ရုပ်သံ

အညာမြေတပ်ပေါင်းစုက ရဲဘော် G shock  နာရေးရက်လည်ကို ၁၀ ရက်ကြာမှာပြုလုပ် (ရုပ်/သံ)

မြိုင်မြို့နယ်က၊ ကိုင်းတောမရဲစခန်းနဲ့ မြိုင် ကပစကို ရေပေးဝေနေတဲ့ ရေစက်အထိုင်စခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး သြဂုတ်လ ၃ ရက်က စတင်တိုက်ခဲ့တာဖြစ်ပြီး အဲဒီနေ့တိုက်ပွဲမှာ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)က အသက်(၁၇)နှစ်အရွယ် ရဲဘော် မဟောက်နဲ့ အညာမြေတပ်ပေါင်းစု ကအသက်(၂၃)အရွယ် ရဲဘော် G Shock တို့ကျဆုံးခဲ့ရပါတယ်။

မြေလတ်ပေးစာ (Podcast)

-မိုးညို၊ ရေကင်းရဲစခန်း၊ စခန်းမှူးဟာ လာဘ်စားတာအနိုင်ကျင့်တာတွေလုပ်ဆောင်နေ။ -ရန်ကုန်မှာ လူငယ်တွေကိုစစ်မှုထမ်းဖို့ပြောပြီး မိဘတွေကိုပါ ဓာတ်ပုံရိုက်ယူတာတွေရှိနေ။ -သဲကုန်းမြို့နယ်၊ ဝက်ပုတ်၊ ကြို့ပင်သာမှာ စစ်မှုထမ်းတဲ့သူတွေ ဆုငွေပေးဖို့အကြောင်းပြချက်နဲ့ ပိုက်ဆံကောက်ခိုင်း။

ရေနံချောင်းမှာ တိုက်ပွဲကြောင့် လူထောင်ချီ ထွက်ပြေးနေရပြီး စားသောက်ရေးအခက်ကြုံနေ (ရုပ်/သံ)

အင်အား ၄၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရွှေတုတ်ကန်ကျေးရွာ အဝင်လမ်းထိပ်နဲ့ ကျေးရွာထဲမှာ ၁ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရွှေတုတ်ကန်နဲ့ ဝါရိုးကျေးရွာက ဒေသခံတွေရွာလုံးကျွတ်ထွက်ပြေးခဲ့ရတာလို့ ရွှေတုတ်ကန်ကျေးရွာမှ ထွက်ပြေးနေရသူ အမျိုးသမီးတဦးက ဆိုပါတယ်။

စစ်အုပ်စုတပ်စွဲနေရာလေးခုကို တပြိုင်နက်ဝင်တိုက်ပြီး စစ်ကောင်စီပိုင် စွပ်ကျယ်စက်ရုံနဲ့ စစ်ကားကို မီးရှို့ (ရုပ်/သံ)

တောင်သာမြို့နယ်ထဲက စစ်အုပ်စုတပ်စွဲနေတဲ့ ဘုရားလှပျူစောထီးရွာ၊ ‌မင်းကန်ရွာအနီး တရုတ်ပိုက်လိုင်း၊ ကျောက်ခွဲစက်ဂိတ်နဲ့ စက်မှု ၁ စွပ်ကျယ်စက်ရုံတို့ကို တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ နေရာလေးခုကို တိုက်ခိုက်‌နေတဲ့ အချိန်မှာပဲ တောင်သာမကျီးရိုးဂိတ်နဲ့ တောင်သာမြို့ထဲက စစ်ကောင်စီတပ် တပ်စွဲတဲ့နေရာတွေကိုလည်း ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ သူကဆက်ပြောပါတယ်။

ပခုက္ကူမှာ ယာဉ်တန်းတိုက်ခိုက်ခံရပြီး စစ်သားအများအပြားသေဆုံး G3 ၄ လက်တော်လှန်ရေးအဖွဲ့တွေရ (ရုပ်/သံ)

ပခုက္ကူမြို့ကကနေ ထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကား ၂ စီး၊ ၆ ဘီးကား ၁ စီးဟာ ဩဂုတ် ၁၀ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်တာကိုခံလိုက်ရတာလို့ Southern YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်းက ပြောပါတယ်။

စစ်သင်တန်းပေးရင်း ရဲဘော်တွေအချင်းချင်း လက်ဝှေ့ထိုးယှဥ်ပြိုင်လေ့ကျင့် (ရုပ်/သံ)

တောင်ငူခရိုင်နဲ့ နေပြည်တော်ကြား စစ်တောင်းမြစ်အရှေ့ကမ်းပေါ်က ရှေ့တန်းတနေရာမှာရှိနေတဲ့ နေပြည်တော် PDF တပ်ရင်းအမှတ် ၉၀၁ နဲ့ စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ (နေပြည်တော်) စခန်းတနေရာမှာ စစ်ရေးနားချိန် စစ်သင်တန်းပေးရင်း ရဲဘော်တွေအချင်းချင်း လက်ဝှေ့ထိုးယှဥ်ပြိုင်လေ့ကျင့်တာ ပြုလုပ်နေတယ်လို့ နေပြည်တော် PDF တပ်ရင်း ၉၀၁ ဆီက သိရပါတယ်။

ဆားလင်းကြီးက ဒေသခံ ၁၅၀ ကျော်ကို BLDF က ကျန်းမာရေးစောင့်ရှောက်မှုပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျေးရွာတရွာက ဒေသခံ ၁၅၀ ကျော်ကို သြဂုတ် ၁၀ ရက်မနေ့က ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF အဖွဲ့ဆီက သိရပါတယ်။

