သတင်းတို

ပန်းတောင်းမှာ ကားတစီး လမ်းဘေးသစ်ပင် ဝင်တိုက်လို့ ယာဥ်မောင်းသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်မှာ ဖေဖေါ်ဝါရီလ ၂၄ ရက် မနေ့နေ့လယ်က Light Truch ကားတစီး အရှိန်လွန်ကာ လမ်းဘေးသစ်ပင် ဝင်တိုက်ခဲ့တာကြောင့် ယာဥ်မောင်း သေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

နေအိမ်တွေကို မီးရှို့နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုများဟုဆို

''တိုက်ပွဲက ၂ နာရီလောက် ကြာတယ်။ ကျနော်တို့ Zero ပြောက်ကျားတပ်ဖွဲ့က ရဲဘော် ၁ ဦး လက်မောင်း ထိမှန်တယ်။ မစိုးရိမ်ရပေါ့။ သူတို့ဘက်က စစ်သား ၁၀ ကောင် သေတယ်။ မုံရွာ နမခ က လာတဲ့ စစ်သားတွေပါ။ အင်အားကတော့ အစောပိုင်းက ၈၀ လောက်ပါပြီး အခုတော့ သူတို့ဘက်က အင်အား ၃၀ ကျော်ပဲ ကျန်တော့တယ်'' လို့ သူက ပြောပါတယ်။

မိုင်းထောင်ပြီးအပြန် ခြုံခိုတိုက်ခိုက်ခံရလို့ PDF ရဲဘော်တဦး ကျဆုံး

"၇ ယောက်မှာ ၆ ယောက်က လွတ်မြောက်လာပြီး သူကတော့ ခြေထောက်ကျည်ထိမှန်လို့ကျန်ခဲ့တယ်။ ကျန်ခဲ့တော့ သူ့ဆီကနေ ဖုန်းနဲ့ဆက်သွယ်လာတယ်။ လာကယ်ပေးဖို့ ပြောတော့ ကျတော်တို့တပ်ရင်းတပ်ဖွဲ့တွေ ကြိုးစားပြီးတော့ ကယ်ခဲ့တယ်။ ဒါပေမဲ့မမှီလိုက်ဘူး" လို့ ဆိုပါတယ်။

မတ္တရာက စစ်ကောင်စီခန့် ကျေးရွာတာဝန်ခံ ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပန်းယျကျေးရွာအုပ်စု၊ ပန်းယျကျေးရွာမှာ စစ်ကောင်စီခန့် ကျေးရွာတာဝန်ခံ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ကန့်ဘလူနယ်မှာ အရပ်သား ၅ ဦး မိုင်းထိ

"ညောင်ဇင်ရွာကို ကာဘိုးရွာဘက်ကနေ ဆိုင်ကယ်နဲ့ ဈေးလာရောင်းတဲ့ ဈေးသည်လင်မယားနဲ့ ရွာထဲက အရပ်သား ၃ ဦး ရွာထိပ်မှာ မိုင်းထိမှန်ခဲ့တာပါ။ မိုင်းသံကြားပြီးတော့ သေနတ်ပစ်ဖောက်သံတွေလည်း ကြားနေရတယ်။ ရွာသားတွေ ရွာထဲကနေ ရွာပြင်ထွက်ဖို့တောင် ကြောက်နေရတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

တရက်ထဲမှာ ထိတွေ့ပစ်ခတ်မှု ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၄ ဦး သေဆုံးဟုဆို

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရွာ ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ဖေဖော်ဝါရီလ ၂၄ ရက် မနေ့က တရက်ထဲမှာ ထိတွေ့ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မတ္တရာမှာ စစ်အုပ်စုနဲ့ PDF နှစ်ရက်ဆက်တိုက်ပွဲဖြစ်

"စစ်တပ်က ဖေဖေါ်ဝါရီ ၂၀ ရက်နေ့ညနေကတည်းက ဝင်လာတာပါ။ ကျနော်တို့ပူးပေါင်းအဖွဲ့က၂၁ ရက်မနက်ကတည်းက စတိုက်တာပါ။ ၂၃ ရက်မနက်အစောကြီးမှာတော့ စစ်တပ်ကပိုဝတောင်ရွာကနေ သဖန်းဒေါင့်ရွာဘက်ကို ဆက်ထွက်သွားတယ်၊ ဒီကောင်တွေက ဒရုန်းရန်ကြောက်တော့ နေ့ခင်းဖက်မထွက်ရဲဘူးလေ" လို့ ပြောပါတယ်။

