သတင်းတို

ဆက်ကြေးကောက်နေတဲ့ စစ်သားတွေ စနိုက်ပါနဲ့ ပစ်ခံရလို့ ၁ ဦးသေဆုံး (ရုပ်/သံ)

"ဆက်ကြေးကောက်နေတဲ့ **တွေကို နေ့လယ် ၁ နာရီမှာသွားပစ်ခဲ့တာ၊ ၁ ယောက်ကတော့ ဗိုလ်ဖြစ်မယ်ထင်တယ်၊ လဲကျသွားပြီး သေတယ်"

နွားထိုးကြီးမှာ ၂ ရက်တာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများ (ရုပ်/သံ)

"၂၁ ရက်န့က ကျနော်တို့ ရဲဘော် ၅ ယောက်ကနေပြီး ရဲနဲ့ ပျူတွေကင်းပတ်တာကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ ညနေ ၄ နာရီဝန်းကျင်လောက်မှာ တိုက်တာ။ ပစ်ခတ်တဲ့အချိန်က ၁၅ မိနစ်လောက်ပဲရှိတယ်။ ရဲ ၁ ကောင်နဲ့ ၃ ယောက်ထိခိုက်ဒဏ်ရာရတယ်။ ၁ ကောင်ကတော့သေတယ်။၂၂ ရက်ကတော့ မြို့သာဘက်ကနေ အင်အား ၁၀၀ ဝန်းကျင်ခန့်နဲ့ နွားထိုးနယ်ဘက်ကို စစ်ကြောင်းထိုးလာတာ။ ဖောင်ချဉ်းကျေးရွာအနီးတောစပ်မှာ နေ့လယ် ၁ နာရီကစပြီး တိုက်ပွဲချိန် ၂ နာရီဝန်းကျင်လောက်ကြာတယ်။ **တွေဘက်ကို ကျနော်တို့ စနိုက်ပါနဲ့ပစ်တာ မျက်မြင်အရ ၃ ကောင်သေတယ်။ ကျန်တဲ့လက်နက်ကြီး လက်နက်ငယ် ဒရုန်းတွေနဲ့ ပစ်တာက ၇ ကောင်သေပြီးတော့ ၁၀ ကောင်ကျော်လောက်ဒဏ်ရာရတယ်"

ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး တဦးသေဆုံး

“တဲထဲဝင်နားချိန်မှာ ဆော်တာ။ **နှစ်ကောင်ကိုမှန်ပြီး တကောင်က ပွဲချင်းပြီးသေတာ။ သေတဲ့ကောင်ကို လက်ပံခုံရွာထဲမှာ အိမ်တွေနဲ့အတူ မီးရှို့သွားတာ”

စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး လိုက်ပါလာတဲ့ယာဥ်တန်း မိုင်းဆွဲခံရလို့ ဗိုလ်ကြီး ၁ ဦးသေဆုံး

"တပွိုင့်ကို ရှေ့ထွက်မိုင်းနဲ့ စလစ်မိုင်း ၃ လုံးနဲ့ ၂ ပွိုင့်ခွဲ တိုက်ခိုက်ခဲ့တယ်။ မာစီဒီးကားထဲမှာ အကောင်ကြီးတွေပါတာသိလို့ အဲ့ဒီကားကို ဦးတည်ပြီးဆွဲလိုက်တာပါ။ ၂ ပွင့်ဗိုလ်ကြီး ၁ ယောက်သေတယ်"

ကလေးမြို့တိုက်ပွဲ စခန်း ၃ ခုသိမ်းနိုင် စစ်တပ်ဘက်က ဗိုလ်ကြီးအပါ အများအပြားသေဆုံး

“စခန်း ၃ ခုသိမ်းထားပြီ၊ တောင်နဲ့မြောက် အတူတူ‌ ပူးပေါင်းတိုက်နေတာပါ။ စစ်ကောင်စီက battle ရင်ဆိုင်နိုင်တဲ့ အခြေနေမှာတော့ မရှိတော့ဘူး။ လက်နက်အင်အားပဲ ရှိတော့တာ။ လူအင်အား မရှိတော့ဘူး။ ကျနော်တို့ကတော့ စနစ်တကျနဲ့ ခရီးပေါက်သလောက် သွားမှာပါ။”

စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး CNDF တပ်ရင်းက ဒုစစ်ဦးစီးချုပ်အပါအဝင် ၃ ဦးဖမ်းဆီးသတ်ခံရ

“ကျနော်တို့ ဒုစစ်ဦးစီးချုပ်က တနေရာမှာ စုဖွဲ့မှုတခုလုပ်ရင်းနဲ့ ပြန်တဲ့လမ်းမှာ ဒလန်သတင်းပေးမှုကြောင့် အသတ်ခံလိုက်ရတဲ့သဘောပဲ။ အသွားတုန်းက အဆင်ပြေပြေပဲ၊ ပြန်တဲ့အချိန်မှာမှ အခုလိုဖြစ်တာ ”

အထူးကွန်မန်ဒိုသင်တန်းသွားမယ့် အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီး ၆ ဦးကို PDF ဖမ်းဆီး

