မြေလတ်ပေးစာ (Podcast)
- အထက်မင်းလှက ရေနံချက်လုပ်ငန်းတွေမှာ စစ်တပ်ကအနိုင်ကျင့်ဗိုလ်ကျနေ။ - သာယာဝတီမြို့နယ်ထဲက လောင်းကစားဝိုင်းတွေ။ - နတ္တလင်းအနောက်ခြမ်းက အုပ်ချုပ်ရေးမှူးတွေ စစ်ကောင်စီအားကိုးနဲ့ ပြည်သူကို အနိုင်ကျင့်နေ။
- အထက်မင်းလှက ရေနံချက်လုပ်ငန်းတွေမှာ စစ်တပ်ကအနိုင်ကျင့်ဗိုလ်ကျနေ။ - သာယာဝတီမြို့နယ်ထဲက လောင်းကစားဝိုင်းတွေ။ - နတ္တလင်းအနောက်ခြမ်းက အုပ်ချုပ်ရေးမှူးတွေ စစ်ကောင်စီအားကိုးနဲ့ ပြည်သူကို အနိုင်ကျင့်နေ။
စက်တင်ဘာ ၁ ရက် မနက် ၈ နာရီခွဲက အိမ်ထောင်စု ၁၅၀ စုကို ၁ အိမ်ထောင်လျှင် ကြက်သွန် ၅၀ သား ၊ ဆား ၁ ပိဿာ၊ ကြာဇံ ၁ ထုပ်၊ မြေပဲနို့ဆီဗူး ၁ ဗူး၊ လက်ဖက် ၂ ထုပ် လှူဒါန်းခဲ့တယ်လို့ ကောလင်း ပြည်သူမှပြည်သူသို့ တာဝန်ခံ ကိုသဲကြီးက ပြောပါတယ်။
အထောက်အပံ့ရရှိမှုအားနည်းပြီး ရိက္ခာလိုအပ်နေတဲ့သူတို့အဖို့ လက်ရှိစိုက်ပျိုးထားတဲ့လယ်ကနေ စပါးတင်း ၂၀၀ လောက်ထွက်ရှိနိုင်မယ်လို့ ခန့်မှန်းထားပြီး ဒါဟာ တပ်ရင်းအတွက် တထောင့်တနေရာက အထောက်အကူ ဖြစ်စေမယ်လို့လည်း ဗိုလ်လဂွန်းအိမ်က ပြောပါတယ်။
“မှတ်ပုံတင်စစ်တဲ့အချိန် အစစ်မခံဘဲ ကားကိုမောင်းပြေးတာ။ ထိပ်တိုက်တွေ့တဲ့အဖွဲ့က လိုက်ပစ်တော့ မောင်းပြေးတယ်။ ရှေ့တဖွဲ့ကထပ်ပစ်တော့ ကားမှောက်သွားတယ်။ အကုန်အသေပစ်ခတ် ဖမ်းဆီး လိုက်တာပေါ့။ ထွက်ပြေးမရှိဘူး။”
“ တပ်မတော်သို့ဝင်ရောက်လာကြသူများဟာ တပ်မတော်သားများရဲ့ သစ္စာ ၄ ချက်မှာ အမြင့်ဆုံးသစ္စာ ဆိုချက်ဖြစ်တဲ့ ' ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ င့ါတပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏ ' ဆိုတဲ့ သစ္စာဆိုချက်အတိုင်း စောင့်ထိန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဲ့ဒီလို နိုင်ငံတော်အပေါ် သစ္စာဆိုထားတဲ့ တပ်မတော်သားတဦးချင်းစီအနေဖြင့် မိမိကိုယ်ကို ၊ မိမိအဖွဲ့အစည်းနှင့် နိုင်ငံ တော်အပေါ်သစ္စာရှိရမှာဖြစ်ပြီး ခံယူချက်ကောင်းရမှာ ဖြစ်ကြောင်း” လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
“လေယာဉ် နဲ့ ၅ ခေါက်ပတ်ပြီး ချသွားတာ။ တခေါက်ကို ၆ ထုပ်ချတယ်။ သရက်ကွရွာထဲကို ချတာ။ ရွာဘေးတွေကျတဲ့ပစ္စည်းတွေ ရခဲ့တယ်။ လာကောက်တဲ့ပျုတွေနဲ့ ပစ်ခတ်မှုတွေဖြစ်ခဲ့သေးတယ်။ အထိခိုက်ကတော့ စုံစမ်းနေဆဲပဲ”
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေနဲ့အတူပါလာတဲ့ ပျူစောထီး ဝင်းလှိုင်ဆိုသူ သေဆုံးပြီး ပျူစောထီး အောင်ဇော်လင်းက ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြိုင်ပကဖ တာဝန်ခံဗိုလ်လက်ယာက ပြောပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အခြေစိုက် Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင်အနေနဲ့ မြင်းခြံခရိုင်ထဲမှာ တိုက်ပွဲတွေဆင်နွှဲကာ ဇာတိမြေပြန်ဖို့အတွက် ဇာတိမြေကမ်ပိန်းပြုလုပ်နေတယ်လို့ အဲ့ဒီတပ်ရင်းရဲ့ တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။
