သတင်းတို

စစ်ကူလာတဲ့ကားနဲ့ ကြေးနီသယ်တဲ့ကားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

ယမန်နေ့ မေ ၉ ရက် နေ့လယ် ၁၂ နာရီခန့်က စစ်ကူထွက်လာတဲ့ သံပြားကာကား ၁ စီးကို ‌ချောင်းဦးမြို့အဝင်မှာ ၁ ကြိမ်နဲ့ ညနေ ၆ နာရီခန့်မှာ ကြေးနီသယ်ဖို့သွားတဲ့ တွဲကားတွေကို ချောင်းဦးမြို့နယ်အပိုင် မုံရွာ-မန္တလေး လမ်းပိုင်းတနေရာမှာ မိုင်းဆွဲပြီးပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဘာမထီတော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

ကိုဝေမိုးနိုင်ကို နောက်ဆုံးကျန်ရှိတဲ့အမှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ထပ်မံချမှတ်၊ စုစုပေါင်း ၇၄ နှစ်ချမှတ်ခံထားရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို စစ်ကောင်စီ လက်အောက်ခံတရားရုံးက ထောင်ဒဏ် နှစ် ၂၀ ထပ်မံချမှတ်လိုက်ပြီး စုစုပေါင်း ထောင်ဒဏ် ၇၄ နှစ်ချခံခဲ့ရတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

ရေစကြိုက ဒုရဲအုပ်မိသားစု လက်နက်နဲ့အလင်းဝင်

“ကျနော်တို့ မနက်ပိုင်းထွက်ပြီး သူထွက်လာတဲ့အချိန်ထိစောင့်တယ်။ စောင့်ပြီး ပြန်ခေါ်လာတယ်။ သက်ဆိုင်ရာမြို့နယ်ပကဖတွေကို ချိတ်ဆက်ထားတာဆိုတော့ လမ်းမှာအခက်အခဲမရှိဘဲနဲ့ ရောက်လာခဲ့တာပါ”

မတ္တရာက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုမှာ ဗိုလ်ကြီး ၁ ဦးအပါ ၁၂ ဦးနဲ့ PDF ၁ ဦးသေဆုံး

"အလစ်အငိုက်ဖမ်းခံရပြီး တိုက်ခိုက်ခံလိုက်ရတာလို့တော့ သိရတယ်။ သူတို့ဂိတ်က မနက်အစောပိုင်းဆို ကင်းသမားလောက်ပဲရှိပြီး ကျန်တာက ဘုန်းကြီးကျောင်းထဲမှာအိပ်တာများတယ်။ အဲ့ဒါကြောင့် အသေများတာ"

အုတ်တွင်းမှာ အမျိုးသား ၁ ဦး အပူဒဏ်ကြောင့်လဲကျသေဆုံး

" တဦးတည်းလမ်းလျှောက်လာရင်းကနေ မူးတယ်ဆိုပြီး လဲကျသွားတာ။ မျက်ဖြူစိုက်နေပြီး ဆေးရုံရောက်တော့ဆုံးသွားတယ်။ အပူဒဏ်များလို့ ဦးနှောက်သွေးကြောပြတ်တာလို့ ဆေးရုံကပြောတယ် "

ကျောင်းသားလက်ရုံးတပ်ရဲ့ စစ်ဒေသတွေမှာ ရဲဘော်သစ်တွေကို စစ်သင်တန်းပေးနေ (ရုပ်/သံ)

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် ကျောင်းသားလက်ရုံးတပ်ကို လာရောက်စုံစမ်းကြသူ ၂၀၀၀ ကျော်ရှိပြီး အဲဒီထဲကနေ တပ်သားသစ်အဖြစ် ရောက်ရှိလာသူ ၃၀၀ ကျော်ရှိကာ အဲဒီသူတွေကိုတော့ ဧပြီလလယ် ကတည်းက အခြေခံစစ်သင်တန်းကို ပေးနေပြီလို့ SAF သတင်းထုတ်ပြန်ရေးနဲ့ပြန်ကြားရေးတာဝန်ရှိသူလည်းဖြစ် ဗဟိုကော်မတီဝင်လည်းဖြစ်တဲ့ ကိုကျော်ဟိဏ်းက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်ခံရ

“ရှော့ဒုံး ၇ လုံးရဲ့ ပေါက်ကွဲအားကြောင့် ထိခိုက်မှုပြင်းထန်နိုင်တယ်လို့ ယူဆရတယ်။ ရန်သူ့ဘက်က ထိခိုက် သေဆုံးမှုအခြေအနေအတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲပဲ ”

စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ ရော်ဘာအစေးခြစ်နေတဲ့ အမျိုးသား ၁ ဦးသေဆုံး

"ဒီဘက်ဒေသမှာက ရော်ဘာအစေးခြစ်တာ မနက်အစောပိုင်းထခြစ်ရတယ်။ သူကလည်း ပုံမှန်အတိုင်းအလုပ်လုပ်နေချိန် စကစဘက်ကပစ်တဲ့လက်နက်ကြီးက သူ့နားကျပေါက်ကွဲတာ"

