ရုပ်သံ

ဆားလင်းကြီးမြို့ပေါ် စစ်တပ်စခန်းတွေကို ပူးပေါင်းတပ်တွေတပြိုင်နက်ဝင်တိုက် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ (ရုပ်/သံ)

ဆားလင်းကြီးမြို့မရဲစခန်း၊ ဆေးရုံဝန်းအတွင်း စစ်ကောင်စီဂိတ်၊ စစ်ကောင်တပ်စွဲထားရာ မင်းကန်ကြီးဘုန်းကြီးကျောင်းနဲ့ ထွေအုပ်ရုံးတွေကို ဇူလိုင် ၁၉ ရက် မနေ့မနက် ၈ နာရီခန့်ကနေ ည ၇ နာရီခွဲခန့်အထိ ပူးပေါင်းတပ်တွေက ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်တွေအသုံးပြုပြီး တပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့ကြတာလို့ဆိုပါတယ်။

ဇရက်ကြီးရွာမှာ စစ်ကောင်စီနဲ့ PDF ၄ ရက်ဆက်တိုက်ပွဲအတွင်း စစ်အုပ်စု သေဆုံးသူများပြား (ရုပ်/သံ)

တောင်သာနယ်ထဲက ဇရက်ကြီးကျေးရွာကို စစ်ကောင်စီတပ်းသား ၁၅၀ ခန့်က ဇူလိုင် ၁၄ ရက် ညပိုင်းမှာ စတင်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ၁၅ ရက် ညပိုင်းမှာ တကြိမ်၊ ၁၆ ရက်၊ ၁၇ရက်နဲ့ ၁၈ ရက်မှာ တကြိမ် ထိတွေ့တိုက်ပွဲ ၄ ရက်ဆက် ဖြစ်ပွားခဲ့တယ်လို့ တောင်သာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆီက သိရပါတယ်။

တော်လှန်ရေးအဖွဲ့တွေ အာဇာနည်နေ့ကျင်းပနေချိန် ဆူညံကခုန်နေတဲ့စစ်အုပ်စု တိုက်ခိုက်ခံရ (ရုပ်/သံ)

အာဇာနည်နေ့အခမ်းအနား ကျင်းပနေချိန် ဆူညံကခုန်နေကြတဲ့ ရဲစခန်းထဲက စစ်အုပ်စုကို Defender Of Motherland Force(DOMF) အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြပါတယ်။

မုံရွာခရိုင်အတွင်းက PDF တပ်ရင်းတွေကျင်းပတဲ့ ၇၇ နှစ်ပြည့် အာဇာနည်နေ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းက မုံရွာခရိုင်တပ်ရင်း ၅ Aung San Force-ASF၊ မုံရွာခရိုင်တပ်ရင်း ၉ Farmers Revolution Force နဲ့ မုံရွာခရိုင်တပ်ရင်း ၁၂ တို့က ၇၇ နှစ်ပြည့်အာဇာနည်နေ့ အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ အဲဒီတပ်ရင်းတွေဆီက သိရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းက PDF စခန်းအချို့မှာ အာဇာနည်နေ့အခမ်းအနားတွေ ကျင်းပ (ရုပ်/သံ)

ဇူလိုင် ၁၉ ရက် ဒီကနေ့မှာကျရောက်တဲ့ ၇၇ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားတွေကို ပဲခူးတိုင်းအနောက်ခြမ်းက PDF တပ်ရင်း တပ်ဖွဲ့တွေ အခြေစိုက်ရာ နယ်မြေတွေမှာ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- ယင်းမာပင်နဲ့ ကလေးမြို့တို့မှာ အာဇာနည်နေ့အကြို လူထုလှုပ်ရှားမှုနဲ့ စာစီစာကုံးပြိုင်ပွဲကျင်းပ - ပဲခူးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ မိုးကြီးပြီး လေပြင်းတိုက်နိုင် - ပျူစောထီးတွေ ဓားစာခံလုပ်ဖမ်းဆီးသွားတဲ့ အိုရင်းရွာဒေသခံ ၂၀ ကျော် ၁၀ ရက်ကြာအထိမလွတ်သေး - ဧရာဝတီမြစ်နဲ့ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် နှမ်းခင်းနဲ့ကွမ်းခြံတွေ ပျက်စီးဆုံးရှုံးရ - ပန်းတောင်းနယ်မှာ စစ်တပ်က လိုင်းကြေးယူပြီး ကျွန်းနဲ့သစ်မာတွေ ခိုးထုတ်ခွင့်ပြုထား - မင်းလှမှာ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်အုပ်စုက ဒေသခံနေအိမ် ၃၀ ကျော်ကို မီးရှို့ခဲ့ - ၂ နှစ်ကျော်စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင် ၁၀၀ ကျော် သောက်သုံးရေခက်ခဲနေ

ရွှေဘိုတပ်ရင်း ၁၅ က အာဇာနည်နေ့အခမ်းအနားနဲ့ ရေလှောင်ကန်အပ်နှံပွဲကျင်းပပြီး မုန့်ဟင်းခါးကျွေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွှေဘိုခရိုင် တပ်ရင်း ၁၅ က ဦးဆောင်ပြီး ၇၇ နှစ်ပြည့် အာဇာနည်နေ့အခမ်းအနားနဲ့ တပ်ရင်းကဦးဆောင်ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းကို ရေလှောင်ကန်အပ်နှံပွဲ ကျင်းပခဲ့တယ်လို့ အဲဒီတပ်ရင်းက သိရပါတယ်။

