ဆားလင်းကြီးက စစ်ဘေးနဲ့ မီးဘေးသင့်ကျေးရွာကို S&C က ရိက္ခာထောက်ပံ့
အိမ်ထောင်စု ၁၂၈ စုကို တအိမ်ထောင်လျှင် ဆန် ၄ ပြည်၊ ဆီ ၁ ပုလင်း၊ ဆား ၁ ထုပ်ဆီ ထောက်ပံ့ခဲ့တာ
အိမ်ထောင်စု ၁၂၈ စုကို တအိမ်ထောင်လျှင် ဆန် ၄ ပြည်၊ ဆီ ၁ ပုလင်း၊ ဆား ၁ ထုပ်ဆီ ထောက်ပံ့ခဲ့တာ
"ဒီလိုကန့်သတ်တာတွေကို ဒေသခံပြည်သူတွေ အနေနဲ့လိုက်နာမှုအားနည်းတယ်။ လိုက်နာမှု အားနည်းတော့ ကျနော်တို့တွေအနေနဲ့က လုပ်ငန်းဖော်ဆောင်ရာမှာ နှောင့်နှေးကြန့်ကြာမှုအပြင် ပြည်သူတွေနစ်နာမှု မဖြစ်စေဖို့ လက်လွှတ်လိုက်ရတဲ့အလုပ်တွေ။ ငွေကြေး၊ အချိန်တွေပေးဆပ်ထားပြီးလုပ်ရတော့ ကျနော်တို့အတွက် နစ်နာစေတာပေါ့"
“မိုင်းဆွဲလိုက်တော့အလယ်ကားကို ထိသွားတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်း များနိုင်တယ်။ အတိအကျတော့ပြောလို့မရသေးပါဘူး။ မိုင်းဆွဲပြီတော့ သူတို့ဘက်ကလည်းလက်နက်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ အခုဆို မန်ကျည်းစုရွာနဲ့ ထိန်ပန်းရွာက ဒေသခံတွေ ထွက်ပြေးနေရတယ်”
“အစက လစဉ်ထောက်ပံ့တဲ့ ပြည်တွင်းပြည်ပက ကူညီနေတဲ့ NGO အဖွဲ့လေးတွေရှိတယ်၊ အဓိကကတော့ ပြည်ပကနေထောက်ပံ့တာပေါ့။ လက်ရှိမှာတော့ အဲ့အဖွဲ့တွေက ရုတ်တရက် ထောက်ပံ့မှုပြတ်တောက်သွားတယ်၊ ခုဆို တပတ်လောက်ပဲ တောင့်ခံနိုင်တဲ့ အခြေနေဖြစ်နေတယ်၊ အရင်က ၃ နပ်စားရင် ခုက ၂ နပ်လျော့စားရတဲ့ အဆင့်ကိုရောက်နေတာ။”
"ဒီဘက်က ပူးပေါင်းအဖွဲ့တွေက ကိုက် ၃၀၀ ဝန်းကျင်လောက်နေ လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တာ။ သူတို့စခန်းတိုက်ခံရလို့ မြောက်ခင်ရန်းဘက်က ပျူတွေကလည်း စစ်ကူလာတာကို လမ်းကနေဖြတ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ သူတို့လာမှာသိလို့ အဖွဲ့ခွဲပြီး စောင့်နေခဲ့တာ။ ရဲစခန်းက အဖွဲ့တွေက ဒေသခံတွေကို နည်းလမ်းပေါင်းစုံ ဒုက္ခပေးနေတာဆိုတော့ တိုက်မှဖြစ်တော့မယ်ဆိုပြီး တိုက်တာ"
“အဲ့ဒီအဖွားက ဘုန်းကြီးကျောင်းမှာ သွားရှောင်နေတာ၊ လေယာဉ်က အဲ့ကိုကျဲတော့ ဗုံးအားနဲ့ လေဟပ်ပြီး နှလုံးရပ်သေတယ်လို့ သိရတယ်၊ အလောင်းက အခုထိဘုန်းကြီးကျောင်းထဲမှာပဲ ဘာမှလုပ်လို့မရသေးဘူး”
"သပိတ်ဆိုတာ နွေဦးတော်လှန်ရေးရဲ့ထောက်တိုင်တွေထဲမှာ ပါဝင်သလို လူထုကိုယ်စား ကျမတို့လူငယ်တွေက အာဏာရှင်ကိုအလိုမရှိကြောင်း နိုင်ငံတကာကိုပြချင်လို့ပါ။ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေရှိနေတာကို မြို့ပေါ်မှာ အပြုံးမပျက်သွားလာစားသောက်နေကြတဲ့သူတွေရှိနေလို့ မီးမောင်းထိုးပြရတာဖြစ်တယ်"