"ဒီရက်ပိုင်းအတွင်းမှာ နေပြည်တော်မှာ အထူးကွန်မန်ဒိုသင်တန်းတွေလုပ်ဖို့ရှိတယ်လို့ ကြားထားတော့ ပျူတွေဘက်က သွားလာနိုင်တယ်လို့ ယူဆလို့ လမ်းပေါ်ရှောင်တခင်တက်စစ်တာ သူတို့ကိုမိတာ။ ကားသမား ၂ ယောက်ကိုတော့ ပြန်လွှတ်ပေးလိုက်တယ်"

ဘုတလင်နယ်‌ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်ကမီးရှို့လို့ နေအိမ် ၈၀ ကျော်ပျက်စီး

"ရွာမွန်ရွာကဒေသခံတွေ ရွာထဲမီးပြန်ငြှိမ်းတဲ့အချိန် စစ်**တွေက လက်နက်ကြီးနဲ့ပစ်လို့ ရွာသားတွေ ထွက်ပြေးခဲ့ရသေးတယ်။ ရွာမွန်ရွာက မနေ့က နေအိမ် ၈၀ ကျော် မီးရှို့ခံလိုက်ရတယ် "

မတ္တရာမြို့နယ်က စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေ (ရုပ်/သံ)

မတ္တရာမြို့နယ်အတွင်း စစ်တပ်က ဆက်တိုက်ဆိုသလို စစ်ကြောင်းထိုး လူသတ်မှုတွေကျူးလွန်နေတာကြောင့် စစ်ရှောင်ပြည်သူတွေများပြားနေပြီး စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေတဲ့ ရောင်နီနွေဦးအဖွဲ့တာဝန်ခံက ပြောပါတယ်။

ရှစ်တန်း အင်္ဂလိပ်စာ မေးခွန်းပေါက်လို့ စာမေးပွဲရက်နောက်ဆုတ်ရ

“မေးခွန်းက တရက်ကြိုပြီး အွန်လိုင်းပေါ်မှာ ပေါက်နေတာဆိုတော့ စဉ်းစားစရာပေါ့။ ဖြေရမယ့် ကျောင်းသား ကျောင်းသူတွေအတွက် စိတ်အနှောက်အယှက်ဖြစ်ရတယ်“

ဇရပ်ကြီးစျေးမီးလောင်လို့ ဆိုင်ခန်း ၅၀ ကျော်နဲ့ နေအိမ်အချို့ မီးလောင်ပျက်စီး

"မီးရှို့ခံရတယ်လို့ သိရတယ်။ ဇရပ်ကြီးမှာက တိုက်ပွဲဖြစ်ထားတော့ မီးသတ်တွေကလည်း မရှိဘူး။ တောင်ငူနဲ့ထန်းတပင်က မီးသတ်ကားတွေရောက်ချိန် ကုန်သလောက်ရှိသွားပြီ"

၁၁ နှစ်အရွယ် မိန်းကလေးငယ်ကို တုတ်နဲ့ရိုက်သတ်တယ်ဆိုကာ ၁၄ နှစ်အရွယ် လူငယ်တဦး ဖမ်းဆီးခံရ

"ခုအဖမ်းခံရတဲ့ကောင်လေးရဲ့အဖေနဲ့ သေဆုံးသူကောင်မလေးရဲ မိသားစုတွေက ရန်ဖြစ်ထားဖူးပြီး အဲ့တုန်းက ကောင်လေးနဲ့သူ့အဖေ ၂ ယောက်စလုံး ရိုက်နှက်ခံရဖူးတယ်လို့ သိရတယ်။ အဲ့ဒီကိစ္စကို ကောင်လေးက မကျေနပ်လို့လုပ်တယ်လို့ပဲ ပြန်ကြားသိရတယ်။ အသေးစိတ်ကတော့ ရဲတွေကပဲ သိနိုင်မယ် "

ပစ်ခတ်ခံရလို့ ဆေးကုနေရတဲ့ ပျူစောထီးဆိုသူ သေဆုံး

"အလောင်းကို ဆေးရုံကနေ ရွာကို ပြန်တိုက်(ပြန်သယ်)လာတာ သေချာပါတယ်။ သင်္ဂြိုဟ်တာကိုတော့ စုံစမ်းမထားမိဘူး”

စစ်တပ်ဝင်ဖျက်လို့ ရှင်ပြုအလှူပွဲပျက်ပြီး မောင်ရှင်လောင်း သင်္ကန်းမစည်းလိုက်ရ

"စစ်ကြောင်းက အနီးနားရောက်မယ်လို့ ဘယ်ထင်ပါ့မလဲ။ အလှူရှင်မိသားစုတွေအတွက် ပွဲပျက်သွားတော့ စိတ်မကောင်းဖြစ်ကြရတယ်"

နွားထိုးကြီးမှာ ကားတစီး ပစ်ခတ်ခံရပြီး သံဃာ ၁ ပါးအပါ ၃ ဦးသေဆုံး

"ကားက ကျောက်ဆည်ဘက်ကကားလို့ သိရတယ်။ ပခုက္ကူဘက်ကနေ နားရေးဆွမ်းစားဖိတ်လို့ သွားပြီးပြန်လာတဲ့ကားပါ။ ဘာကြောင့်ပစ်ခံရတယ်ဆိုတာတော့ မသိရဘူး။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10