သတင်းတို

ညောင်ဦးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးမိသားစု ပစ်သတ်ခံရ

"သူတို့သားအဖ ၃ ယောက်စလုံး စစ်မေးပြီးမှာ ခြံထဲမှာပဲ ပစ်သတ်ခံလိုက်ရတယ်လို့ သိရတယ်။ ပစ်ခတ်သွားတာကတော့ အချက်ရေများတယ်။ နေရာမှာပဲ ၃ ယောက်စလုံးသေသွားတယ်"

စစ်ရှောင်ပြည်သူ ၁၅၀ ကို ကျပ် ၁၀ သိန်းဖိုး ဆေးကုသပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျွန်းဦးတောကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူ ၁၅၀ ဦးကို ဇွန် ၂၄ ရက်မှာ ကျပ် ၁၀ သိန်းဖိုး ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ဆီက သိရပါတယ်။

မတ္တရာမှာတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်း၊ ကြည်းကြောင်းနဲ့ ပူးပေါင်းတိုက်နေ

တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာက လက်ရှိမှာ မတ္တရာမြို့နယ်အရှေ့ခြမ်းနဲ့ မန္တလေး-မိုးကုတ်ကားလမ်း အနီးဝန်းကျင်တွေမှာ ဇွန် ၂၅ ဒီနေ့မနက်မိုးလင်းကတည်းကစတင်ပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။

ကလေးဒေသတော်လှန်ရေးတပ် ဗဟိုလေ့ကျင့်ရေးဌာနက အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးဒေသတော်လှန်ရေးတပ် Kalay Revolution Force (KRF) ဗဟိုလေ့ကျင့်ရေးဌာန၊ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲကို ဇွန်လ ဒုတိယအပတ်မှာ ကျင်းပခဲ့ပါတယ်။

မြင်းမူမြို့ပေါ်မှာ ကင်းလှည့်နေတဲ့စစ်ကောင်စီကားတွေ မိုင်းဆွဲခံရလို့ ကား ၂ စီးပျက်စီး

“ကြံ့ခိုင်ရေးရုံးရှေ့မှာ ကျနော်တို့က မိုင်းဆွဲခဲ့တာ။ ပထမအစီးနဲ့ ဒုတိယအစီး ၂ စီးအကြားမှာ မိုင်းဆွဲခဲ့တာ။ ပထမကားက ကားရဲ့နောက်ပိုင်းကိုထိသွားပြီး ဒုတိယမြောက်ကားကတော့ ကားရဲ့ဘန်ကာတွေ အကုန်လုံးပျက်စီးသွားတယ်၊ အမိုးတွေပါ ပွင့်ထွက်သွားတယ်”

ကလေးဒေသတော်လှန်ရေးတပ် ဗဟိုလေ့ကျင့်ရေးဌာနက အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

“ဗဟိုလေ့ကျင့်ရေးဌာနကတော့ KRF ရဲ့ လေ့ကျင့်ရေး၊ သင်တန်းလုပ်ငန်းကိစ္စတွေကို အဓိက တာဝန်ယူဆောင်ရွက်တဲ့ ဌာနဖြစ်တယ်။ အခုသင်တန်းဆင်းပွဲမှာ ပထမဆုံးပြုလုပ်တဲ့ သင်တန်းပါ။ စကစရဲ့ စစ်မှုထမ်းဥပဒေ ထွက်ပေါ်ပြီးနောက် ဆက်သွယ်ဝင်ရောက်လာတဲ့ လူသစ်တွေကိုပေးတဲ့ သင်တန်းဖြစ်ပါတယ်”

ကျောက်တံခါးမြို့ပေါ်ရပ်ကွက်ထဲ လက်နက်ကြီးကျလို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

"လက်နက်ကြီးမကျခင် နာရီပိုင်းလောက်က ရွှေဘုန်းတိုးစကစဂိတ်ဘက်မှာ ပစ်ခတ်မှုတွေဖြစ်တယ်လို့ သိရ တယ်။ အဲဒီဘက်ကနေ အကြီးအသေးအသံအစုံပဲ ကြားရတယ်။ အဲ့ဘက်က ပစ်ခတ်မှုဖြစ်ပြီး ရပ်ကွက်ထဲ လက်နက်ကြီးကျတာပဲ "

စစ်ရှောင်အိမ်ထောင်စု ၂၀၀ ကို စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ စားနပ်ရိက္ခာထောက်ပံ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နဲ့ ခင်ဦးမြို့နယ်က စစ်ဘေးရှောင် မိသားစု ၂၀၀ အတွက် စားနပ်ရိက္ခာ ကျပ်သိန်း ၁၀၀ ဖိုး ထောက်ပံ့ပေးခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က ဇွန် ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒိုက်ဦးမှာ အုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရလို့ သေဆုံး

