သတင်းတို

ဆောနယ်ကို လေယာဉ်နဲ့ဗုံးထပ်ကြဲ၊ လသားကလေးငယ်အပါအဝင် ၇ ဦးသေဆုံး

" ဘာတိုက်ပွဲမှလည်း မဖြစ်ဘူး။အဲဒါကို ဗုံးလာကြဲသွားတယ်။ အိမ် ၂ လုံး မီးလောင်ပြာကျသွားတယ်။ အိမ် ၉ လုံးလည်းပျက်စီးသွားတယ်။ သေဆုံးတာ ၇ ဦးနဲ့ ဒဏ်ရာရတာ ၉ ဦးရှိပါတယ်"

စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ မိသားစုဝင် ၄ ဦးသေဆုံး

"စကစဘက်က လက်နက်ကြီးတွေပစ်နေတော့ သူတို့မိသားစုက အိမ်အောက်က ဗုံးခိုကျင်းထဲကို ဆင်းတာ။ သူတို့လည်းအိမ်အောက်အရောက် လက်နက်ကြီးလည်း သူတို့အနားအကျလိုဖြစ်သွားတာ"

ရာသီဥတု ပူပြင်းတာကြောင့် မော်လူးမှာ ပဲစိုက်တောင်သူတွေ အရှုံးပေါ်

ပြီးခဲ့တဲ့နှစ်က မြေပဲ ၁ ဧကကို တင်းရေ ၁၀၀ ခန့် ထွက်ရှိပြီး အခုနှစ်ကတော့ ၁ ဧကကို တင်း ၃၀ နီးပါးသာ ထွက်တာကြောင့် ပုံမှန်မြေပဲ တင်းရေ ၁,၀၀၀ ကျော် ရရှိတဲ့တောင်သူတွေပါ အခုနှစ်မှာ တင်း ၂၀၀ ကျော်သာ ထွက်ရှိတော့တယ်လို့ သိရပါတယ်။

မြင်းမူ၊လက်ထုတ္တောရွာ အစုလိုက်အပြုံလိုက်သတ်ခံရမှုမှ ဒဏ်ရာရ အရပ်သား၂ ဦး ထပ်မံသေဆုံး

ထပ်မံသေဆုံးသူတွေဟာ အသက် ၈၃ နှစ်အရွယ် ဒေါ်ခင်မြင့်နဲ့ အသက် ၃၇နှစ်အရွယ် ဦးဇော်လင်းတို့ ဖြစ်ပြီး မေလ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ‌ဆေးကုသရင်း ရရှိဒဏ်ရာတွေနဲ့အသီးသီးသေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းလာတဲ့လူငယ် ၂ ဦးကို စစ်တပ်ကသတ်ပြီး ဒရုန်းနဲ့ပါဗုံးကြဲလို့ PDF ၃ ဦးဒဏ်ရာရ

မေလ ၁၂ ရက်မှာ အုတ်ဖိုမြို့ဘက်ကနေ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စီတုံးကျေးရွာအရောက်မှာ ဖမ်းဆီးလာတဲ့ အသက် ၂၀ အရွယ်လူငယ် ၂ ဦးကို ပစ်သတ်ခဲ့ပြီး မေလ ၁၃ ရက်မနက် ၃ နာရီမှာ ထန်းတောရွာဘက်မှာ တော်လှန်ရေးရဲဘော်အချို့ရှိနေချိန် ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်ခဲ့ရာ ကင်းစောင့်နေတဲ့ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

လက်ပံတန်းမှာ စစ်တပ်ပစ်တဲ့ ၄၀ မမ ဗုံးသီးထိလို့ အမျိုးသား ၁ ဦး ဒဏ်ရာရ

မေလ ၁၂ ရက် မနက် ၉ နာရီခွဲလောက်မှာ ရေငံကျေးရွာရှိ စစ်ကောင်စီတပ်သားတွေက ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်ရာ ဆင်တလင်းအုပ်စု၊ ထန်းပင်ချောင်ရွာက အသက် ၆၀ နှစ်အရွယ် အမျိုးသားတဦး သူ့အိမ်ခြံဝင်းက ငှက်ပျောတောထဲမှာ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တာပါ။

စစ်မှုထမ်းဖို့ လူငယ်တွေကို နေအိမ်အထိ စစ်တပ်က ဖမ်းခေါ်နေ

မေ ၁၃ ရက် ညပိုင်းမှာ ဖြူးမြို့၊ မြို့မအနောက်ရပ်ကွက် အသက် ၃၀ အရွယ် ကိုပဲပြားကို စစ်ကောင်စီတပ်သားတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့ နေအိမ်ကနေ လာရောက်ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ရှေ့တန်းပို့ခံရတဲ့ ကျေးလက်ကျန်းမာရေးမှူး ထွက်စာတင်ပြီး တိမ်းရှောင်ထွက်ပြေး

