သတင်းတို

ကျောင်းကြိုပို့ကားကို မိုင်းဆွဲတာမဟုတ်ပဲ ဆိုင်ကယ်နဲ့လာတဲ့ စစ်သားတွေကို မိုင်းဆွဲခဲ့တာလို့ဆို

"ကျနော်တို့က ကားကိုဆွဲတာ မဟုတ်ဘူးဗျ။ ကားနောက်က ဆိုင်ကယ်စီးလာတဲ့ စစ်ကောင်စီ တပ်သားတွေကို ဆွဲတာ။ ဆိုင်ကယ် ၁ စီးမှာ ၂ ယောက်စီးလို့ပါ။ အဲဒါကို ကျနော်တို့မိုင်းဆွဲတဲ့အခါမှာ ဆိုင်ကယ် ၂ စီးလည်း ထိသွားတယ်။ ကားကိုပါ ထိမှန်သွားတာပါ" လို့ ဆိုပါတယ်။

တပ်ရင်းတပ်ဖွဲ့နဲ့ Local PDF တွေအတွက် နိုင်ငံရေးအသိပညာပေး သင်တန်းတွေပို့ချ

“အဓိက လက်ရှိမှာ ကာကွယ်ရေးအဖွဲ့တွေက စစ်ရေးအရသွားတဲ့အခါမှာ သတ်ပုံကျကျနဲ့ စစ်ရေးအထိန်းကွပ်လည်း ရှိစေချင်တယ်။ စစ်သည်တော် ကျင့်ဝတ်နဲ့အညီလည်း ဖြစ်စေချင်တဲ့အတွက် COC ၂ ရပ်ကို အဓိကထား ပို့ချပါတယ်” လို့ သင်တန်းပို့ချပေးခဲ့တဲ့ တာဝန်ခံ အမျိုးသမီးတဦးက ပြောပါတယ်။

ရွှေဘိုမြို့နယ်ထဲက ကျေးရွာ ၂ ရွာ တရက်တည်း မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ပန်းလှိုင်ရွာနဲ့ မုန်စီရွာက နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့က တရက်တည်းမှာပဲ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သရက်က ကပစ ၁၂ ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်ခံရ

"အဲဒီအထဲမှာက ထုတ်လုပ်ရေးသမားတွေ ရှိတယ်။ တိုက်ခိုက်ရေးဘက်က အရာရှိအနည်းအကျဥ်းတော့ ရှိတယ်။ လက်ရှိလည်း လက်နက်ကြီးကျည်တွေ ထုတ်လုပ်နေတယ်။ ဒါကြောင့် ပစ်ခတ်ခဲ့တာပါ" လို့ Eagle Force အဖွဲ့ တာဝန်ခံ ကိုမြတ်က ပြောပါတယ်။

ကြို့ပင်ကောက်မှာ အိမ်စီးကားတစီး အရှိန်လွန်တိမ်းမှောက် ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း ကျွဲဘိကျေးရွာအနီးမှာ ဖေဖေါ်ဝါရီလ ၁၅ ရက် မနေ့နေ့လယ်က အိမ်စီးကားတစီး အရှိန်လွန်ကာ လမ်းဘေးထိုးကျမှု ဖြစ်ပွားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

လောင်းကစားဝိုင်းမှာ ဒိုင်ကိုင်နေတဲ့ ပျူခေါင်းဆောင် ပစ်ခတ်ခံရလို့ ပြင်းထန်ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ရွှေကြိုပင်ကျေးရွာ လယ်ကွင်းထဲက လောင်းကစားဝိုင်းမှာရှိနေတဲ့ ကျေးရွာပျူစောထီးခေါင်းဆောင် လောင်းကစားဒိုင်ဆိုသူဟာ သေနတ်နဲ့ပစ်ခံရလို့ ပြင်းထန်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

အရာတော်မှာ စစ်တပ်ကျောင်းကား မိုင်းဆွဲခံရလို့ ကျောင်းသူ ၁ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရဟုဆို

"စစ်ကားနဲ့ သူတို့တပ်ဝင်းထဲက ကျောင်းသားတွေကို ကြိုပြန်လာတဲ့ကား။ ကလေးတွေက သံချပ်ကာတပ်ထဲက တပ်မိသားစုဝင်ကလေးတွေလို့ သိရတယ်။ အရပ်သားကားနဲ့ ပြန်တာမဟုတ်ဘူး။ စစ်ကားနဲ့ ပြန်နေကြပဲ။ ဒါကို မိုင်းဆွဲတာ။ ထိခိုက်ဒဏ်ရာက သူများတယ်လို့ သိရတယ်" လို့ ပြောပါတယ်။

အင်အား ၁၀၀ ကျော်ပါစစ်ကြောင်း မိုင်းဆွဲခံရလို့ ၁၅ ဦးထက်မနည်း သေဆုံးခဲ့လို့ဆို

"စကစတွေက မိုင်းတွင်းထဲကို ဝင်တဲ့အချိန်မှာဘဲ ဖောက်ခွဲလိုက်လို့ သေဆုံးသူက ၁၅ ဦးနဲ့ ၂၀ ကြားမှာ ရှိတယ်။ ကျနော်တို့မျက်မြင်ပါ။ ဒဏ်ရာရသူတွေလည်း တော်တော်လည်း များတယ်ဗျ။ ကျနော်တို့က မိုင်း ၇ လုံးကို ၄ ပွိုင့်ခွဲ တိုက်ခိုက်ခဲ့တာဗျ" လို့ဆိုပါတယ်။

