အမိမြေတော်လှန်ရေးတပ်ဖွဲ့က စစ်တိုက်နားချိန်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်
“သစ်တောပြုန်းတီးတဲ့အခါ ခံစားရမဲ့ အကျိုးဆက်၊ ရှားပါးသတ္တဝါတွေ ရှိတယ်ပေါ့နော်။ လိုအပ်တာထပ်ပိုပြီး အမဲလိုက်မိရင် မျိုးတုန်းပျောက်ကွယ်မယ် ဆိုတာမျိုးလောက်တော့ သိသလောက် မျှဝေပေး ဖြစ်ပါတယ်။ နေထိုင်ရေးအတွက် ခုတ်ဖို့လိုအပ်မယ်ဆိုရင် ပကဖနဲ့ ချိတ်ဆက်ဖို့ ပြောပါတယ်။ ကျတော်တို့က စစ်တိုက်နေရုံနဲ့ မပြီးဘူးဗျ။ သဘာဝပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ထိန်းသိမ်းဖို့ တာဝန်ရှိတယ်။" လို့ ရဲဘော်မင်းကိုက ပြောပါတယ်။