ရုပ်သံ

စစ်ဆင်ရေးအတွက် တပ်ချိန်းတဲ့ PDF တွေကို ပြည်သူတွေက ဂုဏ်ပြုကြိုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းမှာ စစ်ဆင်ရေးကာလ တလကျော်ကြာအပြီး တပ်အချိန်းအပြောင်းလုပ်တဲ့ ရဲဘော်တွေကို လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေက ကြိုဆိုခဲ့ကြတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈၊ ဓားမဆိုင်းတပ်မတော်ဆီက သိရပါတယ်။

CDM လုပ်ခဲ့တာကိုနောင်တမရဘဲ ဂုဏ်ယူနေဆဲ ရန်ကုန်တက္ကသိုလ် ကထိကတဦး (ရုပ်/သံ)

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရင်း နယ်စပ်ဖြတ်ကျော်တိမ်းရှောင်လာသူတွေထဲမှာ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာဋ္ဌာနရဲ့ ကထိကဆရာမ နန့်ဝေမာမြင့်လည်း အပါအဝင်ပါ။ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်စပြီး သူရဲ့ကထိကရာထူးကိုစွန့်လွှတ်ကာ ရန်ကုန်မြို့ပေါ်က ဆန္ဒပြပွဲတွေမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- မြိုင်မှာ စစ်ကောင်စီအဖွဲ့ ဒရုန်းနဲ့ဗုံးကြဲခံရပြီး ပျူစောထီး ၁ ဦးသေဆုံး - ကျောက်ပန်းတောင်းမြို့မရဲစခန်းမှူးအပါ ရဲအရာရှိ ၃ ဦးလိုက်ပါလာတဲ့ကား ပစ်ခတ်ခံရပြီး ၃ ဦးလုံး သေဆုံး - တောင်ငူ ဒုတိယအကြိမ်ရေကြီးမှုမှာ ရေဘေးသင့်သူ ၁၀,၀၀၀ ကျော်ရှိခဲ့ - ပျူစောထီးရွာကို လေယာဥ်နဲ့လာပို့တဲ့ ရိက္ခာတွေကို PDF သိမ်းဆည်း - ကမ္မမြို့ ဓါတ်အားပေးစက်ရုံအဟောင်းက ရဲကင်းစခန်း ၄ ရက်ဆက် ဒရုန်းနဲ့ကြဲခံရပြီး ရဲတွေစခန်းစွန့်ခွာသွား - အောင်လံမှာ ခရီးသွားနဲ့ ဒေသခံ ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီဖမ်းဆီး - စစ်ရှောင် ဆင်ထိန်းမိသားစုနဲ့ ဆင်များကို PLA တပ်ရင်းက စောင့်ရှောက်ထား - အင်းတော်မှာ စစ်တပ်ကလူသားဒိုင်းအဖြစ်ပိတ်ဆို့ထားတဲ့ ပြည်သူ ၁၀၀၀ကျော်ထဲက ၂ဦးသေဆုံး - စစ်တပ်ကပျက်ကျခဲ့တဲ့ တရုတ်ထုတ် ထောက်လှမ်းရေးဒရုန်းတစင်း တော်လှန်ရေးတပ်ဖွဲ့တွေရရှိ

မှန်းချက်နဲ့နှမ်းထွက်မကိုက်လို့ စားသုံးဆီလိုအပ်ချက်ရှိနေတဲ့ YPDF (ရုပ်/သံ)

နှမ်းစိုက်ခင်းတွေက တပ်ဖွဲ့စခန်းနဲ့ဝေးတာ၊ ကိုယ်ပိုင် ကျွဲ နွား မရှိတာအပြင် ပုံမှန်လိုမျိုး ယာတောမှာစိုက်ရတာမဟုတ်ဘဲ အင်တိုင်းတောမြေမှာစိုက်ရတာဖြစ်ပြီး ပြုစုစောင့်ရှောက်တာတွေမလုပ်နိုင်တဲ့အတွက် အခုနှစ်မှာ အထွက်နှုန်းကျတယ်လို့ YPDF ဥက္ကဌက ပြောပါတယ်။

မိုးဆက်တိုက်ရွာလို့ ရေကြီးပြီး ကျားသစ်နက်တပ်မတော်ရဲ့ ခဲယမ်းပစ္စည်းတွေဆုံးရှုံး (ရုပ်/သံ)

