ရုပ်သံ

မြောက်ခင်ရန်းမှာ YDF ရဲဘော် ၂ ဦး မီးရှို့သတ်ခံရတာကို မကျေနပ်လို့ တောင်ကိုရီးယားမှာ ဝတ်ပြုဆုတောင်းဆန္ဒပြ"(ရုပ်/သံ)

ရဲဘော်၂ဦး အရှင်လတ်လတ်မီးရှို့သတ်ခံရတာကို မကျေနပ်လို့ Global Yaw Funding Korea အဖွဲ့က ဦးဆောင်ကာ ကိုရီးယားနိုင်ငံအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ထောက်ပို့ရဲဘော်တွေနဲ့ ကိုရီးယားနိုင်ငံရောက် ယောသူယောသားတွေ ပူးပေါင်းကာ မတ်လ၃ရက်က ကိုရီးယားစံတော်ချိန် နေ့လည် ၁ နာရီခန့်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဖောင်းပြင်က ရှေ့တန်းရဲဘော်တွေရဲ့ ခေါင်းစဥ်မရှိတဲ့သီချင်း (ရုပ်/သံ)

“သီချင်းက ဒီတိုင်းပဲ စပ်ဆိုထားကြတာ၊ ခေါင်းစဉ်တောင် ပေးမထားကြဘူး။ ဝိုင်းပြီးတော့ စပ်ကြတာပေါ့။”

တန့်ဆည်မှာ ပြည်သူ ၁၁ ဦးကို အပိုင်းပိုင်းခုတ်ဖြတ်ပြီး လှောင်ပြောင်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီက ရပ်ကျေး ပကဖနဲ့ ပအဖ တာဝန်ခံ ၂ ဦး အပါအဝင် ပြည်သူ ၁၁ ဦးကို အပိုင်းပိုင်းခုတ်ကာ သတ်ဖြတ်ခဲ့ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း လှောင်ပြောင်စရာတွေ ပြုလုပ်ထားခဲ့တယ်လို့ သိရပါတယ်။

မြိုင်စီမံကိန်းရုံးနဲ့ တရားရုံးမှာ တိုက်ပွဲဖြစ် ဒုရဲအုပ်နဲ့ ရဲတဦးသေဆုံး (ရုပ်/သံ)

မတ် ၂ ရက် မနက် ၈ နာရီ ၁၅ မိနစ်လောက်မှာ ကာကွယ်ရေးအဖွဲ့တွေခွဲပြီး စီမံကိန်းရုံးနဲ့ တရားရုံးကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စီမံကိန်းရုံးထိတွေ့တိုက်ပွဲမှာ ဒုရဲအုပ် ၁ ယောက်နဲ့ ရဲ ၁ ယောက်သေဆုံးပြီး ပျူနဲ့ စစ်သား ၅ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

ပေါက်ခေါင်းမှာ တိုက်ပွဲဖြစ်လို့ နှစ်ဘက်ထိခိုက်မှုရှိ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ထိတွေ့ပစ်ခတ်ရာက နှစ်ဘက်ထိခိုက်မှုတွေရှိတယ်လို့ ၃၆၀၁ PPDF တပ်ရင်းရဲ့ ဆက်သွယ်ရေးနဲ့ သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ဆားလင်းကြီးမြို့ပေါ်  ရဲစခန်းနဲ့ဆေးရုံကစစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့က ရဲစခန်းနဲ့ ဆေးရုံတွေမှာ တပ်စွဲထားတဲ့ နမခက စစ်သားတွေကို ကာကွယ်ရေးအဖွဲ့တွေက တပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီထံ စစ်မှုမထမ်းလိုသူ ၅၀ ကျော် ဝေါပကဖဆီရောက်ရှိ စစ်သင်တန်းတက်နေ (ရုပ်/သံ)

ဝေါပကဖထံ ရောက်ရှိလာတဲ့ လူငယ်တွေဟာ စစ်မှုထမ်းရမှာကြောက်ပြီး ပြည်ပထွက်ဖို့လာသူတွေမဟုတ်ဘဲ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ဖို့ ရောက်လာသူတွေဖြစ်လို့ သူတို့တွေကို အခြေခံစစ်ပညာသင်ကြားပေးနေတယ်လို့ ပြောပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး လိုက်ပါလာတဲ့ယာဥ်တန်း မိုင်းဆွဲခံရလို့ ဗိုလ်ကြီး ၁ ဦးသေဆုံး - တိုက်ပွဲအရှိန်မြှင့်မှာဖြစ်လို့ ကလေးမြို့ကပြည်သူတွေ အမြန်ဆုံးရှောင်ကြဖို့ ခရိုင်ပကဖ သတိပေး - ဆက်ကြေးကောက်နေတဲ့ စစ်သားတွေ စနိုက်ပါနဲ့ ပစ်ခံရလို့ ၁ ဦးသေဆုံး - စလင်းမှာ စစ်ကောင်စီ MiG-29 တိုက်လေယာဥ် ပျက်ကျ - ကလေးမြို့တိုက်ပွဲ စခန်း ၃ ခုသိမ်းနိုင် စစ်တပ်ဘက်က ဗိုလ်ကြီးအပါ အများအပြားသေဆုံး - ယင်းမာပင်မြို့နယ်ရဲစခန်းနဲ့ ခရိုင်ရုံး လက်နက်ကြီး ပစ်ခံရလို့ ၅ ဦးသေ - စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး CNDF တပ်ရင်းက ဒုစစ်ဦးစီးချုပ်အပါအဝင် ၃ ဦးဖမ်းဆီးသတ်ခံရ - လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဆေးကုပေးနေတဲ့ ဆေးရုံပျက်စီး - မုံရွာရဲစခန်းမှာ အဖမ်းခံရထားသူ ၂၀၀ ဝန်းကျင် ၁ နှစ်ကျော်ကြာတဲ့အထိ တရားရင်ဆိုင်ခွင့်မရသေး - ထောင်ချခံထားရတဲ့ NLD တိုင်းဒေသကြီးအမတ်ကို စစ်ကောင်စီက အမှုထပ်ဖွင့် - ဝက်လက်မြို့နယ် PDF တပ်ရင်း ၂ မှ ရဲဘော်တဦးက သူ့ကိုမကြိုက်တဲ့မိန်းကလေးကို သေနတ်နဲ့ပစ်သတ်

