ရုပ်သံ

ကိုယ်တိုင် စိုက်ပျိုးထားတဲ့ စပါးတွေကိုကြိတ်ခွဲပြီး ရေဘေးသင့်တွေကို ဆန်တင်း ၁၅၀ ကျော် ထောက်ပံ့ခဲ့တဲ့ S&C (ရုပ်/သံ)

S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ စပါးခင်းတွေကနေ ထွက်ရှိလာတဲ့ စပါးတွေကို ကြိတ်ခွဲပြီး ဆန်တင်း ၁၅၀ ကျော်ကို ရေဘေးသင့်တွေအတွက် လက်ရှိမှာ လှူဒါန်းထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။

ကနီမြို့နယ်ထဲမှာ အခြေခံကွန်မန်ဒို သင်တန်းဆင်းပွဲ ပြုလုပ် (ရုပ်/သံ)

ဧပြီ ၂ ရက်က စတင်ခဲ့တဲ့ ၃ လကြာသင်တန်းကို ရဲဘော် ၁၈ ဦးတက်ရောက်ခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်မှာ သင်တန်းဆင်းပွဲပြုလုပ်ပေးခဲ့တာလို့ မုံရွာခရိုင် အမှတ် ၂၅ တပ်ရင်း၊ တပ်ခွဲ ၅၊ ဒုတပ်ခွဲမှူး ကိုအာကြီးက ပြောပါတယ်။

ပျူစောထီးသားအဖ ၂ ဦးနဲ့ မိသားစုဝင် ၇ ဦး ဝံပုလွေပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်လာ (ရုပ်/သံ)

ပျူစောထီးမိသားစုကို လုံခြုံတဲ့နေရာမှာ ပြုစုစောင့်ရှောက်ထားပြီး သာမန်ပြည်သူလူထုတွေလိုပဲ လုပ်ကိုင်စားသောက်ကြမှာဖြစ်တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင် ခေါင်းဆောင် ဗိုလ်မီးပွားက ပြောပါတယ်။

စစ်တပ်ကစစ်ကြောင်းထိုးလာလို့ ချင်းတွင်းမြစ်ကမ်းဘေးက ဒေသခံ ၁ သောင်းကျော် ထွက်ပြေးရ (ရုပ်/သံ)

“အလုံမင်းဒေါင့် ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဖလက်မော်တော်တွေနဲ့ စစ်ကြောင်းထိုးလာတာပါ၊ ကုန်းကြောင်းကနေ စစ်ကြောင်းထိုးတာတော့ မရှိသေးဘူး”

ပုလဲမြို့နယ်တွင်းက ကျွန်းသစ် ခိုးထုတ်သူတွေကို ဖမ်းမိ (ရုပ်/သံ)

သစ်ခိုးသမားတွေကို အဖွဲ့က ဝင်ရောက်ဖမ်းဆီးချိန်မှာ သစ်ခိုးထုတ်နေသူ ၃ ဦးနဲ့ နွား ၂ ကောင်အပါ ခုတ်လက်စ ကျွန်းသစ် ၁ တန်နီးပါကို ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိတဲ့သူတွေနဲ့ ပစ္စည်းတွေကို ပုလဲမြို့နယ် ပကဖ၊ ပအဖတွေကို လွှဲပြောင်းပေးခဲ့တယ်လို့ ပြောပါတယ်။

“အမြင်အာရုံဆုံးရှုံးမှုကို လျှော့ချနိုင်တဲ့ ရွှေဖရုံ” (Podcast)

ရွှေဖရုံသီးရဲ့အမျှင်ဓာတ်ဟာ ဘယ်လိုရောဂါတွေကို သက်သာစေသလဲ။ အစာအိမ်၊ ရင်သားနဲ့ အူမကြီးကင်ဆာတွေ ဖြစ်နိုင်ခြေလျှော့ချဖို့ ရွှေဖရုံသီးကို ဘယ်လိုစားသုံးရမလဲ။ ရွှေဖရုံစေ့ဟာ ဘယ်လိုရောဂါတွေကို သက်သာစေသလဲ။ ရွှေဖရုံပင်မှာရော ဘေးထွက်ဆိုးကျိုးရှိပါသလား စတာတွေကို နားဆင်ရမှာပါ။

မန္တလေးမြို့မှာ စက်သုံးဆီပြတ်လပ် ဆီဆိုင်ကြီးများအပြင် လမ်းဘေးဆိုင်တွေပါ ပိတ်ထားရ (ရုပ်/သံ)

ယခင်စက်သုံးဆီပြတ်လပ်မှုတွေမှာ လမ်းဘေးဆီဆိုင်တွေမှာ စျေးပိုပေးပြီး ဆီဖြည့်လို့ရပေမယ့် အခု တော့ ဆိုင်အကြီး၊အသေးအားလုံးနီးပါးမှာ ပြတ်ကြတာလို့ မြို့ခံတဦးက ပြောပါတယ်။

