သတင်းတို

ပေါင်းတည်မှာ ၉ နှစ်အရွယ်ကလေးတဦး ရေနစ်သေဆုံး

သေဆုံးသူဟာ ပေါင်းတည်မြို့၊ ၃၉ လမ်း အရှေ့ပိုင်းမှာနေတဲ့ Grade 2 စာမေးပွဲဖြေဆိုထားတဲ့ အသက် ၉ နှစ်အရွယ် မောင်ရဲရင့်ထွန်းဖြစ်ပြီး သရက်တောချောင်းရိုးထဲမှာ ရေနစ်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ရွှေဘိုမြို့မှာ ရဲ ၂ ဦးနဲ့ သတင်းပေး ၁ ဦးကို PDF က ရှင်းလင်း

ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ သတင်းပေး ၁ ဦးတို့ ဖောင်ကြီးချုပ်အနားက လက်ဘက်ရည်ဆိုင်မှာ စု‌ဝေးနေချိန် ဆိုင်တွင်းအထိဝင်ရောက်ပြီး ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ဝက်လက်နယ်မှာ စစ်ရှောင်ပြည်သူ ၁၀၀ ကျော်ကို အခမဲ့ဆေးကုသပေး (ရုပ်/သံ)

"ဖျားနာတာ ဝမ်းပျက်ဝမ်းလျော ဖြစ်ကြတယ်။ သွေးတိုးရောဂါတွေ အဖြစ်များပါတယ်။စိုးရိမ်ရတဲ့ လူနာတော့ မရှိပါဘူး။ ကလေး၊ လူကြီး ၁၀၀ လောက် ကုသပေးရပါတယ်"

ပျူစောထီးစခန်းကို တိုက်ခိုက်ပြီး သေနတ်နဲ့ အသုံးဆောင်တချို့ သိမ်းဆည်း

“သူတို့က သုံးလေးချက် ပြန်ပစ်ပြီး ပြေးတာမှာ စခန်းထဲက သေနတ်တွေ သိမ်းနိုင်ခဲ့တာ။ ပျူတွေဘက်က ထိခိုက်မှုတွေရှိနိုင်တယ်”

မုန်းမြို့နယ်အတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် ၃ လအတွင်း ပြည်သူ ၁၈ ဦးသေဆုံးပြီး ၃၆ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ မုန်းမြို့နယ်အတွင်း ၃ လတာကာလအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၁၈ ဦးသေဆုံးပြီး ၃၆ ဦးဒဏ်ရာရခဲ့တယ်လို့ မတ် ၃၁ ရက်မှာ မုန်းမြို့နယ်ကရင့်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။

ရဲစခန်းအထွက်မှာ စနိုက်ပါစာ မိသွားတဲ့ ရဲတဦး (ရုပ်/သံ)

“သူတို့ ဘန်ကာအပြင်ဘက်ကို ထွက်လာတဲ့အချိန် စနိုက်ပါနဲ့ ပစ်လိုက်တာ။ ကျနော်တို့ ပစ်ပြီး ပြန်ဆုတ်လာတော့ သူတို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပါ ပြန်ပစ်တာ။ အဲဒီရဲကင်းစခန်းနားမှာ အရင်ကလည်း ပစ်ခတ်မှုတွေ အများကြီးရှိခဲ့တယ်။”

ပဲခူးမှာ ၂၂ ဘီးတွဲကားမှောက်လို့ အမျိုးသား ၂ ဦးဒဏ်ရာရ (ရုပ်/သံ)

မတ် ၃၁ ရက်ညနေ ၄ နာရီခန့်မှာ ရန်ကုန်ဘက်ကနေ ဝေါမြို့နယ်ဘက်ကို အသက် ၄၀ အရွယ်အမျိုးသားတဦး မောင်းနှင်လာတဲ့ တွဲကားဟာ လမ်းအတိုင်းမောင်းနှင်လာချိန် လမ်းကြားထဲကထွက်လာတဲ့ သုံးဘီးယာဥ်ကိုရှောင်ရမှာ တိမ်းမှောက်သွားခဲ့တယ်လို့ဆိုပါတယ်။

နတ်တလင်းမှာ စစ်ကောင်စီတပ်သားတဦး စနိုက်ပါနဲ့ပစ်ခံရပြီး သေဆုံး

“အပစ်ခံရတဲ့ **က အော်ပြီး လဲကျသွားတယ်။ ကျန်တဲ့ စစ်သားတွေက အလောင်းကို ငှက်ပျောတောထဲ ဆွဲသွားတာ မြင်နေရတယ် “

သင်္ကြန်ပွဲတော်နဲ့ ရွှေမော်ဓောဘုရားပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး စစ်ကောင်စီကြိုးပမ်း

"စကစဘက်ကတော့ ပဲခူးဟာ ပုံမှန်လည်ပတ်နေပါတယ်ဆိုပြီး ပြချင်လို့ လုပ်နေတာပါပဲ။ ဒီလထဲမှာလည်း ပဲခူးရွှေမော်ဓောဘုရားပွဲလုပ်ဖို့လည်း ရှိနေတယ်။ သင်္ကြန်လည်း စည်ကားအောင်လုပ်ဖို့စီစဥ်နေတယ်လို့ သိရတယ်။ အချို့နေရာတွေမှာ မဏ္ဍပ်တွေလုပ်နေပြီ။ သူတို့တိုင်းရုံးရှေ့မှာလည်း လုပ်နေတယ်"

ပဲခူးမှာ ၂၂ ဘီးတွဲကားမှောက်လို့ အမျိုးသား ၂ ဦးဒဏ်ရာရ

"ဝိတ်ကလည်းပါတယ်။ သုံးဘီးကိုလည်းရုတ်တရက်ရှောင်လိုက်လို့ မှောက်သွားတာ။ အဲဒီအချိန်မှာ အိမ်စီးကားတစီးကလည်း ရှောင်တာမြန်လို့။ မဟုတ်ရင် ကျောက်မှုန့်ကားအောက်မှာ (ကျောက်မှုန့်တွေအောက်မှာ) မြုပ်ပြီ"

မြင်းမူမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့  နှစ်ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ Dog Killers People's Defence Force Myinmu (DK PDF-MMU)ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

နေပြည်တော် စစ်ရေးပြအခမ်းအနားကပြန်လာတဲ့ စစ်ကားမှောက်ပြီး ၂ ဦးသေ ၁၆ ဦးဒဏ်ရာရ

"စစ်ရေးပြအခမ်းအနားပြီးလို့ ပြန်လာကြတာ။ ဖြစ်တဲ့နေရာက ကွေ့လိုဖြစ်နေတော့ အရှိန်မထိန်းနိုင်ဘဲ မှောက်တာ။ သေဆုံးထိခိုက်တာ များတယ်"

ထောင်ဒဏ် နှစ် ၃၀ ကျော်ချမှတ်ခံထားရတဲ့ရဲဘော်တဦး စစ်ကြောရေးမှာရိုက်နှက်ခံရပြီး သေဆုံး

“ရှေ့နေက အောင်ကျော်ဇင် စစ်ကြောရေးမှာ ဆုံးသွားလို့ သူ့ဓာတ်ပုံလေး ပေးလိုက်ပါ။ ရက်လည် (ဆွမ်းသွပ်)ချင်လို့ဆိုပြီး လာတောင်းတာ၊ ရုပ်အလောင်းလည်း မမြင်ရသလို ပြန်လည်းမရပါဘူး။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10