ဘုတလင်က PDF စခန်းတခု စီးနင်းမီးရှို့ခံရပြီး ရဲဘော် ၃ ဦးပစ်ခတ်ခံရလို့ သေဆုံး
"ကျနော်တို့ ရဲဘော်တွေအကုန်လုံးက စခန်းမှာရှိနေတာဗျ။ မထင်မှတ်ဘဲနဲ့ စကစတွေက လက်နက်ကြီးတွေ၊ စက်လတ်တွေပစ်ပြီး ဝင်လာတာဗျ။ အဲဒီအချိန်မှာ ကျနော်တို့က ခုခံချိန် မရလိုက်ဘူးဗျ။ ကျသွားတဲ့ရဲဘော်သုံးယောက်က ထွက်ပြေးတဲ့အချိန်မှာ ကျည်မှန်ပြီးတော့ လဲကျကျန်ခဲ့တာ။ သေနတ်တွေက တရစပ်ပစ်နေတော့ ကျန်တဲ့ရဲဘော်တွေလည်းမကူနိုင်ခဲ့ဘူးဗျ"