိကုန်တာ” လို့ ဝက်လက် Eagle Guerrilla Force အဖွဲ့ရဲ့ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

အရာတော်မှာ စစ်အုပ်စုတိုက်ခိုက်ခံရပြီး သေဆုံးမှုများဟုဆို

“အစကတော့ နယ်မြေခံတပ်ရင်းတွေ တိုက်ခိုက်နေတာ၊ ကျနော်တို့က အခြားစစ်ဆင်ရေးတခုမှာ ရောက်နေတော့ အစောပိုင်းမှာ မပါလိုက်ဘူး။ ညနေပိုင်းမှာ ကျနော်တို့ကို တပ်ကူခေါ်တယ်။ ကျနော်တို့အင်အားစုပြီး အမြန်သွားရောက်ခဲ့တယ်။ ဘန်ကာတွေကို RPG နဲ့ ပစ်တယ်။ စက်ကလေးတွေနဲ့ ပစ်တယ်။ သေတဲ့သူတွေလည်း သေတယ်။ မီးလောင်တာတွေလည်း အများကြီးပါ။ ထွက်ပြေးတာတွေလည်း ရှိတယ်”

ညောင်ဦး-ချောက်လမ်းက ကားတစီးပေါ်မှ လက်နက်ခဲယမ်းတွေကို စစ်ကောင်စီဖမ်းဆီး

ဇန်နဝါရီလ ၂၇ ရက်နေ့ မနက် ၉ နာရီကျော်ခန့်မှာ ချောက်ဘက်ကနေ မောင်းလာတဲ့ လိုက်ထရပ်အဖြူရောင်ယာဥ်ကို စစ်ကောင်စီဘက်က ပိတ်ဆို့ရှာဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ "လက်နက်တွေ ဖမ်းဆီးခံရတယ်လို့တော့ သိရတယ်။ ကားအောက်ကြမ်းခင်းထဲမှာ ထည့်ပြီးလာတာတဲ့။ ကားကတော့ ရန်ကုန်ဘက်က ကားလို့တော့ သိရတယ်။ ဘယ်နှစ်လက် ဘယ်လောက်ဖမ်းခံထိတယ် ဆိုတာကတော့ မသိရဘူး" လို့ ပြောပါတယ်။

စစ်ကောင်စီ ဗျူဟာမှူးကျလို့ ‌ရွာလုံးကျွတ်မီးရှို့ခံရပြီး သေဆုံးပြည်သူတွေလည်း ရှိနေ

"ပြာပုံကြီးပဲ ရှိတော့တယ်။ မနေ့ကထိကို ရှို့နေတုန်း။ ပြည်သူသေဆုံးတာတွေ ရှိတယ်။ မီးထဲပါတာတွေ၊ စစ်ကြောင်းဝင်လာလို့ ပစ်သတ်တာတွေရော၊ စစ်ကြောင်းပြန်မလှည့်သရွေ့တော့ အတိကျပြောလို့ မရသေးဘူး။ သူတို့ဘက်က ဗျူဟာမှူးကျသွားတော့ တအားကို အထိနာသွားပြီး ရမ်းသမ်းမီးတွေ ရှို့တော့တာပဲ။”

တရားမဝင် ရွေးကောက်ပွဲကို လက်မခံကြောင်း တန့်ဆည်မှာ သပိတ်မှောက်

တန့်ဆည်ပင်မသပိတ်အဖွဲ့ဝင်တွေက ဦးဆောင်ပြီး တန့်ဆည်မြို့နယ်ထဲက လူဦးရေတရာကျော်ဟာ “တရားမဝင် အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” စာသားပါ ဘန်နာကိုကိုင်ဆောင်ပြီး အချိန် ၂ နာရီကြာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သပိတ်မှာပါဝင်သူတဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10