သတင်းတို

ကနီမြို့ကနေ ဘာကြောင့် ပြန်ဆုတ်ခဲ့ရသလဲ၊ ရဲဘော်တွေပြောပြတဲ့ ကနီမြို့သိမ်းတိုက်ပွဲအကြောင်း

“ပထမတကြိမ် စစ်ကူ မလာခင်ထဲက ဆိုးအောက်(Sold Out)တွေအော်နေကြပြီ။ တကယ်တမ်းက မဖြစ်သင့်ဘူး။ မြေပြင်တိုက်နေတဲ့ ရဲဘော်တွေကျ အများကြီးအခက်ခဲဖြစ်တယ်။ ရှေ့ကတိုက်နေတဲ့ရဲဘော်တွေက အသက်နဲ့ ရင်းပြီး တိုက်နေတဲ့အနေထားမှာ လိုင်းပေါ်က လွယ်လွယ်လေးအော်လို့ရတယ်။ ကျဆုံးသွားမှ ဝမ်းနည်းပြတာက အဖြေမဟုတ်ဘူး။ စစ်ရေးဖြစ်တဲ့အတွက် လျှို့ဝှက်သင့်တာကို လျှို့ဝှက်ရမယ်။ ဒါမျိုးကျ တိုင်းရင်းသား လက်နက်ကိုင်တွေကို အတုယူသင့်တယ်။ သူတို့က နောက်ဆုံးရပြီဆိုမှ ရတဲ့အကြောင်းတင်တာ။ ကျနော်တို့ ဘက်ကကျ မရခင်ကတည်းက ရပြီအော်နေကြတာက ရန်သူကို ပိုပြီးဖိအားပေးသလိုဖြစ်သွားတယ်။ ကိုယ့်ဘက်ကို ပိုပြီးစစ်ရေးပစ်မှတ်ပေးသလို ဖြစ်စေတယ်။ သူတို့ဘက်ကို ငါတို့လည်းအသေခံတိုက်တယ်။ အပေါ်ကလည်း ရသလောက်ကူပေးဆိုတဲ့ ခံပြင်းစိတ်တက်သွားစေတဲ့ အနေထားတွေဖြစ်သွားတယ်။ ပျော်ရွှင်မှုရရမယ့်အစား ဝမ်းနည်းမှု ပြန်ရလိုက်တဲ့ အနေထားရှိတယ်။”

ယင်းမာပင်မှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၄ ဦးသေ၊ ၂၁ ဦးခန့်ဒဏ်ရာရ (ရုပ်/သံ)

နမခ ကနေ တပ်ဖွဲ့ဝင်အင်အား ၈၀ ခန့်ပါတဲ့ ကား ၄ စီးနဲ့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မတ် ၁၃ ရက် ညနေ ၄ နာရီခန့်မှာ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်ချိန် ယင်းမာပင်မြို့နယ်၊ စည်လှောင်ကျေးရွာထဲကို ကျည်ကျရောက်ပြီး ပြည်သူ ၄ ဦးသေဆုံးကာ ၁၀ ဦးခန့်ဒဏ်ရာရပြီး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဗိုလ် Ar Larwaka က ပြောပါတယ်။

ထီးချိုင့်မြို့ပေါ်မှာ တိုက်ပွဲတွေပြန်ဖြစ်နေ

"ကိုယ့်ဘက်ကစပြီးနေရာတွေ ဝင်စီးပြီး စတယ်လို့သိရတာပဲ။ အခုထိလည်း ဖြစ်နေတုန်းပဲ။ နှစ်ဘက်လုံး ဒရုန်းရော၊ လက်နက်ကြီးရော၊ လက်နက်ငယ်ရော အကုန်လုံးစုံနေပြီ။ တိုက်နေရတာ"

မကွေးမှာ အမျိုးသား ၁ ဦး ထန်းပင်ပေါ်ကပြုတ်ကျ သေဆုံး

" အဲ့ဒီထန်းတောက သူဟာလည်းမဟုတ်ဘူး။ သူက ထမ်းတက်သမားလည်း မဟုတ်ဘူး။ ထန်းပင်ပေါ်ဘာတက်လုပ်လဲဆိုတာကတော့ စဥ်းစားစရာပဲ။ သူပြုတ်ကျတာကို ဆိတ်ကျောင်းနေတဲ့ကလေးက တွေ့လို့ သူ့မိသားစုကို အကြောင်းကြားမှ သိရတာ"

