သတင်းတို

ပြည်သူ့ဒီမိုကရက်တစ်တပ်တော်က ရဲဘော်မဟောက် ကျဆုံးခြင်းတလပြည့် အခမ်းအနားပြုလုပ် (ရုပ်/သံ)

ရဲဘော်​မဟောက်ဟာ မြိုင်နယ်ထဲက ကိုင်းတောမရဲစခန်းနဲ့ ရေစက်အထိုင်စခန်းတို့ကို ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့မှာ တော်လှန်ရေးပူပေါင်းအဖွဲ့တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့စဥ် ကျဆုံးခဲ့တာဖြစ်ပါတယ်။ ရဲဘော်မဟောက်ရဲ့ဈာပနကို သြဂုတ် ၆ရက်မနက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြင်းခြံနယ်က ပျူစောထီးဂိတ် ပစ်ခတ်ခံရပြီး ၂ ဦးသေ သေနတ် ၃ လက်ရ

“ သေနတ်က ၃ လက်ပဲရခဲ့တယ်။ မြေပေါ်ကျကျန်တာ ၅ လက်ဗျ။ ၂ လက်က ပျူတွေထွက်ပြေးရင်း ကျကျန်တာဆိုတော့ ဝေးလည်းဝေးသွားပြီး ခမရ ၁၅ စစ်တပ်နဲ့နီးတဲ့ဘက်ရောက်သွားတော့ ပြန်ဆုတ်ခဲ့ရတယ်”

နတ်တလင်းမှာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကြေးဆိုကာ ကျပ် ၅ သောင်းကနေ ကျပ် ၁၀ သိန်းအထိတောင်းနေ

“အဓမ္မလိုက်စုနေတာ။ မရှိတဲ့သူတွေဆို ၅ သောင်း၊ သူဌေးအိမ်တွေကျ ၅ သိန်း ၁၀ သိန်း တောင်းတယ်။ လုပ်‌ငန်းပေါ်လိုက်ပြီး တောင်းနေတာ။ အိမ်ပေါက်စေ့ပဲ။ ဘာစာရင်းဇယားမှ မရှိဘူး။”

ရှင်မတောင် တောင်ပေါ်ကနေ တပ်ချိန်းပြီးဆင်းလာတဲ့စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး နယ်မြေရှင်းလင်းချိန် ခဲယမ်းပစ္စည်းတွေရရှိ

" တောင်ပေါ်စတက်ဖို့လုပ်တာကတော့ ဩဂုတ် ၂၈ နဲ့ ၂၉ ရက်မှာ တက်ဖို့လှုပ်ရှားနေတာ။ ၃၀ ရက်ညမှာ တက်ပြီး ချက်ခြင်းပြန်ဆင်းတယ်။ ၃၁ ရက် ညနေမှာ ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်တယ်။ လူချိန်းပြီးပြန်လာတဲ့ ခြေလျင်စစ်ကြောင်းပါ။ ထိခိုက်သေဆုံးမှုကတော့ အသေးစိတ် အတည်မပြုနိုင်သေးပါဘူး”

စစ်ရှောင် ဆင်ထိန်းမိသားစုနဲ့ ဆင်များကို PLA တပ်ရင်းက စောင့်ရှောက်ထား (ရုပ်/သံ)

မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် သစ်တောဝန်ကြီးဌာန၊ သစ်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆင်တွေအပါ၊ ဆင်အုပ်၊ ဆင်ထိန်းနဲ့ သူတို့ရဲ့မိသားစုတွေ ဘေးကင်းရာဒေသကို စစ်ရှောင်လာကြတယ်လို့ ပြည်သူ့လွတ်မြောက် ရေးတပ်မတော် People Liberation Army- PLA ဆီက သိရပါတယ်။

ရေတာရှည်မှာ စစ်ကောင်စီကဗုံးကြဲပစ်ခတ်လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေး ၂ ဦးဒဏ်ရာရ

"ရွာထဲကျတဲ့တလုံးက လက်နက်ကြီးလား၊ ဗုံးသီးလားတော့မပြောတတ်ဘူး။ အိမ် ၃ လုံးကြားထဲ ကျတယ်။ အိမ်တွေက ကျူထရံကာဆိုတော့ မြေပြင်ကိုကျပြီးမှာ ပေါက်ကွဲထွက်လာတဲ့အစတွေက ထရံတွေကိုဖောက်ပြီး အိမ်ထဲ အိပ်နေတဲ့သူတွေကို ထိတာ"

ပေါက်ခေါင်းက သေနတ်ကိုင်ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ဇနီး ပစ်သတ်ခံရ

“ခင်မောင်ဝင်းတို့ လင်မယားက ဆိုင်ကယ်နဲ့ သွားနေတာကို ပစ်ခဲ့တာ။ လင်ရောမယားရောပွဲချင်းပြီး သွားတာ။ သေနတ်နဲ့ပစ်တဲ့နေရာက ရဲကင်းနဲ့ အရမ်းနီးတော့ လက်နက်ကိုသေချာမရှာခဲ့ရဘူး”

ပလဖတပ်ဖွဲ့ဝင်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ၇ တန်းကျောင်းသားအတွက် အမှုမှန်ပေါ်ပေါက်ရန် မိသားစုတောင်းဆို

“ တိုင်ချက်ဖွင့်ပြီးတော့ အမှုစစ်တယ်။ ရက်လည်ပြီးတဲ့အချိန် မေးမြန်းစစ်ဆေးတာပါ။ အဲ့တခါ စစ်ပြီးကတည်းက ဘာတခုမှ သတင်းမရတော့ဘူး။ ဖြစ်ပြီးတဲ့နေ့မှာပဲ သူ့(ကျူးလွန်သူ)ကို ထိန်းသိမ်းထားတယ်လို့ ပြောတယ်။ ကျနော်တို့နဲ့လည်း မတွေ့ရဘူး။ ဝန်ကြီးဌာနကို တင်ထားတာက ကျည်ရှင်းရင်းနဲ့ထိသွားတာလို့ မဟုတ်မမှန် တင်ထားတယ်”

