ရုပ်သံ

မင်းဘူးနယ်မှာ ထိတွေ့တိုက်ပွဲ ၂ ရက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးနယ်ထဲမှာ စစ်ကောင်စီတပ်သားတွေအပါ ပျူစောထီးတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ ၂ ရက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုများပြားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအောင်နိုင်ခဲ့တဲ့ ရဲဘော်တွေကို ပြည်သူ ၃ ထောင်ကျော်က အိုးစည်ဗုံးမောင်းတီးပြီး သပြေပန်းနဲ့ကြို (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာသစ်ကထွက်လာတဲ့ စစ်ကြောင်းကိုတိုက်ခိုက်ပြီး ပြန်လာတဲ့ရဲဘော်တွေကို ဒေသခံတွေက အိုးစည်ဗုံမောင်းတီးပြီး သပြေပန်းနဲ့ကြိုဆိုဂုဏ်ပြုကြတယ်လို့ ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း MVRF ဆီက သိရပါတယ်။

ချောင်းဦးမြို့နယ် ပလဖ အဖွဲ့ရုံး ရွှေ့ပြောင်းပေးရေး ဒေသခံတွေဆန္ဒပြ (ရုပ်/သံ)

ဆန္ဒထုတ်ဖော်ရာမှာ ဒေသခံတွေရဲ့ သဘောထားဆန္ဒဖြစ်တဲ့ တောင်းဆိုချက် ၇ ချက်ပါတဲ့ စာသားဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး မြို့နယ်ပလဖရုံးရှေ့ထိ ချီတက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မြိုင်နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားအချင်းချင်း ခြေ‌ထောက်ပစ်ချိုးခဲ့ပြီး ၅ ဦးလက်နက်ချ ၁၂ ဦးခန့် သေဆုံး (ရုပ်/သံ)

အဲဒီတိုက်ပွဲမှာ လက်နက်ချအညံ့ခံတဲ့ စစ်သား ၅ ဦးရှိပြီး ၂ ဦးကတော့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းချင်တဲ့အတွက် သူတို့အချင်းချင်း သေနတ်နဲ့ ခြေထောက်တွေပစ်ချိုးထားတာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ရဲဘော်တဦးက ပြောပါတယ်။

ကျပ်ထိုးရဲစခန်း အလင်းဝင်ဖို့စာတွေ ဒရုန်းနဲ့ ကြဲခံရပြီး စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာသွား (ရုပ်/သံ)

အဆိုပါ ကျပ်ထိုးရဲစခန်းမှာ အင်အား ၃၀ ဝန်းကျင်နဲ့ တပ်စွဲနေပြီး ကာကွယ်ရေးတပ်ဖွဲ့ တွေက ဩဂုတ် ၁၅ ရက်ဝန်းကျင်ကနေစပြီး စခန်းသိမ်းဖို့ ဒရုန်းနဲ့ ဗုံးတွေချပြီးနောက် ဩဂုတ် ၂၀ ရက်မှာတော့ လက်နက်ချ ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ရေးထားတဲ့စာတွေကို ထပ်မံအသိပေးကြဲချခဲ့တာလို့ ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် ၂၀၊ ရိုးမရာဇာ နယ်စည်းမခြား ဗိုလ် လဂွန်းအိန် က ပြောပါတယ်။

ဟင်္သာရွာပျူစောထီးစခန်းကို တိုက်ခိုက်ပြီး စခန်းကိုမီးရှို့ခဲ့ (ရုပ်/သံ)

“လက်ရှိတော့ သူတို့နေခဲ့တဲ့ အဆောက်အဦတွေ၊ ဘန်ကာတွေ၊ အကာအကွယ်ယူထားတဲ့ နေရာတွေကိုတော့ ကျနော်တို့ မီးရှို့ဖျက်ဆီးပြီး ရှင်းလင်းထားပါတယ်။ သိမ်းဆည်းရမိတာကတော့ ဆိုင်ကယ်တွေ ဆန်အိတ်တွေရှိပြီး အသေးစိတ်ကိုတော့ အတည်ပြုလို့မရသေးပါဘူး။”

ရွှေဘိုခရိုင်တပ်ရင်း ၁၈ ရိက္ခာအတွက် စပါးဧက ၂၀ စိုက်ပျိုး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် တပ်ရင်း ၁၈ က ရဲဘော်တွေဟာ ရိက္ခာဖူလုံဖို့အတွက် သြဂုတ် ၁၉ ရက်ကစပြီး မိုးစပါးစိုက်ပျိုးနေကြတယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

“ငှက်ဖျားရောဂါအတွက် ကွမ်းပင်” (Podcast)

