တိုက်ပွဲမရှိပဲ စစ်တပ်က ရွာကိုမီးရှို့ပြီး ရွာထဲ တညအိပ်ကာ ချက်ပြုတ်စားသောက်ခဲ့
"ဒီရွာကို စကစတွေဝင်တာက ၃ ကြိမ်ရှိပြီ။ ဇန်နဝါရီလထဲမှာ ပထမအကြိမ်ဝင်လို့ မီးရှို့တယ်။ ဒုတိအကြိမ်တော့ မရှို့ခဲ့ဘူး။ အခုအကြိမ် မှာတော့ မီးရှို့လို့၂၂လုံးပျက်စီးတယ်။ ပြီးတော့ ရွာထဲက ဆိုင်တွေကစားသောက်ကုန်ပစ္စည်းတွေယူပြီး ဘုန်းကြီးကျောင်းထဲမှာ ချက်ပြုတ် စားသောက်တယ်။ ဘုန်းကြီးကျောင်းက မီးစက်ကိုနှိုးပြီး မီးထွန်းပြီးစားသောက်ကြတယ်။ ကျနော်တို့က ဒရုန်းနဲ့ကြည့်လို့မြင်ရတာ"