သက်တော် ၁၀၇ နှစ်ရှိ ပန်းတောင်းမြို့နယ်သံဃနာယကဩဝါဒစရိယဆရာတော်ကြီး ပျံလွန်တော်မူ
“ဆရာတော်ကြီးက လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက လမ်းမလျှောက်နိုင်တာ၊ ဆွမ်းဘုန်းတော့ ပေးနိုင်တယ်။ ပျံတော်မမူခင်တလလောက်ကစပြီး အစာလည်းမဝင် ရေလည်းမဝင်တော့တာ အဖတ်တွေဆို ထွေးထုတ်ပစ်တယ်။ Ensureတွေ အားဆေးတွေ အကြောဆေးတွေနဲ့ထားရတာ “ လို့ ဆရာတော်ကြီးရဲ့ တပည့်ရဟန်းတပါးက မိန့်ပါတယ်။