လျှပ်စစ်မီးသွယ်တန်းခ မပေးတဲ့ အိမ်တွေကို တိုက်နယ်ခေါင်းဆောင်တွေနဲ့ ပအဖတွေက မီးဖြတ်တောက် (ရုပ်/သံ)
ကံသာယာကျေးရွာက နေအိမ်တွေကို ဧပြီ၂၀ ရက်မှာ ရပ်ကျေးပအဖတွေက လျှပ်စစ်မီးကြိုးတွေ သွယ်တန်းပြီးတဲ့နောက် တအိမ်ကိုငွေ ၂ သိန်းပေးဆောင်ခိုင်းပြီး ငွေမပေးဆောင်တဲ့ အိမ်တွေကို လျှပ်စစ်မီးမပေးဘူးလို့ ဆိုပါတယ်။ ဒေသခံတွေက အဆင်မပြေတဲ့အတွက် ငွေပမာဏကိုလျှော့ပေးဖို့ တောင်းဆိုပေမယ့် ရပ်ကျေး ပအဖတွေက လက်မခံဘဲ ဧပြီ ၂၅ ရက်မှာ တိုက်နယ် ၃ က ခေါင်းဆောင်တွေကိုခေါ်ပြီး လူအင်အား ၂၀ လက်နက်အပြည့်အစုံနဲ့ရောက်လာကာ ကျေးရွာထဲက ငွေမပေးနိုင်တဲ့ အိမ်တွေက မီးကြိုးတွေကို ဖြုတ်ယူသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။