ကလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ လူထုထောက်ခံပွဲ
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်ကြောင်း လူထု ထောက်ခံပွဲပြုလုပ်ခဲ့တယ်လို့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီထံက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်ကြောင်း လူထု ထောက်ခံပွဲပြုလုပ်ခဲ့တယ်လို့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီထံက သိရပါတယ်။
"မနေ့ကဆို သူတို့ဝင်လာပြီကတည်းက မျက်နှာအဝတ်စည်းပြီး ဖမ်းထားတာ ညက ရေနံချောင်းမြို့ပေါ်က ၈ ယောက် ခေါ်သွားတယ်။ ရွာထဲမှာ ဆက်ဖမ်းထားတာက ၁၀ ကျော်တယ်။ နာမည်တပ်ပြောပြီး ရှာခိုင်းတာ လည်းရှိတယ်။ ရွာတိုက်ပွဲဖြစ်နေတဲ့နေရာလည်း မဟုတ်ဘူး။"
"သန်းခေါင်စာရင်းအဖွဲ့တွေက ရပ်ကွက်တွေ ရွာတွေဘက်ကိုဆင်းမကောက်ဘူး။ အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကို မြို့ခေါ်တယ်။ သန်းခေါင်စာရင်းအဖွဲ့တွေနဲ့ ပေါင်းပြီး သူတို့ရပ်ရွာထဲက အိမ်ထောင်စုတွေကို သန်းခေါင်စာရင်းစာရွက်တွေထဲဖြည့်ကြတာ။ ရမ်းဖြည့်တာပေါ့။"
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းက စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးသွားတဲ့ ဇရပ်ကို ကျဆုံးရဲဘော် ၃ ဦးအတွက်ရည်စူးပြီး ပြန်လည်တည်ဆောက်နေတယ်လို့ ကျားသစ်နက် တပ်မတော် - Black Leopard Army အဖွဲ့ဆီက သိရပါတယ်။
မကွေးတိုင်း၊ မင်းဘူးနဲ့ ဂန့်ဂေါခရိုင်အတွင်းမှာ အခြေခံစစ်သင်တန်းဆင်းပွဲတွေ အခုရက်ပိုင်းအတွင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။
"ဆေးကုသနေရင်းကနေ ရထားတဲ့ဒဏ်ရာနဲ့ ဆုံးတာ။ ခွဲတော့ခွဲစိတ်တာပဲ။ အဲ့တုန်းက ပေါင်မှာဒဏ်ရာရတာ။ ဓာတ်မှန်တွေမရှိတော့ အကောင်းလို့ပဲ ထင်ထားတာ။ အဲ့ဒီမှာအိမ်သာသွားရင်း ထပ်လဲတော့ ကျိုးသွားတာ။ ကျနော်တို့နေရာမှာလုပ်လို့မရတော့ ရတဲ့နေရာကိုပို့ ဆေးကုသနေရင်းကနေ ဆုံးသွားတာပါ။"
"သူတို့လာမှာကို သတင်းရလို့ကျနော်တို့ကစောင့်နေတာ။ သူတို့က ကားနဲ့လိုက်ခဲ့တယ်ဆိုပြီး သတင်းရတယ်။ သူတို့လိုက်စီးလာတဲ့ကားသမားကိုမေးတော့ လမ်းတဝက်မှာဆင်းခဲ့တယ်လို့ ပြောတယ်။ ကျနော်တို့ဆက်စောင့်နေတယ်။ ဆိုင်ကယ်နဲ့ရောက်လာတယ်။ ၁ ယောက်ကတော့ အေးဆေးအစစ်ခံတယ်၊ ဒုတပ်ကြပ်က လက်ပစ်ဗုံးနဲ့ ပစ်ဖို့လုပ်တော့ လုံးထွေးဖမ်းဆီးခဲ့ရတယ်"
" တူဝရီးနှစ်ယောက်က ရေချိုးသွားတာ၊ ဒရုန်းဝဲနေတာမြင်လို့ နောက်ကြောင်းပြန်ပြေးတဲ့အချိန်မှာ ဒရုန်းကပစ်ချလိုက်တာ။ အမကြီးက လက်ကိုထိပြီး ကောင်လေးက ကျောကုန်းဘက်ကိုထိတာ"
"သမီးယောက်ဖချင်းက အိမ်ချင်းကပ်လျက်နေတာ။ စကားများကြရာကနေ ဓားနဲ့ထိုးတာ။ စကားများတဲ့ အကြောင်းအရင်းကတော့ မသိရဘူး။”
"လိုက်ပို့ပေးလိုက်ရတဲ့ခရီးသည် ၂ ဦးပြောပြတာကတော့ အမြန်လမ်း မြို့သစ်စစ်ဆေးရေးဂိတ်မှာ လူချိန်းမောင်းလိုက်တာ။ ဒရိုင်ဘာ(ယာဉ်မောင်း)က အိပ်တော့ စပါယ်ယာကမောင်းရင်းအိပ်ငိုက်ပြီး လမ်းဘေးထိုးကျမှောက်သွားရတာလို့ ကျနော်တို့ကိုပြောပြတယ်။"
အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားနဲ့ ပျူစောထီး ၃၀ ဦးခန့်ကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ Chindwin Toe Na Yar PDF ခေါင်းဆောင် ဗိုလ်မြကြီးက ပြောပါတယ်။
“ကျနော်တို့ထောင်ထားတဲ့ မိုင်းတွေကများတယ်၊ ကျနော်တို့ရှိသမျှမိုင်းတွေကို ထောင်ထားတာ၊ **တွေကပစ်ထားတဲ့ ၆၀ မမအဖူးတွေ၊ မကွဲတာတွေနဲ့ ကပ်ထောင်ထားတာတော့ မိုင်းအရေအတွက်က တော်တော်များတယ်၊ တပွိုင့်ကို ၁၀ လုံးလောက်ထောင်ထားတာ၊ ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာ” လို့ ရေစကြိုပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
"၈၁ မမလို့ ယူဆရတဲ့ လက်နက်ကြီး ၃ ချက်ပစ်တယ်။ ၂ လုံးက ရွာထဲကို ကျတယ်။ ၁ လုံးက ရွာပြင်ကို ကျတယ်။ ပြည်သူအမျိုးသမီး ၁ ဦး ဒဏ်ရာရပါတယ်"
"လူဦးရေခန့်မှန်းအရရော ဒီလူတွေပျောက်ဆုံးရက်အရရောဆိုတော့။ စစ်ကောင်စီဘက်လည်း စစ်ဆေးမေးမြန်းပြီးမှ ဓာတ်ပုံရိုက်ထုတ်ပြန်တာဆိုတော့။ သေချာသလောက်ရှိပါတယ်။ ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်တဲ့အချက်အလက်အချို့တော့ သိရပေမယ့်ပြောလို့မရသေးဘူး"
"စီတီးရပ်ကွက်နားမှာ သတ်ခံရတဲ့ ၁ ယောက်ကအရင်ကတော့ လူမှုကူညီရေးအသင်း ၁ ခုမှာ ကားမောင်းတာ။ အသင်းကထွက်ထားတာ ၁ လလောက်ရှိနေပြီ။ ဖြစ်တဲ့နေ့က ဘိိယက်ခုံကနေ ဝင်ခေါ်သွားပြီး စီတီးအစပ်ပြောင်းခင်းဘေးမှာ သတ်သွားတာ။ ကျန် ၂ ယောက်အသတ်ခံရတာက မသိရသေးဘူး"