သတင်းတို

ဒိုက်ဦးထောင်မှာ နိုင်ကျဥ်းအမျိုးသမီး ၈၀ ကျော်ရိုက်နှက်ခံရပြီး ၅ ဦးဒဏ်ရာပြင်းထန်ရ

ကျိုက်မရောထောင်ကနေ ပြောင်းရွှေ့လာတဲ့ နိုင်ငံရေးအကျဥ်းသူ ၃၀ ကျော်နဲ့ ဒိုက်ဦးထောင်မှာရှိတဲ့ နိုင်ငံရေး အကျဥ်းသူဟောင်း ၅၀ ကျော်ကို ဦးစီးအရာရှိ ကျော်ဇေယျ၊ မျိုးသီဟအောင် (၁ ပွင့်)၊ မင်းဇော်သိန်း (၁ ပွင့်)၊ အဆောင်မှူး ကိုလေးမြင့်တို့က ဦးဆောင်ကာ အမျိုးသားဝန်ထမ်း ၂၀ ခန့်က သေနတ်ပစ်ဖောက်ပြီး လေးခွနဲ့ ပစ်တာ၊ ရာဘာတုတ်၊ သစ်သားတုတ်၊ ကျစ်ကြိုး စတာတွေနဲ့ ရိုက်နှက်ခဲ့တာအပြင် ကျဥ်စက်နဲ့ တို့တာတွေလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးမှာ ပန်းပန်တဲ့အမျိုးသမီး တဒါဇင်လောက်ကို စစ်တပ်က ဖမ်းဆီး

"အရပ်ဝတ်တွေ ချထားတာ။ အဲဒီလူတွေက သတင်းပေးပုံပဲ။ ဆိုင်ထဲအထိ ဝင်ဖမ်းတာ"

ပြည်မြို့နယ်မှာပြုလုပ်တဲ့ သံမဏိနှင်းဆီ ပန်းသပိတ်

" ပြည်မြို့နယ်ကပြည်သူတွေပါဝင်သလိုပဲ တော်လှန်ရေးပြီးဆုံးအထိ မြန်မာတနိုင်ငံလုံးနဲ့အတူ အညာသူအညာသားဒေသသူတွေနဲ့အတူ ရပ်တည်နေတယ်ဆိုတာ ပြောချင်တယ်"

ဝက်လက်မြို့ပေါ်ကို ပန်းပန်ပြီး ဈေးလာဝယ်တဲ့ အမျိုးသမီး ၄ ဦးကို စစ်တပ်က ဖမ်းဆီး

" ဖမ်းဆီးခံရတဲ့ သူတွေက ဘယ်သူဘယ်ဝါလဲဆိုတာတော့ ကျနော်တို့လည်း လိုက်ထောက်(စုံစမ်း)နေတုန်းပဲ။ မြို့ပေါ်မှာ သူတို့(စစ်ကောင်‌စီ)တွေ အင်အားတွေဖြန့်ထားတယ်။ လိုက်ပတ်နေတယ်၊ ကပ်လို့တောင်မရသေးဘူး"

ခရီးသည်တင်ကားခေတ္တရပ်နားချိန် အပေါ့ဆင်းသွားတဲ့အမျိုးသမီး ကားတိုက်ခံရပြီးသေဆုံး

"သူက လူများလို့နေမယ်။ ကားအနီးမှာအပေါ့မသွားဘဲ လမ်းတဖက်ကြောကိုကူးပြီး သွားတယ်။ အပေါ့သွားပြီး ပြန်လာချိန် လမ်းအကူးမှာ ရန်ကုန်ဘက်ကနေ မန္တလေးဘက်သွားတဲ့ကားက ဝင်တိုက်တာ။ ကားတွေကအရှိန်မြန်၊ မှောင်ကလည်းမှောင်နေတော့ တိုက်မှန်းတောင်မသိကြဘူးထင်တယ်။ ပြီးတော့ တစီးပြီး တစီးတက်ကြိတ်သွားတာ ခန္ဓာကိုယ်ကကြေမွနေတာပဲ"

ကျေးရွာပအဖတွေပါ နုတ်ထွက်ခဲ့ကြတဲ့ ထီးချိုင့်နယ်ပသုံးလုံးရဲ့ လမ်းသစ်စီမံကိန်း

“ ပြည်သူတွေကလက်မခံတာကို အားတမ(အဓမ္မ)ပဲဖောက်တာ။ ဒါဟာမတရားမှုပဲဆိုပြီး ကျနော်တို့က ပြည်သူတွေဘက်ကို မျက်နှာမူပြီး ပြည်သူနဲ့တသားတည်း ရပ်တယ်။ ပြည်သူကို မျက်နှာလည်း မပြရဲတော့ဘူး၊ ရှက်စရာလည်းကောင်းတယ်။ မင်းတို့ အဖွဲ့အစည်းအောက်မှာ မလုပ်နိုင်တော့ဘူးဆိုပြီး နုတ်ထွက်လိုက်တာပါ”

ကနီနယ်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမျိုးသမီးတွေဦးဆောင်ပြီး နှင်းဆီ ၁,၀၀၀ နဲ့ ပန်းသပိတ်ပြုလုပ်

"လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ မွေးနေ့အထိမ်းအမှတ် အနေနဲ့လုပ်တာပါ"