တောင်သာက စစ်တပ်စခန်းတိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဝဲလောင်တိုက်နယ်၊ ဝဲလောင်ရွာက စစ်ကောင်စီ တပ်စခန်းတခုကို တိုက်ခိုက်ခဲ့တာကြောင့် ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ကျဆုံးရဲဘော်တွေအတွက် နှစ်နှစ်ပြည့် ဂုဏ်ပြုအထိမ်းအမှတ်ကျင်းပ (ရုပ်/သံ)

ကျဆုံးရဲဘော်တွေဟာ မကွေးတိုင်းထဲက ဆိပ်ဖြူ၊ နတ်မောက်၊ မြို့သစ်၊ တောင်တွင်းနဲ့ အောင်လံမြို့နယ် စတဲ့ မြို့နယ်အတွင်း နေ့ရက်အသီးသီးမှာ ကျဆုံးတာဖြစ်ပြီး အဲဒီအထဲက ရဲဘော် ၇ ဦးကျဆုံးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ် ၉ ရက်ကို အထိမ်းအမှတ်နေ့ သတ်မှတ်ကာ ကျင်းပတာလို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲ ဆက်တိုက်အောင်မြင်ခဲ့တဲ့ ရဲဘော်တွေကို စစ်‌ရှောင်တွေက အောင်သပြေပန်းနဲ့ ကြိုဆို (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကိုင်းတောမရဲစခန်း၊ စစ်တပ်အထိုင်စခန်းနဲ့ ပျူစောထီးစခန်းတွေကို သိမ်းပိုက်ပြီးပြန်လာတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို စစ်ရှောင်တွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့နယ်မှာ စစ်ဆေးရေးဂိတ်ပိတ်သိမ်းခံရလို့ဆိုကာ PDF ကို ကျေးရွာခံတချို့ဆန္ဒပြ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဖုတ္ထန်းတောကျေးရွာရှိ စစ်ဆေးရေးဂိတ်ကို ရွှေဘိုခရိုင်အမှတ် ၁၂ တပ်ရင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေက ပိတ်သိမ်းခဲ့တာကြောင့် ကျေးရွာခံတွေက မကျေမနပ်ဖြစ်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ကိုယ်လက်အင်္ဂါစွန့်လွှတ်လိုက်ရတဲ့ ရဲဘော်တွေရဲ့ မိသားစုကိုထောက်ပံ့ဖို့ PDF တွေ စပါးစိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်းက PDF ရဲဘော်ရဲမေတွေဟာ မိုးစပါးတွေကို စတင်စိုက်ပျိုးပြီးစီးခဲ့ပြီး အဲဒီက ထွက်ရှိတဲ့ စပါးတွေကိုတော့ တော်လှန်ရေးအတွင်း ကိုယ်လက်အင်္ဂါစွန့်လွှတ်လိုက်ရတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကို ထောက်ပံ့မယ်လို့ သိရပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- ၃၆ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့အခမ်းအနားကို ABSDF စစ်ကြောင်း ၃ က ပြုလုပ် - စစ်ကောင်စီက ၂ ရက်ဆက် လေကြောင်းကပစ်ခတ်လို့ မြိုင်နယ်ကဒေသခံ ၅၀၀၀ ကျော် အရေးပေါ်ထွက်ပြေးရ - ရေစကြိုနယ်က နေအိမ် ၂၃ လုံးကို စစ်အုပ်စုက မီးရှို့လို့ ပြာကျပျက်စီး - ဗကသရဲဘော်သတ်ဖြတ်ခံရမှု ကျူးလွန်ကြောင်းဝန်ခံထားသူတဦးကို တရားစွဲဆိုနိုင်ရေးလုပ်ဆောင်နေ - မင်းတုန်းဒေသခံတွေကို သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ လေကြောင်းရန်ကာကွယ်ရေး အသိပညာပေး - ခန္တီးမြို့ရေကြီးပြီးနောက် ကုန်စျေးနှုန်း ၂ ဆ မြင့်တက်နေ - ပသုံးလုံးထိန်းချုပ်နယ်မြေ ဝက်လက်မှာ ဆည်ရေမရတာနဲ့ မိုးမရွာတာကြောင့် မိုးစပါးဧက ၇၀၀၀ ကျော် စိုက်ဖို့အခက်တွေ့ - တောင်ငူက ရေဘေးသင့်ပြည်သူ ၁ သောင်းကျော်အတွက် အကူညီလိုအပ်နေဆဲ

ဒိန်းဒေါင်ဦးဆောင်တဲ့ လူရွှင်တော်အဖွဲ့က MNDAA ကို အလိုမရှိကြောင်း နေပြည်တော်မှာဆန္ဒပြ (ရုပ်/သံ)

ဒိန်းဒေါင်အပါအဝင် ၎င်းဦးဆောင်တဲ့ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံးအဖွဲ့ဝင်တွေဟာ MNDAA အပါအဝင်မဟာမိတ်တွေဖြစ်တဲ့ AA နဲ့TNLAကိုလည်း အလိုမရှိကြောင်း၊ ဆန့်ကျင်ရှုတ်ချကြောင်း ရေးသားထားတဲ့ ဘန်နာတွေကိုကိုင်ဆောင်ကာ ဆန္ဒပြခဲ့တာကို စစ်တပ်ထောက်ခံမီဒီယာတွေကတဆင့် ဓာတ်ပုံတွေနဲ့ တကွ ထုတ်ပြန်ထားပါတယ်။

ဝက်ပုတ်ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက် စစ်အုပ်စု ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ပျူစောထီးစခန်းကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးဝန်းကျင်သေဆုံးကာ၂၀ ဦးဒဏ်ရာရသလို လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် အဖွဲ့ဆီကသိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10