"ကျေးရွာပကဖရဲဘော်က လွယ်မောက်တောင်ရွာအနီးက တိုက်ပွဲမှာအဖမ်းခံရတာ၊ ဆေးဆရာကိုတော့ သဲကောရွာကဖမ်းပြီး လွယ်မောက်ရွာအရောက်မှာ သတ်ပြီးတော့ အိမ်သာကျင်းထဲ ထည့်ထားခဲ့တာ။ မောင်းကော်က ၂ ယောက်ကတော့ ကိုယ့်ရွာထဲမှာ အသတ်ခံရတာ။ နောက်တယောက်ကတော့ ကန့်ဘလူနယ်က စစ်ရှောင်နေတာ။ သူက အောက်သီတရာရွာအထွက်မှာ နွားကျောင်းနေချိန် စကစတွေနဲ့တွေ့လို့ ပစ်သတ်ခံရတာ"
"စကစတွေက ရွာအရှေ့ဖက်ကို ၃ဖွဲ့ခွဲပြီးဝင်တာ အဲဒီထဲက တဖွဲ့က ကျနော်တို့မိုင်းကွင်းထဲကို ဝင်ရောက်လာတာနဲ့ ဖောက်ခွဲလိုက်တာ။ ၃ ကောင်လဲကျသွားတာကိုမြင်ခဲ့ရတယ်။ မိုင်းက တိုက်မိုင်းဆိုတော့ နောက်ထပ်လည်း ဒဏ်ရာရ၊ သေဆုံးသူတွေရှိနိုင်တယ်ဗျ"
“သူတို့ကိုဖမ်းသွားကတည်းက ၅ ယောက်တဖွဲ့စီဖမ်းခေါ်သွားတယ်။ ဖမ်းခေါ်သွားတဲ့အချိန်မှာ သူတို့ကို ကျည်တွေ ထမ်းခိုင်းတယ်။ နောက်ပြီး ပြောသေးတယ်။ လှတောရွာကိုပြန်ဝင်ပြီ မီးရှို့ဦးမယ်ဆိုတာတွေ။ ဒီနေ့မနက်မိုးမလင်းတလင်းလောက်မှာ စကစတွေက အရက်သောက်ပြီး မူးနေတော့ သူတို့သုံးယောက်က အနောက်ပေါက်ကနေထွက်ပြေးခဲ့ကြတာ။ သူတို့နဲ့အတူ အခြားသူတွေလည်းထွက်ပြေးတယ်လို့ကြားတယ်။ အခုချိန်ထိတော့ ဘာသတင်းမှ မသိရသေးဘူး”
"ရေဝင်တာများတော့ ကွမ်းခြံတွေပျက်ကုန်တာပေါ့။ ကွမ်းလဲရောင်းစရာမရှိတော့ဘူး။ အခုတပိဿာတသောင်းကျော်ရှိတယ်"
"မနေ့က ပေါင်းတည်ထောင်တွင်းတရားရုံးကနေ အမိန့်ချတာပါ။ နှစ် ၅၀ စီချခံရတဲ့ ကိုဇင်မြင့်ထွန်းနဲ့ ကိုဗညားမျိုးသန့်ကိုတော့ ပြည်ထောင်ကိုပို့ပါတယ်။ ကျန်တဲ့ ၄ ဦးကပေါင်းတည်ထောင်မှာပဲ ထားပါတယ်။ အမိန့်ချခံရတဲ့အားလုံးက အသက် ၂၅ အရွယ်ဝန်းကျင်တွေပါ"
"လက်ရှိကတော့ သူတို့လုံခြုံတယ်။ နယ်မြေခံအဖွဲ့တွေနဲ့အတူတူရှိနေကြတယ်။ ကျန်းမာရေးလည်းကောင်းကြတယ်။ သူတို့က မူလကလည်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေဖြစ်လို့ တာဝန်တွေကို ပြန်ထမ်းဆောင်တော့မှာပါ။ နောက်ဆက်တွဲအခြေနေတွေကတော့ အခါအခွင့်သင့်ရင် ပြည်သူတွေသိအောင် အသေးစိတ်ဖော်ပြပေးသွားမှာပါ"
"အပြန်အလှန်ပစ်ခတ်နေတဲ့အချိန်မှာ စကစဘက်ကကျသွားတဲ့ အကောင်တွေလည်းရှိတယ်။ တိုက်ပွဲဖြစ်ပြီးလို့ နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာ စကစတွေရဲ့အလောင်းတွေ၊ အင်္ကျီတွေ၊ လက်နက်၊ ခဲယမ်းတွေကို သိမ်းဆည်ရထားတယ်ဗျ။ လက်နက်ပစ္စည်းအရေအတွက်ကတော့ ကျနော့်ဆီ စာရင်းမရောက်သေးဘူး။ စကစဘက်ကကျတဲ့အထဲမှာ ဗိုလ်ကြီးတကောင်လည်းပါတယ်"
“အမြင့်မြို့ဟောင်းလမ်းပိုင်းကနေ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေဆီက ဆိုင်ကယ်တွေဖမ်းဆီးပြီး တစီးကို ၃ သိန်းနဲ့ ပြန်ရွေးခိုင်းတယ်။ ကားတွေဆို ကားပေါ်ပါတဲ့ပိုက်ဆံအကုန်ယူတယ်။ ဆိုင်ကယ်တွေဖမ်းပြီးရင် တရက်ထဲအပြီးရွေးခိုင်းတယ်။ သူတို့တောင်းတဲ့ငွေပမာဏ မပေးနိုင်ရင် တော်တော်တောင်းပန်ပြီးမှ တဝက်ကြေးပေးရတယ်”