တောင်တွင်းကြီး လွှတ်တော်ကိုယ်စားလှယ်နဲ့ အမျိုးသမီး ၂ ဦးဖမ်းဆီးခံရပြီး အဆက်သွယ်ပြတ်နေ
"လွှတ်တော်ကိုယ်စားလှယ်ဖမ်းဆီးခံရပြီး ရန်ကုန်က အမျိုးတော်စပ်တဲ့ အမျိုးသမီးနှစ်ဦးကိုလည်း ဖမ်းဆီးပါတယ်။ အင်းစိန်မြို့မရဲစခန်းကို သွားရောက်စုံစမ်းတော့လည်း သူတို့ဆီမှာမရှိလို့ သူတို့လည်းမသိဘူး၊ နောက်တပတ်လောက်နေရင်တော့ သိနိုင်တယ်လို့ အဲဒီစခန်း တာဝန်ရှိသူတဦးက ပြန်ပြောလိုက်တယ်"