ယင်းမာပင်မှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၄ ဦးသေ၊ ၂၁ ဦးခန့်ဒဏ်ရာရ

နမခ ကနေ တပ်ဖွဲ့ဝင်အင်အား ၈၀ ခန့်ပါတဲ့ ကား ၄ စီးနဲ့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မတ် ၁၃ ရက် ညနေ ၄ နာရီခန့်မှာ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်ချိန် ယင်းမာပင်မြို့နယ်၊ စည်လှောင်ကျေးရွာထဲကို ကျည်ကျရောက်ပြီး ပြည်သူ ၄ ဦးသေဆုံးကာ ၁၀ ဦးခန့်ဒဏ်ရာရပြီး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဗိုလ် Ar Larwaka က ပြောပါတယ်။

Zero ပြောက်ကျားတပ်မဟာရဲ့ တပ်ဖွဲ့ဝင်အသစ်တွေကို KIA၊ KNU သင်တန်းဆင်းတွေက သင်တန်းပို့ချ (ရုပ်/သံ)

Zero ပြောက်ကျားတပ်မဟာထဲကို ရောက်လာကြတဲ့ တပ်သားသစ် ၁၅ ဦးကို KIA၊ KNU သင်တန်းဆင်းတွေက ဦးစီးပြီး ပထမအသုတ်အနေနဲ့ အခြေခံစစ်ပညာသင်တန်းကို ပို့ချပေးနေကာ သေနတ်ကိုင်အဆင့်အထိ လေ့ကျင့်နေပြီလို့ သိရပါတယ်။

မုံရွာမြို့လယ်ခေါင်က စစ်တပ်ပိုင်အင်းဝဘဏ် စီးနင်းခံရ၊ စစ်တပ်က မြို့ကိုပိတ်ဆို့ရှာဖွေနေ

“ ဘဏ်ကိုဝင်စီးပြီး မန်နေဂျာကို ဖမ်းသွားတယ်လို့သိရတယ်။ ကျန်တာတော့ အသေးစိတ်မသိဘူး။ ခု မြို့ထဲမှာ ရှုပ်ယှက်တွေခတ်နေတယ်”

ကလေးမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ပစ်လို့ နေအိမ် ၅ လုံးပျက်စီး

“နေအိမ်တလုံးဆို မနှစ်ကမှဆောက်ပြီးတာ။ ပြန်ကြည့်တော့ ရစရာကိုမရှိတော့ဘူး။ ဖြစ်နိုင်ရင် ရွာတွေဘက်ကို မပစ်ပါနဲ့လို့ပဲပြောချင်တယ်။ တိုက်ပွဲလည်းမရှိဘဲနဲ့ ဒီအတိုင်းလက်နက်ကြီးတွေနဲ့ ရမ်းထုနေတာ။ ကျနော်တို့လည်း ရွာထဲကိုဝင်မရဲတော့တဲ့အထိပဲ”

ရေစကြိုမှာ စစ်တပ်ဂိတ်စခန်း လက်နက်ကြီးနဲ့ပစ်ခံရလို့ စစ်သား ၂ ဦးသေဆုံး (ရုပ်/သံ)

ကျောက်လှေခါးဂိတ်စခန်းမှာ စစ်တပ်အင်အား ၃၀ ကျော်ရှိပြီး လမ်းသွားလမ်းလာပြည်သူတွေကို ငွေတောင်းတာ၊ အမျိုးသမီးတွေကို မဖွယ်မရာပြောဆိုတာ၊ အနီးပတ်ဝန်း ကျင်ရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် နေ့လယ် ၁ နာရီခန့်မှာတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့တာလို့ Southern YSO PDF တာဝန်ခံဗိုလ်အောင်မောင်း ကပြောပါတယ်။

မိသားစုဝင်တွေကို ဖခင်က ဓားနဲ့ခုတ်သတ်လို့ ၉ နှစ်အရွယ် သားဖြစ်သူသေဆုံး

“အောင်နိုင်က အရက်မူးပြီး ယောက္မနဲ့ စကားများနေလို့ သူ့မိန်းမက ဝင်တားတာကို မကျေနပ်ဖြစ်ပြီး သူ့အိမ်က ထင်းခုတ်ဓားမနဲ့ ခုတ်ပြီး ထွက်ပြေးသွားတာ”