“အဲဒီ ကျန်းမာ‌ရေးမှူးက ရှေ့တန်းလိုက်ပြီး ကျန်းမာ‌ရေးစောင့်ရှောက်မှုပေးရမယ် စာထွက်လာလို့ ထွက်စာ တင်ပြီး ဖုန်းပိတ်ထွက်ပြေးသွားတာ။ ဘာအဆက်အသွယ်မှ မရတော့ဘူး။”

လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ တွဲကားတွေ မိုင်းဆွဲခံရ (ရုပ်/သံ)

လက်နက်ခဲယမ်းတွေသယ်ဆောင်လာတဲ့ တွဲကားတွေဟာ မန္တလေးဘက်ကနေ ထွက်လာတာဖြစ်ပြီး မေ ၁၂ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မိုင်း ၈ လုံးဆွဲပြီးတိုက်ခိုက်ခဲ့တာလို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA တပ်ခွဲမှူး ဗိုလ်စေတန်က ပြောပါတယ်။

ဝက်လက်မြို့ပေါ်က စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသား ၁ ဦးကို ကင်းလှည့်လာတဲ့ စစ်အုပ်စုကသတ်သွား

ဝက်လက်မြို့၊ အမှတ် (၃) စိန်တွင်းရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် ကိုငြိမ်းချမ်းအောင်ဟာ မွေးရာပါ စိတ်မကျန်းမာသူတဦးဖြစ်ပြီး မြို့ထဲလမ်းလျှောက်နေစဉ် ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သား တွေကို သေနတ်နဲ့ ပစ်သတ်သွားသလို အလောင်းကိုလည်း မိသားစုဝင်တွေကို ပြန်မပေးဘဲ မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။

မကြီးအုပ်ရွာစာသင်ကျောင်း ဗုံးကြဲခံရမှု သေဆုံးသူ ၇ ဦးရှိလာပြီး ၂၃ ဦးဒဏ်ရာရ (ရုပ်/သံ)

"ကာကွယ်ရေးဘက်က ၄ ယောက်သေတယ်။ ပြည်သူက ၃ ယောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေ ၂၃ ဦး ရှိတယ်။ အဲဒီအထဲက ခြေထောက်ဖြတ်ရတာ ၂ ယောက်နဲ့ လက်ဖြတ်လိုက်ရတာ ၃ ယောက်ရှိတယ် "

ဖောင်းပြင်က ကျေးရွာပျူစောထီးစခန်း ၄ ခုကို သိမ်းထားနိုင်ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး

“ပျူစခန်း ၄ ခုသိမ်းပြီး ဆည်ချောင်းနဲ့ ဟာပါမှာ စစ်ကြောင်းမှူးအပါ အကျအဆုံးများတယ်။ စစ်**နဲ့ ပျူတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်”

ဖမ်းဆီးစစ်ဆေးခံရကြောင်းသတင်းထွက်ပြီး လူမြင်ကွင်းကပျောက်နေတဲ့ ဒုဗိုလ်ချုပ်ကြီး ညိုစော စစ်ခေါင်းဆောင်နဲ့အတူ ပြန်တွေ့ရ (ရုပ်/သံ)

မေ ၁၁ ရက်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ၎င်းရဲ့လက်အောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုတွေကို သွားရောက်တွေ့ဆုံကြောင်း စစ်တပ်သတင်းရုပ်သံမှာ ဒုဗိုလ်ချုပ်ကြီး ညိုစော ကို စစ်ခေါင်းဆောင်နဲ့အတူ တွေ့မြင်ရတာပါ။

ပုံတောင် Tiger PDF လက်နက်ထုတ်အဆောက်အဦကို ပြည်သူအကူအညီနဲ့ ပြန်တည်ဆောက်

“မိုးတွင်းကာလရောက်သွားပြီဖြစ်လို့ ထုတ်လုပ်နေတဲ့ အချိန်မှာ မိုးမလုံရင် ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေ ပျက်စီးသွားနိုင်လို့ ပြန်ပြုပြင် ရတာပါ။ လိုအပ်တဲ့ ထန်းလက်နဲ့ သစ်သားတိုင်တွေကိုတော့ ဒေသခံတွေဆီက အလှူခံရတယ်။ အခု ပြင်ဆင်မှုဟာ သုံးနှစ်တာအတွင်း ပထမဆုံးအကြီးစား ပြင်ဆင်မှုပါ”

လယ်ယာလုပ်ငန်းခွင်ကနေပြန်လာတဲ့ တောင်သူအမျိုးသား ၁ ဦးနဲ့ ကျွဲ ၂ ကောင် မိုးကြိုးထိမှန်သေဆုံး

" နေပူရာကနေ မိုးကရုတ်တရက်ရွာချပြီး မိုးကြိုးတွေပါပစ်တာ။ တောင်သူတွေကလည်း သူတို့လယ်ကနေ လှည်းတွေနဲ့ရွာအပြန်မှာ မိုးကြိုးထိတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10