သတင်းတို

မုံရွာတိုက်ပွဲမှာ ကာကွယ်ရေးရဲဘော် ၁ ဦးကျ

ပစ်ခတ်မှုဖြစ်ချိန် People’s Defence Force - South Monywa - V4 က အသက် ၁၈ နှစ်အရွယ် ရဲဘော်ဇော်ထက်အောင်ရဲ့ ခြေထောက်ကို ကျည်ထိခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံခဲ့ရတာလို့ အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုဒေါင်းကာရန်က ပြောပါတယ်။

ပျောက်နေတဲ့ ၃ နှစ်အရွယ်ကလေးကို ၃ ရက်အကြာ ဒဏ်ရာတွေနဲ့ရေထဲမှာ သေဆုံးလျက်ပြန်တွေ့

"ကလေးအလောင်းက ရေပေါ်ပေါ်နေမှ ဒီမနက် ထပ်ရှာကြတဲ့အချိန် တွေ့ကြတာ။ ပြီးခဲ့တဲ့ ရက်တွေကတည်းက ရှာတဲ့အထဲ အဲ့နေရာလည်းပါတယ်။ ရှာနေကြတာနေရာအစုံဘဲ။ ရရှိထားတဲ့ဒဏ်ရာနဲ့ ပတ်သက်ပြီးလို့တော့ ဘယ်လိုကြောင့်ရလဲဆိုတာပြောရခက်တယ်"

ချောက်မြို့မှာ အုပ်ချုပ်ရေးမှူးတဦး ဘီယာသောက်နေချိန် ရှင်းလင်းခံလိုက်ရ

ရှင်းလင်းခံရသူ အသက် ၄၀ ကျော်အရွယ် ဦးအောင်ကိုဝင်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူးဖြစ်လာကာ ပျူစောထီးသင်တန်းတက်ရန် ရပ်ကွက်ကလူငယ်တွေကို လိုက်စည်းရုံးခဲ့တာကြောင့် အမှတ် ၁၄ စစ်ကွင်းရပ်ကွက်မှ ပြည်သူ ၂၀ ဦးခန့် ပျူစောထီးထဲဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဆေးကုပေးနေတဲ့ ဆေးရုံပျက်စီး

"ဒီဆေးရုံကို ကောလင်းကိုစပြီးသိမ်းကတည်းက သူတို့(စကစ)က အငြှိုးထားခဲ့တာ။ တိုက်ပွဲတွေကလည်း ဆက်ဖြစ်နေတုန်းမို့ ဆေးကုသဖို့အတွက် ဆေးဝါးတွေလိုအပ်နေပါတယ်"

အိမ်ခြံဝန်းထဲကနေပျောက်သွားတဲ့ ၃ နှစ်အရွယ် ကလေးတဦး ၃ ရက်ကြာအထိ ပြန်မတွေ့သေး

"ထမင်းစားဖို့ သူ့အမေက ထမင်းသွားထည့်နေချိန် ပြန်ထွက်လာတော့ကလေးက မရှိတော့ဘူး။ အနီးဝန်းကျင်လိုက်ရှာတာလည်း နှံ့နေပြီး ပြန်မတွေ့သေးဘူး။ ပျောက်နေတာ ဒီနေ့ပါဆို ၃ ရက်ရှိပြီ"

ထောင်ချခံထားရတဲ့ NLD တိုင်းဒေသကြီးအမတ်ကို စစ်ကောင်စီက အမှုထပ်ဖွင့်

ဦးအောင်ကိုကိုဟာ ပြီးခဲ့တဲ့နှစ် မေလ ၉ ရက် ည ၇ နာရီလောက်က ခရီးသွားနေချိန် မင်္ဂလာဒုံစစ်သင်္ချိုင်းရှေ့မှာ စစ်အုပ်စုရဲ့ ဖမ်းဆီးတာခံရပြီး ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်ကာ အဲဒီလကုန်ရက် (မေလ ၃၀)မှာပဲ အင်းစိန်‌ထောင်တွင်းတရားရုံးကနေ ထောင် ၃ နှစ်ချခံရတာ ဖြစ်ပါတယ်။

ပုဇွန်မြောင်းရွာ နေအိမ်တွေ ၇ ကြိမ်မြောက် မီးရှို့ခံရပြီး အိမ် ၄၀၀ ခန့်ဆုံးရှုံးသွား

ပုဇွန်မြောင်းကျေးရွာက နေအိမ်တွေဟာ ရွာလည်ပိုင်းလောက်ကလွဲရင် ရွာစွန်ပိုင်းတွေက ခြံဝင်းကျယ်တာကြောင့် နေအိမ်တွေမီးရှို့ခံရရင်တောင် မီးကူးစက်လောင်ကျွမ်းဖို့မလွယ်လို့ စစ်ကောင်စီဘက်က တအိမ်စီကို လိုက်ရှို့နေရတယ်လို့ ဆိုပါတယ်။

မုံရွာနယ်က ကာကွယ်ရေးတပ်စခန်း စီးနင်းခံရပြီး ကျည်ခဲယမ်း၊ ဆိုင်ကယ်တွေနဲ့ အခြားပစ္စည်းတွေ ဆုံးရှုံး

