သတင်းတို

ကောလင်းမြို့အနီးက ကျေးရွာတွေကို စစ်တပ်က မီးရှို့၊ လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသားတဦး နှလုံးရပ်သေဆုံး

မတ်လ ၉ ရက် နေ့လယ် ၂ နာရီကျော်မှာလည်း ကောလင်းမြို့ထဲကနေ ဟောင်ဝစ်ဇာနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကောလင်းမြို့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာက ကုက္ကိုကုန်းကျေးရွာထဲကို လက်နက်ကြီးကျည်ကျရောက်ပြီး အသက် ၆၀ အရွယ်အမျိုးသားတဦး နှလုံးရပ်သေဆုံးသွားခဲ့သလို တိရစ္ဆာန်သေဆုံးမှုတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

လမ်းဟောင်းပေါ်မှာ နေပြည်တော်စစ်ရေးပြ လုံခြုံရေးရဲကို Expressကားက ဝင်တိုက်လို့ သေဆုံး

ခရီးသည်တင်ကားဝင်တိုက်မိလို့ ရဲတပ်ကြပ်မှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာရပြီး နေရာမှာပဲ သေဆုံးသွားပြီး ရဲအလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေကကောက်ယူပြီး နေပြည်တော်၊ ကုတင် ၁၀၀၀ ဆေးရုံကို သယ်ဆောင်သွားကြတယ်လို့ သိရပါတယ်။

ဝမ်းတွင်းမှာ တပ်မ ၉၉ တပ်သား ၁ ဦး ပစ်သတ်ခံရ

ဝမ်းတွင်းမြို့နယ်၊ ကျင်းရွာကနေ ပြန်လာတဲ့ တပ်သားသန့်ဇင်ထွေးကို မတ်လ၁၀ရက် ညနေ ၄ နာရီလောက်က ပင်းတလဲ-ဝမ်းတွင်းလမ်းပေါ်က ပြည့်ဝဘုရားအနီးမှာ ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းတွေနဲ့ CDF-KKG ဆီ အလင်းဝင်လာ

အသက် ၂၆ နှစ်အရွယ် ရဲတပ်သား ၁ ဦးက G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ဘောက်၊ ကျည်ဆန် ၃၃၀ ထောင့်၊ လက်ပစ်ဗုံး ၁ လုံးနဲ့အတူ CDF - KKG ဆီ အလင်းဝင်ခဲ့တာဖြစ်ပြီး အမည်ကိုတော့ လုံခြုံရေးအရ ဖော်ပြထားခြင်းမရှိပါဘူး။

တောင်ငူမှာ ကားတစီး သစ်ပင်ဝင်တိုက်လို့ ၆ ဦးဒဏ်ရာရ

"ကားပေါ်မှာက လူ ၆ ဦးပါတယ်။ စကားပြောရင်းမောင်းလာရာကနေ တိုက်တဲ့နေရာလည်း ရောက်ရော လမ်းဘေးထိုးကျပြီး သစ်ပင်ကိုဝင်တိုက်မိသွားတာ။ အရှိန်များတာလည်းပါတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

"လူထုကိုဖိနှိပ်မှုမှန်သမျှ ပြတ်ပြတ်သားသားဆန့်ကျင်ကြ" ခေါင်းစဉ်နဲ့ ဆားလင်းကြီးမှာ ဆန္ဒဖော်ထုတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ "တော်လှန်ပုန်ကန် ဒေါင်းတို့အားမာန်" သပိတ်စစ်ကြောင်းဟာ "လူထုကို ဖိနှိပ်သူမှန်သမျှ ပြတ်ပြတ်သားသား ဆန့်ကျင်ကြ" စာသားကိုင်စွဲပြီး အာဏာရှင်စနစ် တိုက်ဖျက်ရေး သပိတ်စစ်ကြောင်းကို ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။

ချောင်းဦးက စစ်ကောင်စီ တပ်စွဲနေရာ ၂ခု ဗုံးသီးချခံရပြီး စစ်သား ၁ဦးသေဆုံး (ရုပ်/သံ)

“ခရေဖြူဂိတ်ကတော့ လုံးလုံးမရှိတော့ဘူး၊ အကုန်လုံး ပြာကျသွားတာ၊ သူတို့ မီးသတ်ကားတွေနဲ့ ငြှိမ်းတော့ လာငြှိမ်းတယ်၊ ဒါပေမယ့် ငြှိမ်းလို့ မနိုင်လိုက်ဘူး၊ **ကတော့ ၁ ကောင်ကျတယ်၊ ၃ ကောင်က ပြင်းထန်ဒဏ်ရာရတယ်၊ ထပ်ကျ မကျတော့ မသိရသေးဘူး။”