အစာခြေစနစ်ကောင်းမွန်စေဖို့ ကွမ်းရွက်ကိုဘယ်လိုအသုံးပြုရမလဲ။ ရင်ဘတ်အောင့်၊ ရင်ဘတ်နာရောဂါတွေအတွက် ကွမ်းရွက်ဟာ ဘယ်လိုအသုံးဝင်သလဲ။ ကွမ်းရွက်ဟာ သွားနဲ့ခံတွင်းကို ဘယ်လိုအထောက်အကူပြုပါသလဲ။ ကွမ်းရွက်အမှုန့်ဟာ ဘယ်လိုရောဂါတွေကို သက်သာစေသလဲ။ စတာတွေကို နားဆင်ရမှာပါ။

ညောင်ဂျစ်ပင် ပြည်သူစစ်ခေါင်းဆောင်အိမ်နဲ့ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူ - ကမ္မ လမ်းပေါ်ရှိ ညောင်ဂျစ်ပင်စစ်ဆေးဂိတ်နဲ့ အဲဒီရွာက ပြည်သူ့စစ်ခေါင်းဆောင်နေအိမ်တို့ကို တော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်မှာ တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ပေါင်းတည်က နေအိမ် ၂၁ လုံးကို စစ်တပ်ကမီးရှို့၊ ကား ဆိုင်ကယ်တွေလည်း ပျက်စီး (ရုပ်/သံ)

မီးရှို့ခံရလို့ ပျံချီတက်ရွာက ဒေသခံနေအိမ် ၂၁ လုံး၊ ကား ၁ စီး၊ ဆိုင်ကယ် ၁ စီး၊ ဝက် ၈ ကောင်နဲ့ လယ်ယာလုပ်ငန်းသုံးလှည်းတွေကိုလည်း ဖျက်ဆီးခဲ့တဲ့အပြင် ကျေးရွာသုံး ဆိုလာပြားတွေကိုလည်း ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီပဲယင်းက စစ်ဘေးရှောင် ၂ သောင်းကျော် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြိုနယ်က စစ်ဘေးရှောင် ၂၀,၀၀၀ ကျော် စားနပ်ရိက္ခာအရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။

ငါန်းမြာကြီးရဲစခန်းကို ကာကွယ်ရေးတပ်တွေသိမ်းပိုက် စခန်းမှူးထွက်ပြေးပြီး သုံ့ပန်း ၇ ဦးဖမ်းမိ (ရုပ်/သံ)

“စခန်းမှူးကတော့ ထွက်ပြေးသွားတယ်။ တချို့က ဆုတ်ပြေးကြတယ်၊ တချို့ကလည်း ခံပစ်တယ်၊ အသေတော့ မရဘူး။ အကုန်လုံး အရှင်မိတယ်။ အရေးနိမ့်မှန်းသိတော့ လက်နက်ချ အလံဖြူထောင်တယ်။ မထွက်ရင် ပစ်သတ်မယ်ဆိုမှ ထွက်လာတဲ့ဟာတွေလည်း ပါတယ်။”

ပဲခူးရိုးမထဲက PDF အမျိုးသမီးတွေရဲ့ စိုက်ခင်းထွက်သီးနှံ စစ်ရှောင်တွေကိုပါ ဝေမျှနေ (ရုပ်/သံ)

ရိုးမပေါ်က ဖုန်းဆိုးမြေ ၅ ဧကခန့်ကို ရှင်းလင်းပြီး ဇွန်လအစောပိုင်းကစတင်ကာ ဗုံလုံသီး၊ ကန်ဇွန်း၊ မြေပဲ၊ တိုင်ထောင်ပဲ၊ ပြောင်းဖူး၊ ရုံးပတီ၊ မုန်လာဥ၊ ချဥ်ပေါင်၊ ငရုတ်၊ ခရမ်းသီး၊ ရွှေဖရုံသီး စတဲ့သီးနှံတွေကို စိုက်ပျိုးခဲ့တာလို့ ဆိုပါတယ်။

ပဲခူးရိုးမတိုက်ပွဲ အသာစီးရနေချိန် ကျည်မလုံလောက်လို့ တော်လှန်ရေးအင်အားစုတွေ ပြန်ဆုတ်ခဲ့ရ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမအစပ်ကိုတက်လာတဲ့ စစ်ကောင်စီတပ်ကို အသာစီးရတိုက်ခိုက်ချိန် ကျည်မလုံလောက်တဲ့အတွက် နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တပ်ရင်း ၃၆၀၁ တပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။

ကျောင်းသားလက်ရုံးတပ်တော်ရဲ့ စစ်သင်တန်းဆင်းပွဲ အာရက္ခဒေသထဲမှာ ပြုလုပ် (ရုပ်/သံ)

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် စစ်ကောင်စီရဲ့ လက်အောက်မှာ စစ်မှုမထမ်းချင်သူ လူငယ်အများအပြားပါဝင်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၀) ကို SAF ရဲ့ ဗဟိုဌာနချုပ်ရှိရာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10