သတင်းတို

ပုလဲမောင် သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး မိသားစုဝင်နဲ့ရွာခံတွေက ဆန္ဒပြတောင်းဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) သတင်းပြန်ကြားရေးတာဝန်ခံ ကိုပုလဲမောင် သေဆုံးမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် မိသားစုဝင်တွေနဲ့ ရွာခံအင်အား ၃၀၀ ကျော်က မင်းတိုင်ပင်ကျေးရွာမှာ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေကျင်မြို့ပေါ်က အဟောင်းပစ္စည်းဝယ်တဲ့လုပ်ငန်းထဲ လက်နက်ကြီးဗုံးသီးကျလို့ အလုပ်သမား ၁ ဦး သေဆုံး ၁ ဦး ဒဏ်ရာရ

" အဟောင်းဆိုင်ဆိုတော့ သံတိုသံစတွေကော၊ ကော်ပစ္စည်းတွေနဲ့ အခြားပစ္စည်းအဟောင်းတွေလည်း ရှိတယ်။ ဗုံးသီးက ကော်ပစ္စည်းပုံထဲကို ကျလာတာ။ အုန်းကနဲဆိုပြီး လက်နက်ကြီးကျလာတာ အနားမှာရှိနေတဲ့ အလုပ်သမားနှစ်ယောက်ကို ထိသွားတာ"

၂ လအတွင်း မော်လိုက်က ပြည်သူ ၂၀၀ ကျော် စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးခံရ

“မြို့ပေါ်မှာက ၆ နာရီကျော်ဆို အိမ်တွေက မီးမှိတ်ပစ်လိုက်တယ်။ အဲ့နောက်ပိုင်း အပြင်ထွက်တာနဲ့ ပေါ်တာဆွဲတယ်။ မြို့ကကျဉ်း ပြေးစရာမရှိတော့ အဆွဲခံရရင်တောင် ကြောက်လို့ ငြိမ်နေရတဲ့ပုံစံမျိုး။ မြို့ကကျဉ်း နောက်ကလည်းတောင် ရှေ့ကလည်းမြစ်ဆိုတော့ ပြေးပေါက်မရှိ ခက်ခဲတယ်။”

ပုလဲမောင် သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး မိသားစုဝင်နဲ့ရွာခံတွေက ဆန္ဒပြတောင်းဆို

“ပုလဲမြို့နယ်၊ မင်းတိုင်ပင်စံပြကျေးရွာမှာ ဆန္ဒပြခဲ့ကြတာ။ အကို ပုလဲမောင် သေဆုံးမှုက လူသတ်မှုလို့ ခံယူတဲ့ အတွက် အမှုမှန်ပေါ်ပေါက်အရေး ဆန္ဒပြခဲ့တာပါ”

တော်လှန်ရေးဒေသအသီးသီးက မွတ်စလင်လူမျိုးစုရဲဘော်တွေကို ခွဲခြားမမြင်ဖို့ MMMCC မျှော်လင့် (ရုပ်/သံ)

မြန်မာနိုင်ငံ တော်လှန်ရေးဒေသအသီးသီးမှာ ရောက်ရှိနေကြတဲ့ မွတ်စလင်လူမျိုးစု ရဲဘော်တွေကို ခွဲခြားမမြင်ဘဲ ရဲဘော်တဦးအဖြစ်သာ မြင်ပေးကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင် လူမျိုးစုများအတိုင်ပင်ခံကော်မတီ(MMMCC) အနေနဲ့ မျှော်လင့်တယ်လို့ ပြောပါတယ်။

လှည့်ကင်းပတ်တဲ့ စစ်သားတွေက ပစ်ခတ်လို့ အမျိုးသား ၁ ဦးသေဆုံး

"စကစလှည့်ကင်းနဲ့ဆုံလို့ ပစ်ခတ်ခံရတာ။ သိရသလောက်က သူကရွာခံတော့မဟုတ်ဘူး။”

အလုပ်ရုံက ဝန်ထမ်း ၉ ဦးကို စစ်မှုထမ်းရန် စစ်ကောင်စီက အတင်းအဓမ္မဝင်ဖမ်း

“အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအတွက် မဲနှိုက်မပေးလို့ဆိုပြီး စစ်တပ်နဲ့ ရဲတွေက အလစ်ဝင်ဖမ်းသွားတာ“

စစ်ကောင်စီခန့် ရွှေဘိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တဦး ပစ်သတ်ခံရ

"သူ့နေအိမ် တန်လျားမှာထိုင်နေချိန် ဝင်ပစ်သွားတာလို့တော့ သိရတယ်။ သေနတ်အချက်ရေတော့ များတယ်။ နေရာမှာပဲ သေသွားတယ်"

စခန်းသိမ်းတိုက်ပွဲတွေဖော်ဆောင်နိုင်ဖို့ စစ်ရေးလေ့ကျင့်နေတဲ့ အမိမြေတော်လှန်ရေးတပ် (ရုပ်/သံ)

