စစ်ကောင်စီကန့်သတ်ထားတဲ့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ရေဘေးသင့်ပြည်သူတွေကို တော်လှန်ရေးအင်အားစုတွေက ကယ်ဆယ်နေရာချထားပေး (ရုပ်/သံ)
ကူညီကယ်ဆယ်ပေးနေရာမှာ ကီးကူစစ်ကြောင်း၊ ပုဝါနီစစ်ကြောင်း၊ ၃၅၀၁ တပ်ခွဲ ၄၊ နေပြည်တော်တပ်ရင်း ၉၀၁၊ ၉၀၂၊ တပ်ရင်း ၈၀၄ တို့က ရဲဘော်တွေ ပူးပေါင်းကူညီပေးနေကြတာဖြစ်ပြီး စစ်တောင်းမြစ်ဒေသကို စစ်ကောင်စီတပ်တွေက တားဆီးကန့်သတ် ပိတ်ပင်ထားသလို စစ်ဆိုင်ထားတဲ့ဒေသတွေလည်းပါတယ်လို့ သိရပါတယ်။