လက်ပံတိုရေနံမြေကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲ၊ PDF တွေက မီးငြှိမ်းသတ်ခဲ့ရ (ရုပ်/သံ)
ဧပြီ ၂၃ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ပေါက်မြောက်ပိုင်း၊ လက်ပံတိုရေနံမြေစခန်းရှိ MOGE မန်နေဂျာရုံး၊ ပစ္စည်းဌာန၊ အုပ်ချုပ်ရေးရုံး၊ ပစ္စည်းစတိုရုံး၊ အထွေထွေမန်နေဂျာရုံး၊ ထုတ်လုပ်ရေးရုံး၊ သယ်ပို့စက်ပြင်ရုံးနဲ့ အင်ဂျင်နီယာရုံး တို့ကို စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ ဗုံးကြဲခဲ့တာလို့ BLY-ပြောက်ကျားတပ်ဖွဲ့ ရဲဘော်တဦးက ပြောပါတယ်။