"သူ့ကိုစောင့်ကြည့်နေတာဖြစ်မယ်။ သူလာမယ်မှန်းသိလို့ မျက်နှာချင်းဆိုင် ဆိုင်ကယ်နဲ့ မောင်းလာပြီး ပစ်သွားတာ။ နေရာမှာပဲ လဲကျသွားတယ်။ သူက ဘူတာဘက်က ရထားလမ်းကင်းကို စစ်ပြီးပြန်လာတာလို့ သိရတယ်။ "

ညောင်လေးပင်မှာ အမျိုးသား ၁ ဦးကို ပျူစောထီးတွေ ဖမ်းဆီးရိုက်နှက်လို့ သေဆုံး

“(ဦးစိန်လွင်က) အရက်တွေမူးလာရင် သူတို့(မျိုးခိုင်ချမ်း)အဖွဲ့ နဲ့ အတိုက်အခံပြောတာမျိုးတွေရှိတယ်။ ဖမ်းဆီးသွားပြီးတော့ မျိုးခိုင်ချမ်းအိမ်ရှေ့က ဆွမ်းလောင်းဓမ္မာရုံရှိတယ်။ အဲ့မှာ ချုပ်နှောင်ပြီး ရိုက်ကြတယ်”

တိုက်ပွဲမှာ လေးခွနဲ့ပစ်နေတဲ့ တော်လှန်ရေးရဲဘော် (ရုပ်/သံ)

တိုက်ပွဲအတွင်းမှာ Defender Of Motherland Force တပ်ဖွဲ့ကရဲဘော်အချို့ဟာ ကျည်ဆန်ကုန်သွားတာ‌ကြောင့်လေးခွနဲ့ပစ်ကာ ဆက်လက်တိုက်ပွဲခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆင်ပေါင်ဝဲမှာ ရဲတဦးရဲ့မိခင် အသတ်ခံရ

"သိရသလောက်က သေဆုံးသူအမျိုးသမီးမှာ ဓားခုတ်ခံထားရတဲ့ဒဏ်ရာတွေရော သေနတ်နဲ့ ပစ်ခတ်ထားတဲ့ ဒဏ်ရာတွေရောရထားလို့ ဒဏ်ရာဒဏ်ချက်ကများတော့ နေရာမှာပဲ သေသွားတယ်"

နင်းမိုင်းပြင်ဆင်ချိန် မိုင်းကွဲပြီး ရဲဘော် ၁ ဦးကျဆုံး၊ ၃ ဦးဒဏ်ရာရ

“ဘေးက ရဲဘော်တွေကတော့ နည်းနည်းတော့ထိတာပေါ့။ ကိုယ်တိုင်လုပ်တဲ့ မိုင်းတွေပါ။ အစစ်ကတော့ တော်တော်တန်တန် save ဖြစ်တာပေါ့။ လက်လုပ်ကတော့ ထင်သလောက်တော့ save မဖြစ်ဘူး။ ကျနော်တို့မှာ လက်လုပ်ပဲလုပ်နိုင်တာဆိုတော့ လက်လုပ်နဲ့ပဲအဆင်ပြေအောင်လုပ်ရတာပေါ့။ မိုင်းကကြီး‌တော့ လူက ရုပ်မပေါ်ဘူး။ တစစီ ကောက်ခဲ့ရတာ”

နေရပ်မပြန်နိုင်သေးသည့် စစ်ကိုင်းတိုင်းမှ စစ်ရှောင်များ (Photo News)

စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့၏ တိုက်ပွဲများ၊ စစ်ကောင်စီ တပ်သားများ၏ စစ်ကြောင်းထိုးတိုက်ခိုက်မှုများ၊ နေအိမ်မီးရှို့ဖျက်ဆီးခံရမှုများကြောင့် သိန်းနှင့်ချီသည့် ဒေသခံများမှာ ၎င်းတို့ပိုင်ဆိုင်သည့် အိုးအိမ်၊ လယ်ယာများကို စွန့်လွှတ်ကာ ဘေးကင်းလုံခြုံမည့်ဒေသသို့ တိမ်းရှောင်နေထိုင်နေရခြင်းဖြစ်သည်။

အင်းတော်မှာ လေယာဉ်နဲ့ဗုံးကြဲလို့ ဘုန်းကြီး ၁ ပါးနဲ့ ကလေးငယ် ၁ ဦး အပါ ပြည်သူ ၁၇ ဦး သေဆုံး

“ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲချသွားတာ၊ PDFတွေရှိတဲ့နေရာကိုကြဲတာကို မှားပြီးတော့ စစ်တပ်အထိုင်ချထားတဲ့ ဘုန်းကြီးကျောင်းကို ကြဲမိတာ။ အဲ့မှာ ပြည်သူတွေပါ သေသွားတာ။ သေတဲ့သူ တော်တော်များများက မိသားစုဝင်တွေ များတယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10