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က သေဆုံးခဲ့တဲ့ ရဲဘော်သန်းထိုက်ရဲ့ စျာပန

ရဲဘော်သန်းထိုက်ဟာ ပြီးခဲ့တဲ့သြဂုတ်လ ၂၇ ရက်က အရာတော်မြို့နယ်၊ အိုင်သာကျေးရွာနဲ့ ထန်းတောကျေးရွာကြားမှာ မြေပဲခင်းထဲမှာ ဦးနှောက်သေနတ်မှန်ဒဏ်ရာနဲ့သေဆုံးခဲ့တာကို ဒေသခံတွေကတွေ့ရှိခဲ့တာပါ။

MBT တပ်ရင်းရဲ့ အပတ်စဥ် ၁၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို နယ်မြေ ၂ ခုမှာပြုလုပ်

“ရှေ့တန်း စစ်မျက်နှာပြင်ရောက်နေတဲ့သူတွေက နဲနဲတော့စောတယ်။ ရှေ့တန်းစစ်မျက်နှာပြင်က လေယာဉ်တွေနဲ့ ခဏခဏဗုံးကြဲနေတာပေါ့။ အဲ့လိုအနေအထားတခုကြောင့် သင်တန်းဆင်းပွဲကို ကောင်းကောင်းလည်း မလုပ်ပေးနိုင်ခဲ့ဘူး။” လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

ရိုးလေးချောင်းအတွင်း ခုန်ချသွားတဲ့ လူငယ်တဦးကို ပြန်ရှာမတွေ့သေး

စက်တင်ဘာလ ၂ ရက် နေ့လယ် ၂ နာရီခွဲခန့်မှာ ကသစ်တန်းရပ်ကွက်နေ အသက် ၁၅ နှစ်အရွယ် မောင်အောင်ခန့်ကျော်ဟာ ရပ်ကွက်ထဲကနေ တဦးတည်းလာပြီး ရပ်ကွပ်အနီးရှိ ရိုးလေးချောင်းထဲကို ခုန်ချသွားတာလို့ ဒေသခံတဦးကပြောပါတယ်။

ကျောက်ပန်းတောင်းမှာ စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲလို့ အရပ်သားမိသားစုဝင် ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

“ပြည်သူ့နေအိမ် ၂ ထပ်တိုက် ၁ လုံးပေါ်ကျတာ၊ အဲ့ဒီ ၂ ထပ်တိုက်ကတော့ လုံးဝပျက်စီးသွားတယ်။ သေဆုံး တာလည်း ဒီတိုက်က မိသားစုဝင် ၄ ဦးပဲ၊ ဒဏ်ရာရတာကလည်း ဒီတိုက်က မိသားစုဝင် ၂ ဦးပဲ”

စစ်ရေးအရခရီးထွက်စဉ် ပိုင်ရှင်မသိဘဲ သီးနှံတွေချက်ပြုတ်စားခဲ့ရလို့ ငွေ ၁ သောင်း ထားခဲ့

“ ပြည်သူကကျွေးမှ စားရပါတယ်၊ ပြည်သူတွေပေးရင် ယူပါတယ်။ အခုက ပြည်သူ့ရဲ့ခွင့်ပြုချက်၊ သဘောတူညီချက်မပါဘဲ ပြည်သူ့ကိုလည်းခွင့်ပြုချက်တောင်းဖို့အတွက် လူလည်းမရှိ၊ ဆက်သွယ်လို့လည်း မရတာဖြစ်တဲ့အတွက် လိုအပ်ချက်အရ ဒီလိုမျိုးချက်ပြုတ်စားသောက်ခဲ့တာပါ”

PDF နဲ့အရပ်သားတွေကို သတင်းပေးဖမ်းဆီးခိုင်းနေတဲ့ သေနတ်ကိုင်အုပ်ချုပ်ရေးမှူး နေအိမ်မှာပစ်သတ်ခံရ

" သူက သူ့လုပ်ရပ်တွေကိုသိတော့ သတိအမြဲရှိနေတယ်။ ကျနော်တို့အဖွဲ့တွေရောက်သွားချိန် နေအိမ်ကနေ ထွက်ပြေးတာက လိုက်ဖမ်းပြီးပစ်ခတ်ရှင်းလင်းခဲ့တာ။ ရင်ဘတ်တည့်တည့်ကိုတချက်တည်း ပစ်ခဲ့တာ"

ကံကြီးကုန်းစခန်းကို PDFတွေ အပြီးသတ်သိမ်းပိုက်စဉ် စစ်တပ်က ကြည်း၊ ရေ ၊လေ ပစ်ကူနဲ့ ပြန်လည်ခုခံခဲ့

"အဲဒီ(သြဂုတ် ၃၀)နေ့လယ်မှာပဲ နမခ ကနေ Mi-35 ရောက်လာပြီးတော့ တနေကုန် Mi-35 နဲ့ လုံးဝ နောက်ပြန် မသွားဘဲနဲ့ ဝိုက်ဝိုက်ပြီးတော့ ကြဲပေးတယ်။ ပြီးတော့ နမခကနေ စစ်သင်္ဘောသုံးစီးနဲ့ တပ်ကူတန်းလာတာဗျ။ ဟောင်ဝစ်ဇာနဲ့လည်း တောက်လျောက်ပစ်ကူပေးတာ။ အဲ့တော့ ရဲဘော်တွေက ဆုတ်ပေးလိုက်ရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10