စစ်အုပ်စုတပ်စွဲနေရာလေးခုကို တပြိုင်နက်ဝင်တိုက်ပြီး စစ်ကောင်စီပိုင် စွပ်ကျယ်စက်ရုံနဲ့ စစ်ကားကို မီးရှို့ (ရုပ်/သံ)
တောင်သာမြို့နယ်ထဲက စစ်အုပ်စုတပ်စွဲနေတဲ့ ဘုရားလှပျူစောထီးရွာ၊ မင်းကန်ရွာအနီး တရုတ်ပိုက်လိုင်း၊ ကျောက်ခွဲစက်ဂိတ်နဲ့ စက်မှု ၁ စွပ်ကျယ်စက်ရုံတို့ကို တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ နေရာလေးခုကို တိုက်ခိုက်နေတဲ့ အချိန်မှာပဲ တောင်သာမကျီးရိုးဂိတ်နဲ့ တောင်သာမြို့ထဲက စစ်ကောင်စီတပ် တပ်စွဲတဲ့နေရာတွေကိုလည်း ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ သူကဆက်ပြောပါတယ်။