ကဗျာဆရာ ခက်သီ ကျဆုံးခြင်း ၃ နှစ်ပြည့် ဇာတိမြို့ပုလဲမှာပြုလုပ်၊ ကဗျာဆရာတွေရဲ့ သမိုင်းကိုထိန်းသိမ်းစေချင်တယ်လို့ဆို

"ခက်သီရဲ့ကဗျာလို့ပေါ့ဗျာ သူတို့ကခေါင်းကိုပစ်တာ တော်လှန်ရေးက နှလုံးသားထဲမှာ ရှိတယ် ကိုခက်ရဲ့ကဗျာလို့ပဲ ကျနော်တို့ တော်လှန်တဲ့ပြည်သူရဲ့နှလုံးသားထဲမှာ တော်လှန်ရေးစိတ်ကတော့ အမြဲတမ်းရှိနေတော့ သူတို့အာဏာရှင်ကို ဘယ်တော့အရှုံးမပေးဘူးလို့ သဓိဌာန်ချထားတယ်"

ရွှေဘိုထောင်က ခေါ်ထုတ်သွားတဲ့ နိုင်ကျဉ်း ၂ ဦး  ၅ ရက်ကြာထိ အဆက်အသွယ်မရသေး

နိုင်ငံရေးတက်ကြွလှုပ်ရှားမှုကြောင့် ၂၀၂၂ မှာ ထောင်ကျခဲ့တဲ့ အမျိုးသား ၂ ဦးကို စစ်ဆေးမေးမြန်းစရာရှိလို့ဆိုပြီး ရွှေဘိုထောင်ကနေ ရွှေဘိုမြို့ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၈) ထဲကို မေ ၅ ရက် မနက်ပိုင်းမှာ ဖမ်းဆီး ခေါ်သွားတယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဖို့အတွက် နတ်မောက်က အမျိုးသား ၅ ဦး အဓမ္မဖမ်းဆီးခံရ

ဘူတာရွာက အသက် ၂၁ နှစ်ဝန်းကျင် ကိုပိုင်၊ အသက် ၂၅ နှစ်ဝန်းကျင် နေထက်လင်း၊ အသက် ၂၉ နှစ်ဝန်းကျင် ကိုညီညီ နဲ့ လက်ခုပ်ပင်ကျေးရွာက အမျိုးသား ၂ ဦးတို့ကို တညတည်းမှာပဲ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဆောနယ်မှာ လေယာဥ်ဗုံးကြဲခံရလို့ လူသေဆုံးမှုရှိပြီး ဘုန်းကြီးတပါးပျောက်နေ

“အထိအခိုက်ကတော့ အရမ်းများပါတယ်။ ရွာသားတွေကို ဆွဲထုတ်နေတုန်းပဲ။ ဒဏ်ရာရတဲ့ သူတွေကိုလည်း လိုက်ပြီးကယ်နေတုန်း။ ကျောင်းထိုင်ဘုန်းကြီးလည်း လောလောဆယ်ဆယ်ပျောက်နေတယ်။ ကျနော်တို့ အခုလိုက်ရှာနေတယ်။ သူတို့က ဘုန်းကြီးကျောင်းကိုအဓိကထားပြီး ပစ်သွားတာ ”

မြစ်ခြေမြို့အဝင်ဂိတ်နဲ့ ရဲစခန်း ဗုံးကြဲခံရပြီး ရဲ ၁ ဦးသေ၊ ၄ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့အဝင် ဂိတ်စခန်းနဲ့ ရဲစခန်းကို မေ ၈ ရက် မနက် ၉ နာရီဝန်းကျင်က ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Joker ပြောက်ကျားတပ်ဖွဲ့ ဆီက သိရပါတယ်။

ဖောင်းပြင်တိုက်ပွဲမှာ စစ်သား ၇ ဦးသေပြီး လက်နက်တွေသိမ်းထားနိုင်၊ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ပြီး တိုက်ပွဲဖြစ်နေဆဲ

“**၇ ကောင်သေ၊ ဒဏ်ရာရသူများတယ်။ တိုက်ပွဲက ဒီနေ့ထိ တိုက်နေတုန်း? နောက်ဆက်တွဲ မသိရသေးဘူး။”

ပေါင်းတည်က စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ထိခိုက်သေဆုံးသူတွေရှိ

”မိုင်းတွေကို စစ်**တွေ သွားမယ့်လမ်းမှာ လေးပေ တလုံးစီ ဖြန့်ခင်းထားတာ။ သူတို့ ခြေလျင်ပြန်လာချိန် ဆွဲလိုက်တာ ၆ ဦး လဲကျသွားပြီး ၂ ဦးသေပြီး ၂ ဦး ဒဏ်ရာရသွားတာလို့ မြေပြင်တပ်ဖွဲ့ဝင်တွေက ပြန်သတင်းပို့တယ်“

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10