စစ်ကောင်စီအောက် စစ်မှုမထမ်းလိုသူ ၅၆ ဦး ကျောက်ဆည်ခရိုင် တပ်ရင်း ၂ မှာစစ်သင်တန်းတက် (ရုပ်/သံ)

စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေကို အတည်ပြုလက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ ရန်ကုန်နဲ့မန္တလေးတိုင်းတွေက လူငယ်တွေဟာ PDF အနေနဲ့တိုက်ပွဲဝင်လိုကြောင်း ဆက်သွယ်လာလို့ ခေါ်ယူခဲ့ရတယ်လို့ ကျောက်ဆည်ခရိုင် တပ်ရင်း ၂ စခန်းမှူး ကိုရင်ငြိမ်း က ပြောပါတယ်။

အောင်လံမှာ ကျောင်းထိုင်ဆရာတော်နဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

"အုပ်ကြီးအိမ်ကိုဝင်ချိန် အုပ်ကြီးက သူ့ကိုလာသတ်မှန်းသိတော့ ဓားနဲ့ဆီးခုတ်ပြီးပြေးတာ။ သေနတ်သံ လေးငါးချက်လောက်ကြားရပြီးနောက် အုပ်ကြီးသေတယ်။ အုပ်ကြီးကိုပစ်သတ်ပြီးနောက် အုပ်ကြီးအိမ်နဲ့ ၂ ဖာလုံလောက်ဝေးတဲ့ ဘုန်းကြီးကျောင်းကိုသွားပြီး ကျောင်းထိုင်ဆီက ဖုန်းစစ်မယ်ဆိုပြီးတောင်းတာ ဘုန်းကြီးကမပေးလို့ ပစ်ခတ်ခဲ့တာ"

ပုလဲနယ်မှာ လက်နက်နဲ့အတူ အလင်းဝင်လာတဲ့ ပျူစောထီးတဦးကို ကျပ်သိန်း ၂၀ ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးကျေးရွာမှ ပျူစောထီးတဦးက လက်နက်ခဲယမ်းများနဲ့အတူ မတ် ၁၀ ရက် အလင်းဝင်လာတဲ့အတွက် ကျပ်သိန်း ၂၀ ဆုငွေချီးမြှင့်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်းဆီက သိရပါတယ်။

ဝက်လက် စစ်ရှောင်ပြည်သူ ၄၀၀ ခန့် ဆေးဝါးအကူအညီ လိုအပ်နေ (ရုပ်/သံ)

နေရပ်ပြန်နိုင်ခြင်းမရှိသေးတဲ့ ရှိမ်းမကားရွာ၊ သဲဘုတ်ကြီးရွာ၊ ရွာသစ်ရွာ၊ အင်ဒေါင်းရွာ၊ အစရှိတဲ့ ရွာတွေက ပြည်သူတွေကိုမတ် ၈ ရက်က လူနာ ၁၈၀ ကျော်နဲ့ မတ် ၉ ရက်မှာ လူနာ ၂၀၀ ကျော်ကို ၂ ရက် ဆက်တိုက် အခမဲ့ဆေးကုသပေးခဲ့ရာ ဆေးဝါးပြတ်လပ်ခဲ့တာလို့ ထောက်ပို့အဖွဲ့တာဝန်ခံ ကိုနေမင်းခန့် က ဆိုပါတယ်။

ရွှေဘိုမှာ စစ်ဆေးရေးလုပ်နေတဲ့စစ်သားတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၄ ဦးဒဏ်ရာရ

"လမ်းပေါ်တက်စစ်နေတဲ့သူတွေက အင်အား ၃၀ ကျော်လောက်နဲ့ ကျန်တဲ့သူတွေက အနီးဝန်းကျင်မှာ အဖွဲ့တွေခွဲပြီးကင်းပုန်းဝပ်နေကြတာ။ ကျနော်တို့က စစ်ဆေးတဲ့အဖွဲ့ကိုတော့ မလုပ်ခဲ့ဘူး။ ပြည်သူတွေထိမှာစိုးလို့။ ကင်းပုန်းဝပ်နေတဲ့ အဖွဲ့တွေကိုပဲ ဗုံးချတိုက်ခိုက်ခဲ့တာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10