မလေးရှားနိုင်ငံအခြေစိုက် ၂၂၂၂၂ အဖွဲ့က NUG မူလွန်ကျောင်းကို စာရေးကိရိယာလှူဒါန်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက အမျိုးသားညီညွတ်ရေးအစိုးရ - NUG ဖွင့်လှစ်ထားတဲ့ မူလတန်းလွန်ကျောင်းတခုကို မလေးရှားနိုင်ငံ ဂျိုဟိုးစီနိုင်း ၂၂၂၂၂ ပြည်ပထောက်ပို့အဖွဲ့ စာရေးကိရိယာတွေ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

ရေစကြိုမှာ လုံခြုံရေးယူနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ရဲတဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းငယ်ရွာမှာ လုံခြုံရေးယူနေတဲ့ စစ်အုပ်စုကို ညအချိန် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတဦး သေဆုံးကာ တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပခုက္ကူခရိုင်တပ်ရင်း ၁၀၊ တပ်ခွဲ ၁ သိန်းဌက်ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အရာတော်မှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့ဟုဆို

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းတခုနဲ့ PDF တို့ ဖေဖော်ဝါရီ ၂၃ ရက်မနက် ၁၀ နာရီမှာ ထိပ်တိုက်တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲနားရက်မှာ အီနာဂါဗုံးသီးတွေ ထုတ်လုပ်နေတဲ့ ကျားခင်စိန် အမျိုးသမီး Drone တပ်ဖွဲ့

"လက်ရှိမှာတော့ ပွဲကရပ်ထားတာမျိုးတော့ မဟုတ်ပါဘူး။ အခုလုပ်နေတဲ့ အီနာဂါဗုံးသီးတွေက ကျနော်တို့ ကိုယ်တိုင် လုပ်တယ်။ ကိုယ်တိုင် ထုတ်တယ်။ Drone နဲ့ သွားတိုက်တဲ့အခါ အဲဒါတွေက လိုအပ်တယ်လေ။ ကျနော်တို့ အားတဲ့အခါမျိုးတွေမှာ အမြဲလုံးတယ်" လို့ ဆိုပါတယ်။

တရုတ်ဈေးနှိမ်လို့ မြေလတ်ဒေသဇီးသီးဈေးအေးနေ

"ဇီးသီးက အဓိက အားထားရာ စိုက်ပျိုးသီးနှံ မဟုတ်ပေမယ့် သူက တဖက်တလမ်းကလည်း ဝင်ငွေရတဲ့ အလုပ်လုပ်ပါပဲ။ အိမ်မှာ တခြားလုပ်ငန်း မရှိသူတွေနဲ့ ကလေးတွေက တောင်ယာလိုက်ရင်း ကောက်ကြတယ်။ တချို့လည်း ဇီးသီးချိန်ဆို ဇီးခွဲစက် ဇီးပွဲရုံတွေမှာ အလုပ်ရကြတယ်။ ရာသီချိန်ကုန်ရင်တော့ တခြားအလုပ်ပြောင်းလုပ်ရတာပေါ့" ဟု မကွေးမြို့နယ်ထဲက အမျိုးသမီးတဦးက ပြောပါတယ်။

ပဲခူးမြို့ပေါ်မှာ လိုင်စင်မဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးပြီး အမျိုးအစားပေါ်မူတည်ကာ ပိုက်ဆံတောင်း

"လူငယ်တွေကို အဓိကဖမ်းတယ်။ ဘယ်သွားမှာလဲ၊ ဘယ်ကလာလဲ၊ ခန္ဓာကိုယ်ကိုစမ်းလို့ တခုခုမင်္သကာရင် ဆိုင်ကယ်သော့ဖြုတ်ထားလိုက်တယ်။ သူတို့လက်ထဲပစ္စည်း‌ရောက်သွားရင် ဘယ်တော့မှ အလကားပြန်မပေးဘူး။ ငွေအကြိုက်ညစ်တာ၊ တချို့ဆိုအရှုံးခံလိုက်တယ်။ ကျနော်ကိုယ်တွေ့မို့ပါ" လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးမှုကို ကာကွယ်ဖို့ ဂန့်ဂေါမှာ မီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်း

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေရဲ့မီးရှို့ဖျက်ဆီးမှုကို ကာကွယ်နိုင်ဖို့အတွက် မီးငြိမ်းသတ်ရေးနဲ့ ရှာဖွယ်ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ မီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်းခဲ့တယ်လို့ ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

တပ်မ ၃၃ က စစ်ကား ၂ စီး မြင်းမူနယ်ထဲမှာ မိုင်းဆွဲခံရလို့ စစ်သား ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အခြေစိုက် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် (တမခ ၃၃)ကနေ စစ်သားအင်အားအပြည့်နဲ့ ထွက်ခွာလာတဲ့ ကား ၂ စီးကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညပိုင်းက မြင်းမူမြို့နယ်ထဲမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10