သတင်းတို

နမခ တပ်စခန်းတခုကို သိမ်းပိုက် စကစစစ်သား ၁၀ ဦးကျော် သေဆုံး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

"ကျနော်တို့ မနေ့က ညနေ ၅ နာရီခွဲမှာစပြီး တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲချိန်က ၁ နာရီခွဲလောက် ကြာတယ်။ အဲဒီစခန်းမှာ သေဆုံးတာက ၁၀ ယောက်အထက်မှာရှိပြီး ထိခိုက်ဒဏ်ရာရသူတွေ များတယ်" လို့ Dragon Brothers Task Force - DBTF တာဝန်ခံက ပြောပါတယ်။

ကျောက်ထုမှာ စစ်ကောင်စီစစ်ကြောင်း ၂ ရက်မိုင်းဆွဲခံရပြီး သေဆုံးမှုများဟုဆို

“၁၆ ရက်နေ့က ကျောက်ထုအမြှောက်တပ်ထဲကထွက်လာတာ၊ ခလရ ၂၇၄ တပ်က စစ်ကား ၂ စီး ဖောကား ၁ စီးနဲ့ အင်အား ၁၀၈ ဦးပါတဲ့စစ်သားတွေကို ကျောက်ထုနဲ့ရွှေရောင်သာအကြား မနက် ၈ နာရီ ၅၃ မိနစ်မှာမိုင်းဆွဲခဲ့တယ်၊ ၂ နေရာမိုင်းဆွဲတိုက်ခိုက်တာမှာ*တွေဘက်က ၁၁ ယောက်လောက် သေတယ်” လို့ပြောပါတယ်။

နတ်တလင်းမှာ စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲခံရပြီး ထိခိုက်မူရှိနိုင်

"မကျီးပင်ရွာတောလမ်းအတိုင်း စစ်ကြောင်းထိုးလာတာကို ရစ်ကွင်းရွာအနီးကနေ သတင်းအရစောင့်ပြီးမိုင်း ၂ လုံးဆွဲခဲ့တာပါ။ ၃ ယောက် ပြင်းထန်ဒဏ်ရာရတယ်။ သေမသေတော့ အတိအကျမသိရသေးဘူး”လို့ နတ်စစ်သည်အဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။

နိုင်ကျဉ်းအမှုတွေမှာ ရှေ့နေလိုက်ပေးသူရှားလာသလို ငွေများစွာပေးရလို့ ကိုယ်တိုင်တရားရင်ဆိုင်နေရသူတွေရှိ

"အရင်ကလည်း နိုင်ငံရေးအမှုတွေမှာ လိုက်ပါသူနည်းတယ်။ အဲမှာအဖမ်းခံရတာတွေလည်းရှိ၊ ရှောင်တိမ်းနေရသူတွေလည်းရှိတော့ လိုက်ပေးတဲ့ရှေ့နေရှားလာတာ။ အခုကတော့ မရှိသလောက်ဆိုတော့ ထောင်တွင်းတရားရုံးတွေမှာ ရှေ့နေမပါဘဲ ရင်ဆိုင်နေရတဲ့ အခြေအနေတွေ ရှိလာတယ်။ ခုခံချေပပေးမယ့်သူမရှိဘူး။ စစ်ကောင်စီဘက်ကလည်း သူတို့ပြောချင်တာပြော ရေးမှတ်ထားတာပဲ လုပ်ချင်တာလုပ်ကြတာပါ" လို့ ရှေ့နေတဦးက ဆိုပါတယ်။

ပုလဲမြို့နယ် နှောရိုးရွာက နေအိမ်အချို့ကို စစ်အုပ်စုမီးရှို့

“ဇီးဖြူကုန်းရွာကို စစ်ကြောင်းရောက်ကတည်းက အနီးအနားကရွာတွေကို စစ်ရှောင်ဖို့အတွက် အကုန်လုံးကို ဆော်သြထားတာ၊ နှောရိုးရွာကို စစ်ကြောင်းထွက်လာတော့ ရွာမှာက လူတွေမကျန်ခဲ့ဘူး၊ အားလုံးရွာကထွက်သွားကြတာ၊ မနေ့က ဇီးဖြူကုန်းရွာကိုရောက်ပြီး မနက် ၉ နာရီခွဲမှာ နှောရိုးရွာဘက်ကို ထွက်လာတာ။ ရွာလယ်က ‌နေအိမ် ၃ လုံးမီးရှို၊ နေအိမ်တွေက ပစ္စည်းတွေကို မွှေနှောက်ယူသွားတယ်”လို့ သူကပြောပါတယ်။

