စလင်းက စစ်အုပ်စုအထိုင်စခန်း ၄ ခုကိုတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
“ တပြိုင်နက်တည်း တချိန်တည်း ဒီလိုမျိုးတိုက်လိုက်တော့ သူတို့ဘက်က အင်အားပြန့်ကွဲနေတဲ့ အနေအထားဖြစ်ပြီး တခြားနေရာတွေကို သူတို့ဘက်က မကူနိုင်ဘူး”
“ တပြိုင်နက်တည်း တချိန်တည်း ဒီလိုမျိုးတိုက်လိုက်တော့ သူတို့ဘက်က အင်အားပြန့်ကွဲနေတဲ့ အနေအထားဖြစ်ပြီး တခြားနေရာတွေကို သူတို့ဘက်က မကူနိုင်ဘူး”
ဘုတလင်မြို့နယ်တွင်းက ကျေးရွာတချို့ကို စက်တင်ဘာ ပထမပတ်က စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်ချိန် စစ်ဘေးရှောင်နေကြတဲ့ ဒေသခံပြည်သူတွေကို ဆေးဝါးကုသမှုပေးနေတာလို့ သိရပါတယ်။
“သန်းခေါင်စာရင်း ကောက်ဖို့ဝင်လာတဲ့သတင်းရထားလို့ ကျနော်တို့က ကြိုတင်စောင့်ဆိုင်းခဲ့တာပါ။ သူတို့ခေါ်လို့မရတဲ့ ရွာတွေကို ရပ်မိရပ်ဖတွေခေါ်ပြီးဝင်တယ်။ ဝင်ပြီးတော့ ပြည်သူလူထုကို စည်းရုံးတာပေါ့။ အဲလိုပုံစံမျိုး လုပ်နေတာ။ အဲ့ဒါကြောင့် ကျနော်တို့နဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်တာ။”
"တချို့တ၀က်ပဲ ပြန်လာကြတာပါ။ အကုန်တော့ မဟုတ်ပါဘူး။ ၁၀၂၇ ဒုတိယပိုင်းမှာလည်း PLA အနေနဲ့ ဆက်လက်ပါ၀င်နေဆဲ ဖြစ်ပါတယ်။"
"ရွာထိပ်မှာ ဂိတ်ဖွင့်ထားတာ။ ကျနော်တို့အခေါ်တော့ မဖဲဝါဂိတ်ပေါ့။ အဲ့ဂိတ်က ညဘက်ဆိုပြန်ခေါက်တယ်။ နေ့ပိုင်းမှာ ပြန်လာတာ။ ညပိုင်းမှာမိုင်းဝင်ထောင်ခဲ့ပြီး လာတဲ့အချိန်မှာမှ မိုင်းဆွဲခဲ့တာ။"
မန္တလေးတိုင်းအတွင်း မြို့သိမ်းတိုက်ပွဲတွေမှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF မန္တလေးခရိုင် တပ်ရင်း ၅ တပ်ဖွဲ့ဝင်တွေနဲ့ ဂန့်ဂေါခရိုင်ဗျူဟာက PDF တပ်ဖွဲ့ဝင်တွေအတွက် လက်နက်၊ ခဲယမ်းနဲ့ ချပ်ဝတ်တန်ဆာတွေ တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေထံက သိရပါတယ်။
"အစ်မတို့ မရောက်သေးတဲ့ ဒီစစ်ရှောင်စခန်းက စာသင်ကျောင်းတွေရှိသေးတယ်။ အစ်မတို့တောင်မှ မြေပြင်မှာဆိုပေမယ့် အစ်မတို့လုံးဝမရောက်ဖူးသေးဘူး။ ခုလို စာသင်ဆောင်တွေ လိုအပ်နေတဲ့ဆီက ဆက်သွယ်လာတယ်။ အစ်မတို့က အလှူငွေမရသေးတော့ မဆက်သွယ်ရသေးဘူး။"
"ခုက ပိုဖမ်းပြီး ပိုက်ဆံပိုတောင်းနေကြတယ်။ (သိန်း)ခုနှစ်ဆယ်(၇၀) အနိမ့်ဆုံးတောင်းတာ။ (သိန်း) ၁၀၀၊ ၁၂၀ ထိတောင်းတာ။ အရင်တုန်းက ၁၀ သိန်း၊ ၁၅ သိန်း၊ ၅ သိန်းလောက် သွားယူလိုက် အဲလိုမျိုး။ ခုက ၁၀ ဂဏန်းသွားပြောရင် ထရယ်လိမ့်မယ်။ မကိုက်ဘူးဆိုပြီး။"
အောက်တိုဘာ ၂၀ ရက် မနေ့ ည ၈ နာရီကျော်လောက်မှာ BWM ပူးပေါင်းတပ်ဖွဲ့ဟာ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်ခဲ့ရာ လေတပ်အတွင်း ၂ လုံး ကျရောက်ပေါက်ကွဲတယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး အောင်ပွဲနဲ့ပြန်လာတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ရဲဘော်တွေကို အညာဒေသတနေရာမှာ ပြည်သူလူထုက တခဲနက်ကြိုဆိုခဲ့ကြတယ်လို့ PLA က မှတ်တမ်းဓါတ်ပုံတွေကို အောက်တိုဘာ ၂၁ ရက် ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။
“ နှစ်ယောက်လုံးက ဒလန်ဟုတ်သလို၊ ပျူလည်းဟုတ်တယ်။ နယ်ဘက်မှာတော့ လက်နက်ပါရှိတယ်လို့ အသံထွက်တာရှိတယ်”
" ရှေ့တန်းမှာ ရဲဘော်တွေ ရဲဝံ့စွာတိုက်ပွဲဝင်နိုင်ဖို့နဲ့ စိတ်ဓာတ်မြင့်မားစေဖို့ ရည်ရွယ်တပ်ဆင်ပေးတာပါ"
လူအစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်ခဲ့တဲ့ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရခဲ့တဲ့ပြည်သူ ၃ ဦး ထပ်မံသေဆုံးခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၁၅ ဦးအထိရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ မိုင်းကွဲတဲ့အသံကြားပြီးတော့ ပွင့်ဖြူမြို့ရဲစခန်းက ရဲစခန်းမှူးနဲ့ ရဲတပ်သားတွေရောက်လာတာမှာ နောက်ထပ် ၁ ကြိမ် အဝေးထိန်းမိုင်း ၁ လုံးနဲ့ထပ်ခွဲလိုက်တာ ထိခိုက်ဒဏ်ရာရသူတွေများပါတယ် “
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ကို တော်လှန်ရေးတပ်တွေက ဝန်းရံထားဆဲဖြစ်ပြီး ထီးချိုင့်တံတားပေါ်မှာတော့ စစ်ကောင်စီတပ်နဲ့ မကြာခဏတိုက်ပွဲဖြစ်ပွားတာတွေရှိနေတယ်လို့ တော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။