စစ်ဘေးသင့်စာသင်ကျောင်းမှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်

ဒီပွဲကို S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ ကဦးစီးကျင်းပခဲ့တာဖြစ်ပြီး ဒေသခံပြည်သူအချို့နဲ့ ကျောင်းသား၊ကျောင်းသူတွေကလည်း အင်္ကျီအဖြူဝတ်ဆင်ပြီး နှင်းဆီးပန်းတွေ ကိုင်ဆောင်ကာ အထိမ်းအမှတ်အဖြစ် မွေးနေ့ကိတ်ခွဲခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်သူ့စစ်တွေအတွက် ရိက္ခာပို့တဲ့စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲခံရ သေဆုံးဒဏ်ရာရသူများရှိ (ရုပ်/သံ)

"မှတ်တမ်းယူထားတာ မြင်ရတာတော့ ဒဏ်ရာရတဲ့စစ်သားတွေ ထမ်းပိုးသွားတာမြင်ရတယ်။ နယ်မြေရှင်းကြည့်တော့ သွေးကွက်တွေလည်းတွေ့တယ်။ ၂ ဦးသေပြီး ၁၁ ဦးလောက်ဒဏ်ရာရတယ်"

ကနီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ညသပိတ် ပြုလုပ်(Photo News)

ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစုနဲ့ ပြည်သူတွေ ဦးဆောင်ပြီး မွေးနေ့ရှင် ဘေးကင်း ကျန်းမာစေဖို့ ဆုတောင်းရင်း DASSK 79 စာတန်းကို ဆီးမီးတွေနဲ့ ပုံဖော်ခဲ့တဲ့အပြင် “ ငါတို့သည် ဒေါ်အောင်ဆန်းစုကြည်များ” ဘန်နာစာတမ်း ကိုင်ဆောင်ကာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ ပြုလုပ်ခဲ့ကြတာလို့ သိရပါတယ်။

ဘုန်းကြီးမောင်းလာတဲ့ကား သစ်ပင်ဝင်တိုက်ပြီး ၅ ဦးဒဏ်ရာရ

"ဆိုင်ကယ်သမားက ကားလမ်းဘက်ခြမ်းဝင်လာလို့ ကားကရှောင်လိုက်တာ။ အရှိန်လည်းပါနေတော့ ရုတ်တရက်ဆိုတော့ လမ်းဘေးသစ်ပင်ဝင်တိုက်တာ။ ဖြစ်ချင်တော့သစ်ပင်မှာက နွားတကောင်ကို ချည်ထားတာ။ နွားကိုပါကားက တိုက်မိသွားတာ"

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို ရံပုံငွေဘောလုံးပွဲ ဘန်ကောက်မှာ ပြုလုပ်

မွေးနေ့ပွဲအကြို အဖြစ် "အမေစုဖလား" လို့ အမည်ပေးထားတဲ့ ဘောလုံးပွဲကို ဇွန်လ ၁၆ ရက်က ဘန်ကောက်မြို့မှာ ပြုုလုပ်ခဲ့တာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်း သူ/သားတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ မြန်မာရွေ့ပြောင်းလုပ်သားတွေ စုစုပေါင်းအင်အား ၇၀၀ ခန့်တက်ရောက်ခဲ့ကြတယ်

ရေဦးမှာ စစ်တပ်ကပစ်တဲ့လက်နက်ကြီးထိလို့ အမျိုးသားတဦးသေဆုံး

အဲ့ဒီအမျိုးသားဟာ ဆေးခန်းကိုခေါ်သွားတဲ့လမ်းမှာ သေဆုံးခဲ့တာဖြစ်ပြီး အသက် ၁၉ နှစ်အရွယ် သူ့သမီးဖြစ်သူလည်း ခါးအောက်ပိုင်းမှာ မစိုးရိမ်ရဒဏ်ရာရခဲ့တဲ့အတွက် လက်ရှိအချိန်ထိ ဆေးကုသပေးနေရတယ်လို့ ဆိုပါတယ်။

နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင် ၇၀၀၀ ကျော်အတွက် မြေနေရာအရေးပေါ်လိုအပ်နေ

"စစ်ရှောင်အများစုက ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနဲ့ခရစ်ယာန်ကျောင်းတွေမှာနေကြတာ။ နေလာတာလည်း ကြာလာတော့ လက်ခံထားနေရာက သူတွေအတွက်ကလည်းအဆင်မပြေ၊ အချို့နေရာတွေဆို အမိုးအကာမလုံတော့အဆင်မပြေ။ အိမ်ငှားနေရတဲ့သူတွေအတွက်ကလည်း ငှားခ စျေးကြီးတော့ ရေရှည်အတွက်အဆင်မပြေတာတွေဖြစ်လာတာ"

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြို Zero ပြောက်ကျားတပ်မှ ခမောက် ၃၅ လုံး နှင်းဆီအပွင့် ၅၀၀ ကျော်ဖြင့်ဂုဏ်ပြု (ရုပ်/သံ)

၂၀၂၄ ခုနှစ် ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည် အသက် ၇၉ နှစ်ပြည့် မွေးနေ့ကို မြင်းခြံခရိုင် Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ က ခမောက် ၃၅ လုံး နှင်းဆီပန်း အပွင့် ၅၀၀ ကျော်ဖြင့် မွေးနေ့အကြို အခမ်းအနားပြုလုပ်ကာ ဂုဏ်ပြုခဲ့ကြပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10