PRF တပ်ဖွဲ့ဆီ တပ်သားသစ် ၂၀၀ ကျော်လာလျှောက် တပ်သားသစ်တွေထပ်မံခေါ်ယူ (ရုပ်/သံ)

လက်ရှိ လာရောက်လျှောက်ထားသူတွေကို စီစစ်နေပြီး ဧပြီလ မှာ စစ်သင်တန်းအပတ်စဥ် (၈) ကို ပေးသွားမယ်လို့ သိရပါတယ်။

တောပုရွာက စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ဗုံးကြဲခံရလို့ ၃ ဦးသေဆုံး (ရုပ်/သံ)

တိုက်ခိုက်မှုကြောင့် ရွာထဲမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၃ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ဒရုန်း တစီးပျက်ဆီးသွားတယ်လို့ MSPDF တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ မြတ်ကြီးက ပြောပါတယ်။

မီးလောင်ပြင်က အမေအိုရဲ့ ငိုကြွေးသံ (ရုပ်/သံ)

သက်ကြီးရွယ် အမေအိုတဦးရဲ့ နေအိမ်လည်း မီးထဲပါသွားခဲ့ပါတယ်။ သား သမီးတွေဟာ တခြားမြို့တွေမှာ အလုပ်လုပ်နေကြတာဖြစ်လို့ အိမ်မှာ သူတစ်ယောက်တည်း ကျန်ရှိနေတာ ဖြစ်ပါတယ်။ အမေအိုဟာ သွေးတိုးဝေဒနာ ခံစားနေရကာ သူကို့ ရွာကပဲ ဝိုင်းဝန်းကူညီ ဆေးကုပေးနေကြတာ ဖြစ်ပါတယ်။

ရန်ကုန်မှာ ပြန်ဆုံမယ့် ရေဘဝဲတွေ (ရုပ်/သံ)

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့ အနေနဲ့ ရန်ကုန်မှာပြန်ဆုံမယ် စာတန်းပါ အင်္ကျီတွေကို ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာတွေမှာ ဆင်တူဝတ်ဆင်တဲ့ လှုပ်ရှားမှုတရပ်ကို ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းက ဒီနေ့ နေ့လယ်ပိုင်းမှာ လုပ်ခဲ့ပါတယ်။

သမီးရည်းစားချိန်းတွေ့စဥ် ကောင်လေးက ကောင်မလေးကို ဓါးနဲ့ထိုးသတ် (ရုပ်/သံ)

ဒေသခံတွေကတော့ ကောင်လေးနဲ့ကောင်မလေးဟာ သမီးရည်စားဖြစ်ပြီး မကြာသေးခင် ကာလက စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ လမ်းခွဲထားတာဖြစ်ပြီး ကောင်မလေးက ဒူဘိုင်းနိုင်ငံကိုသွားဖို့ ပြင်ဆင်နေစဥ်ကာလမှာ ကောင်လေးဘက်က နောက်ဆုံးအကြိမ်တွေ့ခွင့်တောင်းလို့ သွားတွေ့ချိန် အသတ်ခံရတာလို့ ပြောပါတယ်။

ဂန့်ဂေါမှာ တောင်သူတွေ သွင်းအားစုစားရိတ်မနိုင်လို့ ပဲယင်းအထွက်နှုန်းကျ (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါနယ်မြောက်ပိုင်းက ကျေးရွာတွေမှာ ယခုနှစ် ဖေဖော်ဝါရီလနှောင်းပိုင်း ပဲယင်းသီးနှံပေါ်ချိန်မှာ အထွက်နှုန်းလျော့ကျခဲ့တယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

ကျမတို့  ခွဲခြားဆက်ဆံခံရတာတွေက တော်လှန်ရေးခရီးမှာ စိန်ခေါ်မှုကြီး ဖြစ်လာနေတယ် (အမျိုးသမီးကဏ္ဍ)

M2W ဟာ ဒီကာလတွေထဲမှာ အခက်အခဲမျိုးစုံ ကြုံခဲ့ရသလို တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ကြားထဲမှာလည်း ခွဲခြားဆက်ဆံခံရတာတွေ၊ ငြိုငြင်ဘေးဖယ်ခံရတာမျိုးတွေလည်း ကြုံခဲ့ရတယ်လို့ M2W တပ်ရင်းဆီက သိရပါတယ်။ သူတို့ တွေ တော်လှန်ရေးခရီးကြမ်းကို ဘယ်လိုဖြတ်သန်းလာခဲ့ရလဲ။ လက်ရှိ ဘာတွေလုပ်နေလဲဆိုတာကို M2W ထောက်ပို့တာဝန်ခံ အမရာကို မြေလတ်အသံ ရုပ်သံကနေ မေးမြန်းတင်ဆက်ထားပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10