သတင်းတို

လာမယ့်နှစ်မှာ ရွေးကောက်ပွဲလုပ်ဖို့ ကြိုတင်ပြင်ဆင်နေပြီလို့ စစ်ခေါင်းဆောင် ပြောဆိုပြန်

စစ်ခေါင်းဆောင်က ၄င်းတို့အနေဖြင့် လာမယ့်အောက်တိုဘာလအတွင်းမှာ လူဦးရေနဲ့သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးဆောင်ရွက်လျက်ရှိပြီး လာမယ့် ၂၀၂၅ ခုနှစ်အတွင်းမှာ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ပြောဆိုခဲ့တာပါ။

နတ်တလင်းမြို့အုပ်ချုပ်ရေးအဖွဲ့က KTV ညလုံးပေါက်သီဆိုကြလို့ မြို့ခံတွေအခက်တွေ့

“မူးရူးပြီး သံသေးသံကြောင်နဲ့ သီချင်းဆိုနေတာကြတာ။ အနီးဝန်းကျင်က လူတွေ ဘယ်လိုမှ မခံနိုင်ဘူး။ အသက်အရွယ်ပိုင်း ကြီးသူတွေရော ကျောင်းသားလေးတွေရောရှိနေတာ အားလုံး ဒုက္ခ‌ရောက်ကြတယ်။ တိုင်မယ်လုပ်တော့လည်း ညဉ့်နက်သန်းခေါင်လာသူတွေက KTV ပိုင်ရှင်နဲ့ ပိုင်ရာဆိုင်ရာ(စစ်အုပ်စုဝင်)တွေဖြစ်နေတော့။ ပြည်သူတွေ ဘယ်သူ့ အားကိုးရမလဲ”

ပစ်မှတ်ကိုတိကျစွာပစ်နိုင်ဖို့ စစ်ခေါင်းဆောင်တွေကို ရုပ်ပုံပစ်မှတ်လုပ်ပြီး လေ့ကျင့်

" စစ်ခေါင်းဆောင်ပုံတွေ ချိတ်ဆွဲရထားတာက သာမန်ထက် စိတ်ခံစားချက်ပြင်းပြီး ဒေါသဖြစ်၊ ဝမ်းနည်းနေတဲ့အချိန်မှာတောင် ပစ်မှတ်ကိုမှန်အောင် ပစ်နိုင်ဖို့ပါ"

ရိက္ခာပြတ်လို့ ရိက္ခာထွက်ရှာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ၊ ၃ ဦးသေဆုံး MA 1 ၂ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

"ပစ်ခတ်တိုက်ခိုက်ချိန်က ၁၅ မိနစ် လောက်ကြာတယ်၊ ၁၅ ယောက်ထဲက ၃ ကောင်နေရာမှာ ပွဲချင်းပြီးသေတယ်"

အမျိုးသမီးနဲ့ UG တွေအတွက် အမရအစစ်သည်တော်အဖွဲ့က ပစ္စတိုအသေးထပ်မံထုတ်လုပ် (ရုပ်/သံ)

လက်နက်ကြီး လက်နက်ငယ်တွေ ထုတ်လုပ်ပြီးထောက်ပံ့နေတဲ့ အမရစစ်သည်တော်အဖွဲ့က ထပ်မံ ထုတ်လုပ်အောင်မြင်ခဲ့တာဖြစ်ပြီး လက်တဝါးစာအရွယ်အစားပဲရှိပါတယ်။

စစ်မှုထမ်းဥပဒေကိုရှောင်ပြီး PDF တွေဆီရောက်လာတဲ့ လူငယ်‌ ၄ ဦးထွက်ပြေး၊ စစ်ကောင်စီက PDF တွေ အလင်းဝင်တယ်ဆိုပြီး အခမ်းအနားနဲ့ကြိုဆို

“ PDF တော့ မဟုတ်ဘူးပေါ့။ သင်တန်းတက်နေရင်းကနေ မပြီးမြောက်သေးဘဲ ထွက်ပြေးသွားတဲ့ ကလေးတွေပေါ့ ”

ကျွန်းလှနယ်က စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ ကျောင်းဆင်းထားလို့ ကလေးများ အသက်ဘေးက လွတ်မြောက်

" ကျောင်းသားတွေက တယောက်မှ မထိလိုက်ဘူး။ ကျောင်းဆင်းပြီး ၅ မိနစ်လောက်မှာ လာကြဲသွားတာ။ ကျောင်းကတော့ ရစရာမရှိတော့ဘူး။ လေယာဉ်သတင်းကြားကတည်းက ကလေးတွေကို အကုန်ပေးပြန် လိုက်တာ"

၅၀၀ - ၁၀၀၀ ကျပ်ကစပြီး ထောက်ပံ့လို့ရတဲ့ RKDF တပ်ဖွဲ့ရဲ့ ကမ်ပိန်းကာလ ထပ်မံတိုးမြှင့် (ရုပ်/သံ)

ကမ်ပိန်းကို ၂၀၁၄ မေ ၈ ရက်ကနေ ဇွန် ၈ ရက်အထိ ပြုလုပ်ခဲ့ရာ ၄၅ ရာခိုင်နှုန်းခန့်သာ ရရှိခဲ့တဲ့အတွက် ဇွန် ၈ ရက်ကနေ ဇူလိုင် ၈ ရက်အထိ သိန်း ၁၀၀၀ ပြည့်မီဖို့အတွက် ကမ်ပိန်းကာလကို ရက်ထပ်တိုးရတာ ဖြစ်ပါတယ်။