မန္တလေးက တည်ခိုခန်းတခု ဗုံးခွဲခံရလို့ ၉ လအရွယ်ကလေးငယ်နဲ့ မိခင်ဒဏ်ရာရ

"ညက ပေါက်ကွဲသံကြားရပြီး တည်းခိုခန်းရှေ့နေတဲ့ သားအမိ ဒဏ်ရာရသွားတာတော့ သိရတယ်။ ဆိုင်ကယ်နဲ့လာပစ်သွားတာ။ ထိခိုက်သွားတဲ့သူတွေက တည်းခိုခန်းရှေ့က မျက်နှာချင်းဆိုင် အိမ်ရှေ့မှာ ထိုင်နေတဲ့ သားအမိထိသွားတာ" လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း ကြားကာလကျောင်းက ကလေးတွေမှာ Vitamin B2 ဓာတ်ချို့တဲ့ (ကျီးကန်းပါးစပ်နာ) ရောဂါအဖြစ်များနေ

အဲဒီလိုရောဂါဖြစ်ရင်တွေ့တတ်တဲ့ လက္ခဏာတွေနဲ့ပတ်သက်ပြီး "အဲဒီဓါတ်ချို့တဲ့ရင် ပါးစောင်နဲ့နှုတ်ခမ်းအတွင်းပိုင်းလေးတွေမှာလည်း အဖုသေးသေးလေးတွေပေါက်တတ်တာပေါ့နော်။ အစားအသောက်ရှောင်လွန်းရင်လည်းဖြစ်တတ်ပါတယ်။ ခေါင်းတခြမ်းကိုက်တာ ခြေဖနောင့်တွေကွဲတတ်တယ်။ မျက်လုံးယားယံတာ၊ မူးဝေတာမျိုးဖြစ်တတ်ပါတယ်" လို့ ဆရာမ မအိက ဆက်ပြောပါတယ်။

မုံရွာကိုလာတဲ့ စစ်ကောင်စီကား မိုင်းဆွဲခံရ

"အဲ့ကားပေါ်မှာ ဒဏ်ရာရတဲ့ ကောင်တွေပါတယ်လို့တော့ သိထားပါတယ်။ မနေ့က ချောင်းဦးမြို့နယ်မှာ စစ်ကြောင်းထိုးရင်း မိုင်းဆွဲခံရလို့ ဒဏ်ရာရတဲ့ သူတွေလို့တော့ ထင်တယ်ဗျ။ တော်တော်တော့ ထိခိုက်မယ်။ ကားက ဘေးတခြမ်းလုံး စုတ်ပြတ်ပြီး မိုးကာတွေပါ ပေါက်ပြဲကုန်တာပါ" လို့ People Defence Force - South Monywa မုံရွာခရိုင် တပ်ရင်း ၁၁ မှ တာဝန်ရှိသူက ပြောပါတယ်။

ဂျုံရောင်းသွားတဲ့ အမျိုးသား ၅ ဦးကို PDF ဆိုပြီး စစ်ကောင်စီဖမ်းဆီးထား

"သူတို့ယာခင်းကထွက်တဲ့ ဂျုံတွေကို သွားရောင်းတာ။ ထော်လာဂျီ ၂ စီးနဲ့။ ပွဲရုံရောက်တော့ ဂျုံဖိုးငွေချေနေတဲ့အချိန်မှာပဲ စစ်ကောင်စီအဖွဲ့တွေ ရောက်လာပြီး PDF တွေပိုင်တဲ့ ဂျုံတွေဆိုပြီး သူတို့ကို ဖမ်းသွားတာ။ ကျနော်တို့ဘက်မှာက ဘယ် PDF မှ မရှိဘူး" လို့ ပြောပါတယ်။

ပြည်သူတွေ သွေးမအေးဖို့ မန္တလေးက ရပ်ကွက် ၁၀ ခုမှာ တော်လှန်ရေးစာရွက်တွေ လိုက်ကပ်

မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ်မှာ ပြည်သူတွေ သွေးမအေးဖို့အရေး ဝက်လက်မြို့နယ်အခြေစိုက် ကျောင်းသားများသမဂ္ဂ (ဗ.က.သများ အဖွဲ့ချုပ်)က တော်လှန်ရေးစာတွေ ရေးသားထားတဲ့ စာရွက်တွေကို ဖေဖော်ဝါရီလ ၁၈ ရက် ဒီမနက်ပိုင်းက ရပ်ကွက် ၁၀ ခုမှာ လိုက်ကပ်ခဲ့ပါတယ်။