ဘန့်ဘွေးရွာက ပျူစောထီးတွေက စစ်တပ်နဲ့ပေါင်းပြီး ကိုယ့်ရွာသားအိမ်တွေကို မီးပြန်ရှို့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာ တောတိုက်တွေထဲက နေအိမ် ၈ လုံးကို ဖေဖေါ်ဝါရီလ ၁၅ ရက် ဒီနေ့နေ့လယ် ၁၂ နာရီခွဲလောက်မှာ စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။

PDF ယာယီစခန်း ရုတ်တရက် ဝိုင်းပစ်ခံရလို့ ပစ္စည်းအချို့ဆုံးရှုံး

"စစ်ကြောင်းက လာမှန်းကို မသိရတာ။ စခန်းနားကို ညကပ်တာ။ ကင်းပုန်းယူပြီး လက်နက်ကြီးနဲ့ ပထမတချက်ထုတော့ ရဲဘော်တွေက အသံမိုင်း Error တက်ပြီး ကွဲတယ်ထင်တာ။ နောက်တချက်ကျ စခန်းဘေးကိုကျတာ။ အဲ့ချိန်မှ ကိုယ့်အနီးနားရှိတဲ့ပစ္စည်းလေးတွေ ဆွဲပြီးပြေးရတာ။ လုံးဝ စခန်းကိုကောင်တာထောက်ပြီးပစ်တာ။ ရွာတွေကိုလည်း မဝင်ဘူး။ စခန်းကိုတိုက်ရိုက်လာတာ။" လို့ ရဲဘော်တဦးက ပြောပါတယ်။

သေဆုံးစစ်ကောင်စီအရာရှိတွေကို ထင်းမီးနဲ့သင်္ဂြိုလ်ရာက ကြာဇံစက်ကို မီးကူးစက်လောင်ကျွမ်း

"မီးသင်္ဂြိုလ်တာက စက်နဲ့မဟုတ်ဘူး။ အလောင်းတွေကို ထင်းပုံပြီးတော့ မီးရှို့တာ။ အဲဒီအချိန်မှာ လေက တအားတိုက်နေတော့ မီးကစက်ရုံရဲ့ ခြံစည်းရိုးတွေကို ကူးစက်လောင်ကျွမ်းသွားတာ။ အဲဒီအချိန်မှာဘဲ မီးသတ်ကားတွေကို ခေါ်ပြီးတော့ မီးငြိမ်းသတ်ခဲ့ရ​တယ်။ မီးသတ်ကားတွေ ရောက်လာခဲ့လို့ စက်ရုံအထဲကိုတော့ မီးကမရောက်ခဲ့ဘူး" လို့ ဆိုပါတယ်။

အသံမိုင်းကွဲတာကို ထွက်ကြည့်တဲ့ စစ်သား ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

"သူတို့ထွက်လာအောင် တမင်အသံမိုင်းခွဲခဲ့တာ။ အဲဒီမှာ စကစ တပ်သား ၂ ယောက် ထွက်လာတာ မြင်တော့ ဝိုင်းပစ်တာ။ အပစ်ခံရတဲ့နေရာမှာပဲ လဲကျသွားတာ မျက်မြင်ပါ။ ပစ်ပြီးတာနဲ့ ကျနော်တို့ဘက်က ပြန်ဆုတ်လာတယ်။ သူတို့ဘက်ကတော့ တရစပ် ပစ်ကျန်ခဲ့တယ်" လို့ ပြောပါတယ်။

ဗုံးသီးခွံတွဲကား ၃ စီး ပါသွားမှုနဲ့ သရက်တပ်နယ်မှူးကို တပ်အချုပ်ထဲမှာထားပြီး ၁ နှစ်နီးပါး အမှုစစ်ဆေးနေ

မကွေးတိုင်း၊ သရက်မြို့အခြေစိုက် အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၂) စက်ရုံမှူး (သရက်တပ်နယ်မှူး) ဗိုလ်မှူးကြီးဝင်းကြူကို အောင်လံမြို့အခြေစိုက် ကပစ ၁၅ တပ်ဗဟိုကင်းမှာ စစ်ဘက်အချုပ်နဲ့ ချုပ်နှောင်ထားဆဲဖြစ်ပြီး အမှုဆက်လက်စစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက ပျူစောထီးတွေကိုပါ လူသားဒိုင်းသဖွယ် အသုံးပြုနေ

"ဖေဖေါ်ဝါရီလ ၉ ရက်ညက တိုက်ခိုက်ခံရပြီးကတည်းက စိန်နားက ပျူတွေက မနေရဲတော့လို့ တခြားကိုရွှေ့မယ်ပြောတာကို စစ်သားနဲ့ ကျေးရွာခေါင်းဆောင်လည်းဖြစ် ပျူစောထီးခေါင်းဆောင်က မပြောင်းခိုင်းဘူး။ ပြည်သူကိုမပြောနဲ့ သူတို့လူ သူတို့ လူသားဒိုင်းလုပ်ပြီး ချနင်းနေကြတာ" လို့ ပြောပါတယ်။

လောင်းကစားဝိုင်းမလုပ်ဖို့ သတိပေးတဲ့ ကာကွယ်ရေးရဲဘော်တွေကို တိုက်ခိုက်ဖို့ရွယ်တဲ့ပျူစောထီး ပစ်ခတ်ခံရ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ ချမ်းသာကုန်းကျေးရွာနဲ့ ညောင်လေးပင်ရွာကြားက သုဿန်မှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို ဆက်မလုပ်ဖို့ အသံမိုင်းခွဲသတိပေးတဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေကို စကေဘာနဲ့ထိုးဖို့လာတဲ့ ပျူစောထီးဆိုသူ သေနတ်နဲ့ပစ်ခံရပြီး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10