စစ်ကိုင်း၊ ယင်းမာပင်ခရိုင်တပ်ရင်း ၂၇၊ တပ်ခွဲ ၁၊ အမိမြေတော်လှန်ရေးတပ်ဖွဲ့ဟာ မြေပြင်မှာ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်နိုင်ဖို့အတွက် စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

တောင်ငူမှာ မုန့်ဂိုထောင်ကတဆင့် နေအိမ်တွေပါ မီးလောင်လို့ ကျပ်သိန်းထောင်ချီဆုံးရှုံး

" မုန့်တွေထားတဲ့နေရာကနေ မီးကြိုးတွေကနေဖြစ်ပြီး မုန့်တွေကိုကူး။ လောင်စာအားကောင်းသလိုဖြစ်တော့ မီးကကြီးသွားတာ။ ဝါယာရှော့ မီးငြှိမ်းနေတုန်း မီးသတ်ကားက ရေကုန်သွားလို့ ရပ်ကွက်ကလူတွေ တော်တော်လေးဝိုင်းငြှိမ်းလိုက်ရသေးတယ်။ နောက်ဆုံးတော့ ကုန်တာပါပဲ"

အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့သစ် တည်ထောင်ပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်သွားမယ်လို့ဆို (ရုပ်/သံ)

တပ်ဖွဲ့အသစ်နာမည်က အညာဒေသတော်လှန်ရေးအထူးတပ်ဖွဲ့ (Special Troop Of Anyar Revolution) ဖြစ်ပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းထဲမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်သွားဖို့ ဖြစ်တယ်လို့ အတွင်းရေးမှူး ကိုဆာန်က ပြောပါတယ်။

စစ်မှုထမ်းဖို့ အဖမ်းခံရတဲ့လူငယ် တပ်မမှူးနဲ့စကားများလို့ အရိုက်ခံရပြီး ဆေးရုံတင်လိုက်ရ

“အင်းမတပ်ထဲမှာ ရိုက်ခံရတဲ့ ဒဏ်ရာနဲ့ ဝမ်းခေါင်းမှာ အောင့်နေလို့ ဆေးရုံ ပို့လိုက်ရတာ။ နံရိုးကျိုးလားတော့ မသိဘူး။ တပ်ထဲမှာ ဆေးလည်း ကုမပေးဘဲ မျက်နှာလွှဲခဲပစ် အိမ်ပြန်ပို့သွားတာ။ ရက် ၂၀ လောက်ကြာမှ ဆေးကုရတာပေါ့”

ဝက်တင်ကားနဲ့ ဆိုက္ကားတိုက်မိလို့ အမျိုးသား ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

"ဆိုက္ကားက ခရီးသည်အမျိုးသမီး ၂ ဦးတင်ပြီး ရွာလမ်းကြားကနေ လမ်းပေါ်အတက် ကားကလည်း အမြန်လမ်းကနေ ရွာလမ်းထဲအဆင်းနားမှာ တိုက်ကြတာ။ ကားကရှောင်ပေမယ့် မလွတ်ဘဲ တိုက်မိတာ"

ဝေါနယ်က ရွာတွေမှာ စစ်မှုထမ်းလူငှားထည့်ဖို့ တအိမ်ထောင် ကျပ်သုံးသောင်း တောင်းယူနေ

" ပထမက စစ်မှုထမ်းဖို့ မဲနှိုက်ကြ စာရင်းသွင်းကြ။ အဲဒီလူတွေလည်း တိမ်းရှောင်ကြလို့ ခေါ်မရ။ ပြီးတော့ စာရင်းပါသူတွေလည်း နေအိမ်တွေမှာဝင်ဖမ်း မိတာလည်းရှိ မမိတာလည်းရှိ။ ခုတခါကျတော့ ဖမ်းလို့လည်းလူမရတော့ ငွေပေးငှားဖို့ ပိုက်ဆံကောက်လာပြန်တယ်"

မင်းတုန်းမှာ အမျိုးသမီးတွေအပါအဝင် ပြည်သူ ၃၀ နီးပါး ပေါ်တာဆွဲခံရ

“ဂိတ်တွေကနေလည်း စောင့်ဖမ်းတယ်၊ ရွာတွေထဲ ဝင်ဖမ်းတာတွေလည်း ရှိတယ်၊ သူတို့ဆွဲတဲ့ချိန် ရွာသူရွာသားတွေက ပုန်းရှောင်နေရတဲ့အဆင့်ထိ ရောက်တယ်၊ ပေါ်တာဆွဲတဲ့အနေထားက တော်တော်ဆိုးပါတယ်၊ မြို့ပေါ် ရပ်ကွက်က အယောက် ၃၀ လောက်ပါတယ်၊ အမျိုးသမီးတွေကိုပါ ဆွဲတာ။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10