- ပဲခူးအနောက်ခြမ်းမှာ စစ်တပ်က ပေါ်တာအဆွဲကြမ်းနေ - စစ်ကိုင်းတိုင်းမှာ ၇ လအတွင်း အရပ်သား ၅၀၀ ဦးဝန်းကျင်သေဆုံး - တောင်ငူမှာ စစ်တောင်းမြစ်ရေပြန်တက်လို့ လူဦးရေ ၄၀၀၀ ကျော် ပြန်လည်ပြောင်းရွှေ့နေရ - မုံရွာမှာ တရက်တည်း လူငယ် ၁၀၀ နီးပါး အဓမ္မဖမ်းဆီးခံရ - ပဲခူးမြို့နယ်က NLD ပါတီဝင်နဲ့ တက်ကြွလှုပ်ရှားသူ ၅ ဦးရဲ့နေအိမ်တွေ ချိပ်ပိတ်ခံရ - ပုလဲမြို့နယ်၊ အင်မထီးရွာမှာ တိုက်ပွဲဖြစ်ပြီး ဒေသခံ ၅,၀၀၀ ခန့် စစ်ရှောင်နေ - အညာမှာ စစ်ကောင်စီကိုဆန့်ကျင်ကြောင်း တောင်သူတွေ ကောက်စိုက်ရင်းဆန္ဒပြ - လေကြောင်းရန်နဲ့ စစ်အကြွင်းအကျန်ပစ္စည်းများ ရှောင်ရှားနည်း ပညာပေးဟောပြောပွဲ မြိုင်မှာ ပြုလုပ်နေ
ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရဲစခန်းတိုက်ပွဲနဲ့ ပုလဲနယ် အင်မထီးပျူစောထီစခန်းတိုက်ပွဲမှာ တိုက်ခိုက်ပြီးပြန်လာတဲ့ ဗျူဟာ ၄၇ ကရဲဘော်တွေကို သြဂုတ် ၂၇ ရက်မှာ ဒေသခံပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ ယင်းမာပင်ခရိုင် အမှတ် ၃၆ တပ်ရင်း၊ မဟူတောင်_ဒေါင်းနီတပ်ခွဲဆီက သိရပါတယ်။
မန္တလေးနန်းတွင်းရှေ့ ရှော့တိုက်ဒုံးနဲ့ ထပ်ပစ်ခံရပြီးတဲ့နောက်မှာ မန္တလေးမှာ စစ်ကောင်စီက လက်သပ်မွေးထားတဲ့ ပျူစောထီးတွေနဲ့ ဘုန်းကြီးတွေဦးစီးပြီး မန္တလေးမြို့စစ်မဖြစ်ရေးဆိုကာ သြဂုတ် ၂၉ ရက် ဒီနေ့မှာ ဆန္ဒပြခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်း၊ အညာတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးအောင်မြင်မှုနဲ့ နယ်မြေစိုးမိုးထားနိုင်မှု အခြေအနေ တစေ့တစောင်းကို မြေလတ်အသံက မေးမြန်းဖြစ်ခဲ့ပါတယ်။
ကျဆုံးရဲဘော်ဟာ အသက် ၃၆ နှစ်အရွယ် ဒုတပ်ရင်မှူး ရဲဘော်စံသိန်း ဆိုသူဖြစ်ပြီး သြဂုတ် ၂၆ ရက်က မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကွင်း ၅၀၀ တိုက်ပွဲမှာကျဆုံးခဲ့တာလို့ တပ်ထောက်တာဝန်ခံ နေမျိုးပဲခူး က ပြောပါတယ်။
"စာသင်သား ကလေးတွေကများလာတယ်။ မြေပြင်မှာလည်း တကယ်လိုအပ်နေလို့ လှူဖြစ်တာပါ။ အလှူရှင်တွေက ပိုလှူကြတာတွေရှိပါတယ်။အဲ့ဒီပိုလျှံငွေတွေထဲက ကျောင်းဆောင်လှူဖြစ်ခဲ့တာပါ"
သင်တန်းဆင်းပွဲကို မင်းတုန်းမြို့နယ်တနေရာမှာ သြဂုတ် ၂၈ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး နံနက်၉ နာရီမှာ သင်တန်းဆင်းပွဲကို အောင်မြင်စွာ ပြုလုပ်ပြီးနောက် နာရီဝက်အကြာမှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာပါ။ ဗုံးကြဲတိုက်ခိုက်ခံရပေမယ့် ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ဆိုပါတယ်။