ယင်းမာပင်ခရိုင်က PDF စခန်းတွေမှာ အာဇာနည်နေ့ အခမ်းအနားတွေကျင်းပ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲက PDF စခန်းတွေမှာ ဇူလိုင် ၁၉ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားတွေကို တပ်ရင်းအခြေစိုက်ရာ နယ်မြေတွေမှာ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

လမ်းမထက်က ဒီမိုကရေစီအာဇာနည်များ (Memorials)

မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုအတွက် အသက်ပေးခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြု ထားကြသလို စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးခဲ့ကြတဲ့ ဒီမိုကရေစီ အာဇာနည်သူရဲကောင်းတွေကိုလည်း ကမ္ပည်းကျောက်စာရေးထိုး ဂုဏ်ပြုသင့်တယ်။

သေနတ်ပစ်သင်တန်းသားတွေနဲ့ ရှေ့တန်းရဲဘော်တွေကို ထောက်ပံ့ပေးနိုင်ခဲ့တဲ့ ကျည် ၅၀၀၀ ကမ်ပိန်း (ရုပ်/သံ)

အဲဒီကမ်ပိန်းကို ဇွန် ၅ ရက်ကနေ ဇူလိုင် ၅ ရက်အထိ ၁ လကြာပြုလုပ်ခဲ့တာဖြစ်ပြီး လျာထားချက်မပြည့်မီလို့ ဇူလိုင် ၁၉ ရက်အထိ ထပ်မံပြုလုပ်ခဲ့ရာမှာ ကမ်ပိန်းလျာထားချက်ပြည့်မီခဲ့တာဖြစ်ပြီး အခုလို ထောက်ပံ့နိုင်ခဲ့တာလို့ Kawa People Defense Force-KAWA PDF က တာဝန်ခံက ပြောပါတယ်။

ရွှေဘိုမှာ စစ်ကောင်စီတပ်ဖွဲ့တွေတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး သေနတ်နဲ့ခဲယမ်းအချို့ရရှိခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က စစ်အုပ်စုကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဝင် ၄ ဦး သေဆုံးပြီး စစ်လက်နက်ပစ္စည်းမျိုးစုံကို သိမ်းယူနိုင်ခဲ့တယ်လို့ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရွှေဘို)ရဲ့ ပြန်ကြားရေးနဲ့ဘဏ္ဏာရေးတာဝန်ခံ ရဲဘော်ဗလကြီးက ပြောပါတယ်။

မြစ်ခြေက ပျူစောထီးစခန်းတိုက်ခိုက်မှု ၅ ဦးသေဆုံးကာ စစ်သား ၃ ဦးအပါ ၁၀ ဦး အရှင်ဖမ်းဆီးမိပြီး သေနတ် ၁၁ လက်ရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ မြစ်ခြေမြို့နယ်ရှိ ပျူစောထီးစခန်းအထိုင်ချထားတဲ့ကျေးရွာကို ဇူလိုင် ၁၇ရက် မနက် ၅ နာရီကျော်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၅ ဦးသေဆုံးကာ စစ်သား ၃ ဦးအပါအဝင် စစ်သုံ့ပန်း ၁၀ ဦးအရှင်ဖမ်းဆီးမိပြီး သေနတ် ၁၁ လက်ရရှိခဲ့တယ်လို့ ABSDF စစ်ကြောင်း ၃ ဆီက သိရပါတယ်။

“အိပ်မပျော်ခြင်းပြဿနာ” (Podcast)

အိပ်မပျော်ခြင်းဟာ ဘာကြောင့်ဖြစ်တာလဲ။ အိပ်မပျော်ခြင်းပြဿနာရင်ဆိုင်လာရရင် ဘယ်လိုလက္ခဏာတွေပြတတ်သလဲ။ အိပ်မပျော်ခြင်းကိုကုသနိုင်တဲ့ လက်တကမ်းကဆေးဝါး ဓာတ်စာတွေက ဘာတွေလဲ။ အိပ်မပျော်ခြင်းရဲ့ နောက်ဆက်တွဲရောဂါတွေဟာ ဘာတွေလဲ စတာတွေကို နားဆင်ရမှာပါ။

၁၀ ရက်ကျော်ကြာရေမကျလို့ မြောင်နယ်ထဲကပြည်သူတွေ နေရပ်မပြန်နိုင်သေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အနောက်တောင်ခြမ်းမှာ ၁၀ ရက်ကျော်တဲ့အထိ ရေမကျသေးလို့ ကျေးရွာ ၂၀ ကျော်ခန့် ရေနစ်မြုပ်နေပြီး ပြည်သူတွေဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။

မင်းလှမှာ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်အုပ်စုက ဒေသခံနေအိမ် ၃၀ ကျော်ကို မီးရှို့ခဲ့ (ရုပ်/သံ)

“စစ်ကြောင်းက လမ်းမအတိုင်းမလာဘဲ လယ်ကွင်းထဲကလာတယ်။ သတင်းရလို့ သူတို့လာမယ့် လမ်းက စောင့်နေတာ။ စစ်ကြောင်း တောင်ကုန်းကိုအတက်မှာ အပေါ်စီးကနေ အပိုင်ပစ်ရတာ။ အပြန်လှန်ပစ်တာ ၄၅ မိနစ်လောက်ကြာတယ်။ ဒီကောင်တွေ အထိနာသွားတာနဲ့ အိမ်တွေကို မီးရှို့သွားတာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10