“ကျနော်တို့ထင်ထားတာက မြပုလဲဂိတ်ကကောင်တွေ နဲ့ ဘက်စုံမွေးမြူရေးကကောင်တွေ ကျနော်တို့စခန်းကို လာမယ်ပေါ့ ကျနော်တို့လည်း သူတို့လာမဲ့လမ်းကို ကင်းတွေချထားခဲ့တယ်။ တကယ်လာတာကတော့ စခန်းရဲ့ မြောက်ဘက်က နောက်ထပ်တဖွဲ့က ဝင်လာတာ မထင်မှတ် တဲ့နေရာကနေ ဝင်စီးခံလိုက်ရတော့ ဘာမှတောင်ယူချိန်မရလိုက်ဘူး”

ညောင်လေးပင်မှာ လက်နက်ကြီးကျလို့ ဆော့နေတဲ ၉ နှစ်အရွယ်ကလေး ထိမှန်သေဆုံး

"လက်နက်ကြီးကျလာတဲ့အချိန် ကလေးက ခြံထဲဆော့နေတာ အစမှန်ပြီး နေရာမှာပဲ သေဆုံးသွားတယ်။ တိုက်ပွဲမဖြစ်ဘဲ ကျလာတာဆိုတော့ လူတွေလည်း လန့်ကုန်တယ်"

စေတုတ္တရာမှာ ၄ နာရီကြာတိုက်ပွဲဖြစ် စစ်ကောင်စီဘက်က ၅ ဦးခန့် သေဆုံး

“ကျနော်တို့ တပ်ခွဲနဲ့ ထိပ်တိုက်တွေ့တာ၊ စစ်ကောင်စီဘက်က ၅ယောက်လောက် သေတယ်၊ မိုင်းထိတဲ့သူတွေကလည်း အများကြီး၊ ကျတော်တို့ဘက်က ခံစစ်ဆို‌တဲ့အနေထားမှာ ကာမိုင်းတွေနဲ့ ကောင်းကောင်းရပ်တည်နိုင်ခဲ့တယ်၊ သူတို့(စစ်ကောင်စီ)ဘက်က တရွတ်တိုက်ဆွဲခေါ်သွားတာတွေ ၄၊ ၅ယောက်ရှိတယ်၊ ထမ်းပြီးပြန်ရတာတွေရှိတယ်၊ RPGပစ်တဲ့နေရာမှာလည်း ထိတဲ့သူတွေရှိတယ်။”

စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ကလေးတဦးသေဆုံး

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ စားကျက်ကျေးရွာကနေ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရွာတော်ကျေးရွာက အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတဦးသေဆုံးပြီး မိခင်နဲ့ အဘွားဖြစ်သူတို့ ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ သတင်းပြန်ကြားရေး တာဝန်ခံဆီက သိရပါတယ်။

ပေါင်းတည်မှာ ကျောင်းသားတဦး ရေနစ်သေဆုံး

“ညနေ ၆ နာရီလောက်ကတည်းက ရှာတာ ည ၈ နာရီကျော်မှဆည်မြောင်းထဲကနေ အလောင်း ပြန်တွေ့တာ။ တွေ့တဲ့နေရာက သူ့အိမ်နဲ့ သုံးမိုင်လောက်‌ဝေးတယ်။ ရေကူးသွားရင်းနစ်တာ ဖြစ်နိုင်တယ်”

ကံထူးမရဲစခန်း ဖျက်ဆီးခံလိုက်ရပြီးနောက် စစ်တပ်က ရွာကို မီးဆက်တိုက်ရှို့နေ

ကံထူးမ‌ကျေးရွာ ရဲစခန်းကို ဖေဖော်ဝါရီလ ၂၁ ရက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေစုပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲစခန်းရှိ ဘန်ကာ ၆ ခုအနက် ၅ ခုကို မီးရှို့ဖျက်ဆီးကာ ရဲစခန်းအဆောက်အဦးကိုလည်း ဘူဒိုဇာနဲ့ထိုးပြီး ဖျက်ဆီးခဲ့ပါတယ်။

နတ်မောက်မှာ ဗိုလ်မှူးတဦးအသတ်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က ဗိုလ်မှူးတဦးကို သေနတ်နဲ့ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ နတ်မောက်တော်လှန်ရေးအင်အားစုမှ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ရွှေဘိုခရိုင်တပ်ရင်းက ကျဆုံးရဲဘော်ရဲ့ရုပ်အလောင်းကို မီးသင်္ဂြိုဟ်

"ကျောင်းတက်နေရင်း ဇာတိမပြန်ဘဲ တော်လှန်ရေးထဲရောက်လာတဲ့ ကျောင်းသားတဦးပါ။ ဝမ်းဗိုက်ကျည်မှန်ပြီးတော့ ရှေ့တန်းမှာကျဆုံးခဲ့ရတယ်။ ရဲဘော်အတွက် ကုသိုလ်ကောင်းမှုလည်း လုပ်မှာပါ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10