ဂျပန်ရောက်မြန်မာများမှ ကြားကာလ မူလတန်းလွန်ကျောင်းအတွက် စာသင်ဆောင် ဆောက်လုပ်ပေး (ရုပ်/သံ)

အခုလို ဆောက်လုပ်ထားတဲ့ကျောင်းကို "Sakura Donation မှတစ်ဆင့် ဂျပန်ရောက်မြန်မာများ"က လှူဒါန်းခဲ့တာဖြစ်ပြီး အညာပစ်တိုင်းထောင်အဖွဲ့က ကူညီပံ့ပို့ပေးခဲ့တာလို့ မဖူးပွင့်ဝေက ပြောပါတယ်။

လေကြောင်းရန်ကြားက ၁ မိုင်ကျော်ခရီးကို လမ်းလျှောက်ကျောင်းတက်နေရတဲ့ ကလေးတွေ (ရုပ်/သံ)

ကျောင်းနေအရွယ် စစ်ရှောင်ကလေးငယ်တွေဟာ မနက်တိုင်း လွယ်အိတ်၊ ထမင်းချိုင့်ကိုယ်စီနဲ့ ကျောင်းသွားကြတယ်ဆိုပေမယ့် ဘယ်အချိန်များ လေယာဉ်ဝဲလာမလဲဆိုတဲ့ စိုးရိမ်စိတ်က မိဘတိုင်းလိုလို ပူပန်သောကတွေနဲ့ပါ။

မြင်းခြံနယ်က ပျုစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ပစ်ခံရလို့ ၁ ဦးသေပြီး ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

“လေးရွာဆုံရွာက တရွာလုံးနီးနီးက ပျူတွေကြီးပဲ၊ ကျနော်တို့ ပစ်ပြီးတဲ့အခါမှာ ၆၀ မမ ၄ လုံး နဲ့ ကျနော်တို့ကို ကောင်တာပြန်ပစ်တယ်၊ ၃ချက်ကတော့ ကွဲတယ် ၁ လုံးကတော့ မကွဲဘူး၊ ထိခိုက်သေဆုံးမှုကိုတော့ ကျနော်တို့ ခိုင်လုံတဲ့ သတင်းအရင်းမြစ်ကနေ ပြန်ရတာပါ ” လို့ Anyar Federal Task Force (AFTF) တပ်ဖွဲ့မှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုလီယို ကပြောပါတယ်။

မြေလတ်ပေးစာ (Podcast)

- ဝက်ထီးကန်တိုက်နယ်ထဲက နာမည်ကြီးနေတဲ့ ဖဲဝိုင်းအကြောင်း၊ - ပေါက်ခေါင်းမြို့၊ ကြိုးကာရွာက အုပ်ကြီးနဲ့ဒလန်ဟာ လူငယ်တွေကို ဘယ်လိုဒုက္ခပေးနေလဲ၊ - သရက်မြို့က စစ်မှုထမ်းစာရင်းပါသူတွေကို သတိပေးထားတဲ့စာ။

တိုက်ပွဲပြန် PDF တွေကို ကြိုဆိုနေချိန် မြစ်ခြေမြို့မရဲစခန်းက လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၅ ဦးဒဏ်ရာရ(ရုပ်/သံ)

အရာတော်မြို့နယ်ဘက်က စစ်ကောင်စီတပ်စခန်းတခုကို တိုက်ခိုက်ပြီးပြန်လာတဲ့ PDF တွေကို ဇူလိုင် ၂၉ ရက် မနက် ၈ နာရီကျော်မှာ မြစ်ခြေမြို့ခံပြည်သူတွေက သပြေပန်းတွေနဲ့ ကြိုဆိုနေချိန် မြစ်ခြေမြို့မရဲစခန်းထဲကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သာယာဝတီခရိုင်ထဲက ရေကြီးနစ်မြုပ်မှုတွေမှာ ပြည်သူအချင်းချင်းကူညီ‌ပေးနေ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်းက သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်နဲ့ နတ်တလင်းမြို့နယ်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက် ဝန်းကျင်က စတင်ပြီး လူဦးရေတသိန်းဝန်းကျင်ဟာ ရေကြီးနစ်မြုပ်မှုကို ကြုံတွေ့နေရတာပါ။

၂ နှစ်ဆက်တိုက် စံချိန်တင်ရေကြီးနေတဲ့ ပဲခူးမြို့ ဘာတွေဖြစ်နေလဲ (ရုပ်/သံ)

ဇူလိုင်လ ၂၉ ရက်နေ့ ညနေ ၆ နာရီအထိ နောက်ဆုံးဆက်သွယ်မေးမြန်းချက်များ

စဉ့်ကူးက စစ်ရှောင် ၁၅၀ ကျော်ကို ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့က ကူညီထောက်ပံ့မှုပေး (ရုပ်/သံ)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ရွာတော်ရွာမှာ အထိုင်ချပြီး စစ်ဘေးရှောင်ပြည်သူတွေကို ဇူလိုင် ၂၈ ရက်မှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့ဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10