PDF စခန်းစီးနင်းခံရပြီး မင်္ဂလာဆောင်ခါနီး ရဲဘော်ဇနီးမောင်နှံလည်း သတ်ခံရ

"ကျဆုံးသွားတဲ့ ကိုဖေနဲ့မချိုတို့က Urban Underground Revolution Force (UURF-YSO) အဖွဲ့က ဖြစ်ပေမယ့် Southern Yesagyo PDF မှာ နေတာပါ။ သူတို့လင်မယားက သဲတောရွာမှာ ညအိပ်တာ ၁၇ ရက်မနက်ရောက်တော့ စစ်သားတွေက သူတို့ ၂ ဦးကို ဖမ်းတယ်။ အခြားရွာသား ၁၀ ဦးလောက်ကိုလည်း တစာခံဖမ်းပြီး စခန်းကို လိုက်ပြခိုင်းတာ” လို့ ပြောပါတယ်။

ဝက်လက်မြို့ ပျူစောထီးနဲ့ PDFတို့ တိုက်ပွဲဖြစ်လို့ ပျူ၂ဦးသေဆုံးဟုဆို

"အဲဒီမြို့‌ပေါ်ရပ်ကွက်မှာက သူတို့က လာနေလိုက်၊ စားလိုက်သောက်လိုက်လုပ်နေတယ်။ အဲဒီထဲမှာတော့ ပျူခေါင်းဆောင်တဦးက အမြဲနေတယ်။ ကျနော်တို့ ပထမဝင်တဲ့ အိမ်နဲ့ သူတို့နေတဲ့အိမ်က ကပ်လျက်ပဲ အဲမှာအသံတွေကြားတော့ သူတို့ (ပျူစောထီး)က လက်နက်တွေ ယူပြီးထွက်ပြေးသွားကြတာ"

စစ်ကြောင်းထိုးလာလို့ ငရုတ်ခင်းထဲဝင်ပုန်းနေတဲ့ ဒေသခံ ၅၀ ကျော် အဖမ်းခံရ

"ဖမ်းမိခံရတဲ့အထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေများတယ်။ စုစုပေါင်းကတော့ ၅၀ ကျော်ရှိပါတယ်။ သူတို့အကုန်လုံးကို ငရုတ်ခင်းထဲကပဲ ဖမ်းမိသွားတာ။ အခုသူတို့ကို ငွေသောင် ဘုန်းကြီးကျောင်းထဲကို ခေါ်သွားပြီးစစ်ဆေးနေကြတယ်။ အခုအချိန်ထိတော့ တယောက်မှ လွတ်မလာသေးဘူး"လို့ ဆိုပါတယ်။

ကျဆုံးရဲဘော် နှစ်ပတ်လည် အောက်မေ့ခြင်းအခမ်းအနားနဲ့ အထိုင်သပိတ်ပြုလုပ်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တနေရာမှာ နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းတွေ၊ သပိတ်ကော်မတီတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၈ ရက်ဒီကနေ့မှာ အထိုင်သပိတ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

လမ်းသွားပြည်သူတွေကို ငွေတောင်းနေတဲ့စစ်အုပ်စု လောင်ချာနဲ့ပစ်ခံရလို့ ၃ ဦးသေဆုံးဟုဆို

“ဒီနေ့မနက် ၃ နာရီလောက်က မုံရွာမြို့နယ် လဝက ရုံးကိုဝင်ပစ်ခဲ့တာ၊ *၃ ကောင်က ကျနော်တို့သွားပစ်တဲ့ ရဲဘော်တွေရဲ့မျက်စိရှေ့မှာတင် သေတာ၊ ကျန်တဲ့အထိအခိုက်စာရင်းတော့ အတိအကျမသိရသေးဘူး၊ အရပ်ဝတ်တွေနဲ့ဆိုတော့ ဘယ်တပ်ကလို့တော့မသိရဘူး၊ ယူနီဖောင်းလည်းဝတ်မထားဘူး၊ အဲဒီ လဝက ရုံးကို *တွေက ဝင်လိုက်ထွက်လိုက်လုပ်ပြီး ခဏခဏ လမ်းသွားပြည်သူတွေကိုစစ်ဆေးပြီးတော့ ငွေတွေတောင်းတာကြောင့် ပစ်ခတ်ခဲ့တာ” လို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10