ဒီကနေ့ မနက်အစောပိုင်း ၃ နာရီခွဲကနေ ၆ နာရီအထိ မိုးအဆက်မပြတ်ရွာပြီး ရေတက်လာတာကြောင့် ကျားသစ်နက်တပ်မတော် အထိုင်စခန်းမှာရှိတဲ့ ပွိုင့်ဖိနပ် ၁၈ ရံ၊ Equipment နဲ့ ကျည်ကာပြား ၈ စုံအပြင် လက်နက်ခဲယမ်းတချို့လည်း ရေနဲ့မျောပါပြီး ကာလတန်ဖိုး သိန်း ၁၇၀ ကျော်ခန့် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

မြောင်နယ်က စစ်ရှောင်စခန်းတခုမှာ အရေပြားနဲ့ ဂေါက်ရောဂါအဖြစ်များနေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း မြင်းခြံနယ်၊ ရန္တပိုရွာမှ လာရောက်စစ်ရှောင်သူ ၂၅၀ ခန့်ထဲမှာ ကျန်းမာရေးချို့တဲ့သူတွေရှိနေပြီး ဆေးကုသဖို့အတွက် အခက်အခဲတွေရှိနေတယ်လို့ စစ်ရှောင်ပြည်သူတဦးဆီက သိရပါတယ်။

စစ်တပ်ကပျက်ကျခဲ့တဲ့ တရုတ်ထုတ် ထောက်လှမ်းရေးဒရုန်းတစင်း တော်လှန်ရေးတပ်ဖွဲ့တွေရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ကျေးရွာတရွာအနီးတောစပ်မှာ ကာလတန်ဖိုး ဒေါ်လာ ၂၆၀၀၀ ကျော်တန်ဖိုးရှိ စစ်ကောင်စီသုံး တရုတ်ထုတ် ထောက်လှမ်းရေးဒရုန်း ၁ စီးကို တော်လှန်ရေးအဖွဲ့တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ Salingyi Border Task Force - SBTF အဖွဲ့ဆီက သိရပါတယ်။

“ပြည်သူအချင်းချင်း ပြန်မသတ်ချင်လို့ CDM လုပ်တာ”  - အသက် ၁၆ နှစ်နဲ့ စစ်သားဖြစ်ခဲ့သူ

၁၆ နှစ်သားအရွယ်ကတည်းက ကလေးစစ်သားအဖြစ်စုစောင်းခံခဲ့ရတဲ့ ကိုဟိန်းဇော်ဦးဟာ ကျိုက်ထီးရိုးဘုရားကနေ သူ့ဇာတိရန်ကုန်မြို့ကို ရထားနဲ့ပြန်လာစဥ် ကျိုက်ထိုဘူတာအရောက်မှာ စစ်သားစုစောင်းရေးတပ်ရဲ့ ဖမ်းဆီးတာကိုခံခဲ့ရပါတယ်။ အဲ့ဒီအချိန်ကတည်းက စစ်သား တယောက်အဖြစ် နေထိုင်နေခဲ့ကာ သူ CDM ဝင်ရောက်လာချိန်မှာတော့ စစ်မှုထမ်းသက်က ၄ နှစ်ကျော် ရှိနေပါပြီ။

ကမ္မမြို့ ဓါတ်အားပေးစက်ရုံအဟောင်းက ရဲကင်းစခန်း ၄ ရက်ဆက် ဒရုန်းနဲ့ကြဲခံရပြီး ရဲတွေစခန်းစွန့်ခွာသွား (ရုပ်/သံ)

"ဩဂုတ် ၃၁ ရက်ကနေ့ မနေ့ညအထိ ဒရုန်းနဲ့ အီနာဂါဗုံးသီးချတာ။ နေ့ရောညပါ မနားတမ်းချတာ။ စက်ရုံရဲကင်းစခန်းထဲက ဘန်ကာဘေးတွေ၊ ဆက်သွယ်ရေးမြောင်းဘေးတွေကို ကွဲအားပြင်းအီနာဂါဗုံးသီးအကြီးတွေ ကြဲချတာ။ ဒရုန်း ၁၀ စီးကျော်လောက်နဲ့ ဗုံးကြဲချတာ။"

ပြည်သူ့ဒီမိုကရက်တစ်တပ်တော်က ရဲဘော်မဟောက် ကျဆုံးခြင်းတလပြည့် အခမ်းအနားပြုလုပ် (ရုပ်/သံ)