ကျောက်တံခါးနယ်က ပျူစောထီးဆိုသူ အသတ်ခံရ

မင်းလှမြို့နယ်၊ မြို့ချောင်း - စိန်ကန့်လန့် ရိုးမဖြတ်လမ်း မိုင်တိုင်အမှတ် ၂၀ မှာ ကျောက်တံခါးမြို့နယ်၊ ဖအိုရွာက ပျူစောထီး ကိုလှဦးကို မတ် ၆ ရက် ည ၁၁ နာရီခွဲလောက်က သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ရဲဘော်ရိုးမမြေက ပြောပါတယ်။

ပလဖကို ဆန္ဒပြသူတွေထဲက အမျိုးသမီး ၁ ဦးကို ဆားလင်းကြီး ပလဖအဖွဲ့က ရိုက်နှက်ပြီး သေနတ်နဲ့ပစ်

ဆန္ဒဖော်ထုတ်ရာမှာ ခေါင်းဆောင်ပါဝင်ခဲ့တယ်ဆိုပြီး ဆားထုံးရွာက အမျိုးသမီး ၁ ဦးကို ပလဖ အဖွဲ့က ယနေ့ မတ် ၉ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့်မှာ နေအိမ်ကို လာရောက်ပြီး မေးမြန်း လက်ထိပ်ခတ်တာ၊ သေနတ်ဒင်နဲ့ ထုတာအပြင် လာရောက်ဖမ်းဆီးတဲ့ ပလဖ ရဲမေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာ ပါလာတဲ့ ရဲဝတ်စုံနဲ့ ပြောက်ကျားဝတ် သေနတ်ကိုင် အမျိုးသားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

လယ်ကွင်းမီးကနေ ကူးစက်ပြီး နေအိမ် ၁၀ လုံးမီးလောင်၊ PDF တွေကငြှိမ်းသတ်ပေးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်က ကျေးရွာတရွာမှာ လယ်ကွင်းပြင်မှာလောင်နေတဲ့မီးကနေ ကျေးရွာအတွင်းကနေအိမ်တွေကို မီးကူးဆက်လောင်ကျွမ်းခဲ့တယ်လို့ တောကျီးကန်း ၇ စစ်ကြောင်းအဖွဲ့ဆီက သိရပါတယ်။

ဟန်လင်းတိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

မတ် ၃ ရက်က ဟန်လင်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝက်လက်မြို့နယ်အတွင်းက တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မတ် ၄ ရက်မှာ ရဲဘော် ၇ ဦး ကျဆုံးခဲ့တာလို့သိရပါတယ်။

ထီးချိုင့်မြို့နယ်က ဖမ်းဆီးခံထားရတဲ့ဒေသခံတွေကို စစ်တပ်က ပြန်မလွှတ်သေး

"အေးလောက်ပြီဆိုပြီး ကိုယ့်နေရာ၊ သူ့နေရာလေးတွေ ပြန်ပြီးကြည့်ကြတဲ့သူလေးတွေပေါ့။ အဲဒီအထဲက သက်ကြီးရွယ်အိုတွေ လွှတ်ပေးလိုက်ပြီ။ လူငယ်တွေ ခိုင်းလို့ရတဲ့အရွယ်တွေ အကုန်ဖမ်းထားသေးတယ်လို့ သိရတယ်။ "

ဦးခေါင်းနှစ်လုံးနဲ့ မွေးလာတဲ့ ကလေး အကူအညီလိုအပ်နေ (ရုပ်/သံ)

မန္တလေးပြည်သူ့ဆေးရုံမှာ ဦးခေါင်းနှစ်လုံးနဲ့မွေးဖွားလာတဲ့ ကလေးငယ် အကူအညီလိုအပ်နေတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

"ပ" သုံးလုံးမှန်ကန်ရေး လူထုအားနဲ့ထိန်းကျောင်းဖို့ ပြောလိုက်တဲ့ သပိတ်ဦးဆောင်ကော်မတီဝင်

"အဲတော့ အဲဒီဟာတွေကို လွှတ်ထားလို့ သူတို့ကတော့ ပအဖမို့ကြောက်နေရတာ ပလဖမို့ဒါမျိုးမဟုတ်ဘဲ သူတို့တွေ မှန်ကန်လာအောင် ထိန်းကျောင်းရမှာ။ သူတို့လုပ်တဲ့အလုပ်တွေ လုပ်ငန်းတွေမှာ မှန်နေရင်လည်း ပူးပေါင်းဝန်းရံဖို့လိုတယ် မှားနေတဲ့အလုပ်ဆိုရင်လည်း ဒါလေးတော့ မလုပ်သင့်ဘူး ဒါလေးတော့ ဒီလိုဖြစ်သင့်တယ်ဆိုတာ ပြည်သူလူထုက မှန်ကန်ဖို့ ထိန်းကျောင်းဖို့ပြောရမှာ ဖြစ်တယ်။"

ပြည်မြို့က ဟိုတယ်ဟောင်းဝန်းအတွင်း မီးလောင်လို့ အဆောက်အဦ ၂ ခု ပျက်စီး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ မတ် ၉ ရက် ဒီမနက် ၁၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားပြီး အဆောက်အဦ ၂ လုံး ပျက်စီးသွားတယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10