ဘုတလင်မြို့နယ်အတွင်း စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ ဒေသခံ ၂ ဦးသေဆုံး

ဇွန် ၁၃ ရက် ည ၇ နာရီ ၂၅ မိနစ်အချိန် တံတားဦးလေဆိပ်ကထွက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးထဲက ၁ စီးဟာ ညောင်ကုန်းရွာဝန်းကျင်ကို ဗုံးကြဲချခဲ့တာကြောင့် ရွာအပြင်သို့ ထွက်ပြေးတိမ်းရှောင်ကြတဲ့ ညောင်ကုန်းရွာက အသက် ၅၀ အရွယ် ဦးမင်းငြိမ်းဟာ ဦးခေါင်းပြတ်ထွက်သွားပြီး ဇနီးဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဒေါ်စန်းစန်းဌေးကတော့ ဦးခေါင်းညာဘက်ခြမ်းပွင့် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

နန့်စီးအောင် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီက VPN တွေစစ်ဆေးပြီး ဖမ်းဆီးငွေတောင်းနေ

“ဒီမနက်မှ စ,စစ်တာ၊ ခရီးသွားတွေဆီက VPN ဆော့ဝဲလ် မိရင် ၅ သောင်း တောင်းတယ်။ အသိတယောက်ဆို VPN စစ်နေတာတွေ့လို့ ပြန်လှည့်ပြေးခဲ့ရတယ်။”

ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးနေရာမှာဝင်လုပ်တဲ့ အုပ်ချုပ်ရေးမှူး ထပ်ပြီးအသတ်ခံရ

“ယာထဲကနေ ဟင်းသီးဟင်းရွက်တွေ ခူးပြီးပြန်လာတာကို ရှေ့တည့်တည့်ကနေပစ်တာ ရင်ဘတ်ကို သုံးချက်ထိသွားတယ် “

မကွေးမှာ စစ်ကောင်စီက VPN အပြင် UID စမတ်ကဒ်တွေပါ စစ်ဆေးနေ

"အရင်ကစစ်တာက ဆိုင်ကယ်နဲ့ပတ်သက်တာ မပြည်စုံရင်ဖမ်းတယ်။ ငွေတောင်းတယ်။ လက်နက်ပါ မပါစစ်တယ်၊ ဒီလောက်ပဲ။ အခုက ဖုန်းပါတောင်းစစ်တယ်။ VPN ပါရင် ငွေတောင်းပြီးသားပဲ။ ဒီကြားထဲ စမတ်ကဒ်ပါ တောင်းစစ်တယ်။ စမတ်ကဒ်နဲ့ပတ်သက်ပြီးတော့ ပါလား မပါရင် နောက်တစ်ခါလမ်းထွက်ရင်ယူလာ ဘာညာဆိုပြီး ပြောတာရှိတယ်"

စဉ့်ကူးတိုက်ပွဲမှာ စစ်သားနဲ့ပျူစောထီး ၄ ဦးသေပြီး ၂ ဦးဒဏ်ရာရ

" ဝင်လို့ရမယ်ထင်ပြီးတော့ အထင်သေးလို့ ဝင်တာပေါ့။ ဒီဘက်က စက်လတ်နဲ့ကုတ်လိုက်တော့ သူတို့ဘက်က အထိနာတယ်။ နောက်ပြန်ဆုတ်သွားတယ်"

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် တနိုင်ငံလုံးအတိုင်းတာနဲ့ ပန်းသပိတ်ပြုလုပ်ဖို့ သပိတ်အင်အားစုတွေ တိုက်တွန်း

“စစ်ကောင်စီက ပြည်သူလူထုအပေါ်ကို အရှိန်မြှင့်ပြီး ဖိနှိပ်နေတဲ့ ကာလဖြစ်တယ်။ ဒီလိုအချိန်ကာလမှာ စစ်အာဏာရှင်တွေ ပြုသမျှ “ငုံ့မခံဘဲ” စုစုစည်းစည်းနဲ့ တုန့်ပြန်ကြရမယ့် အချိန်ရောက်ပြီလို့ ပြောချင်ပါတယ်။ အဲ့ဒီအတွက် ပန်းသပိတ် လှုပ်ရှားမှုတွေကနေ စစ်အာဏာရှင်တွေ ပြုတ်ကျသွားအောင်အထိ ကျနော်တို့ ပြည်သူလူထုကိုယ်တိုင် နည်းလမ်းမျိုးစုံနဲ့ တုန့်ပြန်ကြဖို့ အရေးကြီးပြီလို့ တိုက်တွန်းချင်ပါတယ်။"

အခုနှစ်အတွင်း စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် ပြည်သူ ၃၇၀ ခန့်သေဆုံး

စစ်ကောင်စီဟာ လေကြောင်းအသုံးပြုတာ၊ စစ်ကြောင်းထိုးဝင်ရောက်တာ၊ လက်နက်ကြီးအသုံးပြုတာအပြင် အခြားပုံစံတွေနဲ့လည်း လူ ၅ ဦးနဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ၂၀၂၄ ဇန်နဝါရီမှ ဧပြီလ အတွင်း ဖြစ်စဥ်ပေါင်းအနည်းဆုံး ၄၆ ခု ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ စုစုပေါင်း ၃၆၉ ဦးကို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10