ရဲဘော်​မဟောက်ဟာ မြိုင်နယ်ထဲက ကိုင်းတောမရဲစခန်းနဲ့ ရေစက်အထိုင်စခန်းတို့ကို ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့မှာ တော်လှန်ရေးပူပေါင်းအဖွဲ့တွေက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့စဥ် ကျဆုံးခဲ့တာဖြစ်ပါတယ်။ ရဲဘော်မဟောက်ရဲ့ဈာပနကို သြဂုတ် ၆ရက်မနက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ရှောင် ဆင်ထိန်းမိသားစုနဲ့ ဆင်များကို PLA တပ်ရင်းက စောင့်ရှောက်ထား (ရုပ်/သံ)

မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် သစ်တောဝန်ကြီးဌာန၊ သစ်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆင်တွေအပါ၊ ဆင်အုပ်၊ ဆင်ထိန်းနဲ့ သူတို့ရဲ့မိသားစုတွေ ဘေးကင်းရာဒေသကို စစ်ရှောင်လာကြတယ်လို့ ပြည်သူ့လွတ်မြောက် ရေးတပ်မတော် People Liberation Army- PLA ဆီက သိရပါတယ်။

သက်တမ်းနုကျွန်းတွေခုတ်လို့ ပြန်လွှတ်ပေးထားသူနှစ်ဦးအပါ သစ်ခုတ်သူတွေကို ထပ်ဖမ်းမိ (ရုပ်/သံ)

သစ်ခိုးထုတ်သူတွေမှာ ခိုင်းကျွဲ ၂၄ ကောင်နဲ့ ခိုင်းနွားတွေအပြင် ဆိုင်ကယ်တွေကိုလည်း တွေ့ရတယ်လို့ ပြောပါတယ်။ သိမ်းဆည်းထားတဲ့ ကျွန်းသစ်တွေကိုတော့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ကိုလည်း သတင်းပို့ထားပြီး တပ်ရင်းပိုင်အဖြစ် ထိန်းသိမ်းထားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြေလတ်ပေးစာ (Podcast)

- အထက်မင်းလှက ရေနံချက်လုပ်ငန်းတွေမှာ စစ်တပ်ကအနိုင်ကျင့်ဗိုလ်ကျနေ။ - သာယာဝတီမြို့နယ်ထဲက လောင်းကစားဝိုင်းတွေ။ - နတ္တလင်းအနောက်ခြမ်းက အုပ်ချုပ်ရေးမှူးတွေ စစ်ကောင်စီအားကိုးနဲ့ ပြည်သူကို အနိုင်ကျင့်နေ။

ကောလင်းအနောက်ခြမ်းက အိမ်ထောင်စု ၁၅၀ ကို အခြေခံစားသောက်ကုန်တွေ လှူဒါန်း (ရုပ်/သံ)

စက်တင်ဘာ ၁ ရက် မနက် ၈ နာရီခွဲက အိမ်ထောင်စု ၁၅၀ စုကို ၁ အိမ်ထောင်လျှင် ကြက်သွန် ၅၀ သား ၊ ဆား ၁ ပိဿာ၊ ကြာဇံ ၁ ထုပ်၊ မြေပဲနို့ဆီဗူး ၁ ဗူး၊ လက်ဖက် ၂ ထုပ် လှူဒါန်းခဲ့တယ်လို့ ကောလင်း ပြည်သူမှပြည်သူသို့ တာဝန်ခံ ကိုသဲကြီးက ပြောပါတယ်။

တောင်သူတွေထောက်ပံ့တဲ့လယ်မှာ တပ်ဖွဲ့ရိက္ခာအတွက် စပါးစိုက်ပျိုး (ရုပ်/သံ)

အထောက်အပံ့ရရှိမှုအားနည်းပြီး ရိက္ခာလိုအပ်နေတဲ့သူတို့အဖို့ လက်ရှိစိုက်ပျိုးထားတဲ့လယ်ကနေ စပါးတင်း ၂၀၀ လောက်ထွက်ရှိနိုင်မယ်လို့ ခန့်မှန်းထားပြီး ဒါဟာ တပ်ရင်းအတွက် တထောင့်တနေရာက အထောက်အကူ ဖြစ်စေမယ်လို့လည်း ဗိုလ်လဂွန်းအိမ်က ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10