007

ရေနံချောင်း၊ အုတ်ရှစ်ကုန်းရွာက အမျိုးသား ၂၀ ခန့်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်

"မနေ့ကဆို သူတို့ဝင်လာပြီကတည်းက မျက်နှာအဝတ်စည်းပြီး ဖမ်းထားတာ ညက ရေနံချောင်းမြို့ပေါ်က ၈ ယောက် ခေါ်သွားတယ်။ ရွာထဲမှာ ဆက်ဖမ်းထားတာက ၁၀ ကျော်တယ်။ နာမည်တပ်ပြောပြီး ရှာခိုင်းတာ လည်းရှိတယ်။ ရွာတိုက်ပွဲဖြစ်နေတဲ့နေရာလည်း မဟုတ်ဘူး။"

ပြည်မြို့နယ်မှာ ပြည်သူ့စစ်အဖွဲ့ဝင် ၂၂၀ ဦးနဲ့ ထောက်ပံ့ငွေ သန်း ၇၀၀ ကျော်ကို ဒေသခံတွေဆီကရရှိဖို့ စစ်ကောင်စီ အတင်းအကျပ်လုပ်ဆောင်

"ပြည်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး အစည်းအဝေးလုပ်တယ်။ လူဦးရေစာရင်း တောင်းတယ်။ ၁ အုပ်စုကို ၄ ယောက်နှုန်းကျတယ်။ ပြည်သူ့စစ်အတွက် တောင်းတာ။ တကယ်လို့မရရင်စွဲဆိုပြီး တခါတည်း အမိန့်ထုတ်ပေးလိုက်တယ်။" “အဲ့ ၄ ယောက်ကို အုပ်စုတွေကပြန်ပြီး ထောက်ပံ့ရမယ်။ ၁ အိမ်ကို ၂ သောင်းခွဲကောက်တယ်။ ပံ့ပိုးဖို့အတွက် ငွေလိုက်စုနေပြီ။ ငွေမပေးရင်လည်း မပေးတဲ့အိမ်ကို ဖမ်းမယ်လို့ ခြိမ်းခြောက်ပြန်တယ်။"

မြန်မာနိုင်ငံရဲ့ဝါချည်မျှင်အားထားရာ ပြည်မြို့နယ်မှာ မိုးများပြီး ဝါအထွက်နှုန်းကျဆင်းနိုင်

"အခုနှစ်က မိုးများနေတော့ အပင်အဖြစ်အသန်နည်းတယ်။ အပင်ပုပုလေးနဲ့ အသီးအပွင့်လိုက်နေပြီ။ တကယ်လို့ မိုးတအားဆက်ရွာနေရင် အပွင့်တိုင်းတင်ဖို့မလွယ်ဘူး။ မိုးများတော့ အခုချိန်ထိ အသီးဝင်တဲ့အထိကို ပေါင်းမြက်က အပြီးမသတ်နိုင်ဘူး။"

မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီကလုံခြုံရေးတိုးမြှင့်ပြီး သန်းခေါင်စာရင်းကောက် ■တမြို့နယ်လုံးကောက်ယူဖို့ မဖြစ်နိုင်ဘူးလို့ တော်လှန်ရေးအင်အားစုတွေ ပြော

"မင်းတုန်း၊ မင်းလှ၊ မင်းဘူးဒေသတွေရဲ့ မြို့ပေါ် ရပ်ကွက်တွေနဲ့ ပျူရွာတွေကလွဲလို့ မြို့နယ်အတွင်းက ကျေးရွာအများစုကိုတော့ စကစအနေနဲ့ သန်းခေါင်စာရင်း အပြည့်အဝကောက်ယူနိုင်ဖို့ မဖြစ်နိုင်ဘူးလို့မြင်ပါတယ်။"

ပေါက်ခေါင်းမှာ ရာအိမ်မှူးတဦး ပစ်ခတ်ခံရပြီးသေဆုံး

"အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ယူနေတဲ့ ရပ်ကွက်ကျေးရွာတွေက ဆယ်အိမ်မှူး ရာအိမ်မှူး အားလုံး စစ်ကောင်စီရွေးကာက်ပွဲနဲ့ပတ်သက်လို့ သန်းခေါင်စာရင်းကောက်ယူတာနဲ့ပတ်သက်ပြီး လှုံဆော်တာနဲ့အတူ ပြည်သူလူထုကို နိုင်ထက်စီးနင်းလုပ်တာမှန်သမျှကို ထိရောက်စွာအရေးယူမှာပါ။"

ပြည်မြို့နယ် ကမ္ဘီလာရွာက အမျိုးသား ၃ ဦးအဖမ်းခံရ၊ ၂ ဦးငွေပေးလွတ်ပြီး ၁ ဦးကို စစ်တပ်ထဲထည့်

"ပထမရက်မှာ အဖမ်းခံရတဲ့ နှစ်ယောက်ထဲက လူကြီးကို ပြန်လွှတ်လိုက်တယ်။ နောက်ထပ် လူငယ်တယောက်ကို ထပ်ဖမ်းသွားတယ်။ ပထမဖမ်းထားတဲ့ လူငယ်ကိုတော့ သုံးရက်အကြာမှာ သုံးဆယ့်ငါးသိန်းနဲ့ ပြန်လွှတ်ပေးတယ်။ သုံးယောက်ထဲက နောက်ဆုံးအဖမ်းခံရတဲ့ လူငယ်ကိုတော့ ထောင်ကျခံမလား စစ်တပ်ထဲကိုဝင်မလား မေးတယ်။ တပ်ထဲကိုဝင်မယ်ဆို စစ်မတိုက်ရတဲ့ လက်နက်ထုတ်တဲ့နေရာကိုပို့မယ်ဆိုပြီး တပ်ထဲကိုဝင်မယ်ဆိုတော့ ထည့်လိုက်တယ်"

ပြည်မြို့က စစ်မှုထမ်းဥပဒေထောက်ခံပွဲမှာ ကျူးကျော်ဆိုသူတွေကို ခြိမ်းခြောက် တက်ရောက်ခိုင်းခဲ့

"သူတို့က တခြားသူတွေမြင်နေသလို တပ်ထောက်ခံတွေမဟုတ်ဘူး၊ ခြိမ်းခြောက်ပြီး ခေါ်သွားတာ။ အဲလိုမှမလိုက်ရင် သူတို့နေနေတဲ့နေရာတွေကနေ ဖယ်ပေးရမယ်လို့ ပြောထားတယ်။ နောက်သူတို့ကို တချို့ကတပ်ထောက်ခံတွေလို့ ထင်တာ တိုက်ခိုက်ခံရမှာတွေကိုလည်း စိုးရိမ်ကြတာပေါ့။"

ပြည်မြို့ ငွေလွှဲဆိုင် အနုကြမ်းစီးမှု သေနတ်၊ ကားနဲ့ အမျိုးသား ၁ ဦးကိုဖမ်းဆီးထား

"ဘုန်းကြီးကျောင်းထဲမှာ ကားကိုတွေ့တာ၊ ဘုန်းကြီးတပါးကိုလည်း လူဝတ်လဲ ဖမ်းသွားတယ်လို့ သိရတယ်။ နောက် ကန်ဘောင်ဘက်က ကောင်လေးတယောက်လည်း ဖမ်းထားတယ်။"

ပြည်မြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်က ငွေလွှဲငွေထုတ်ဆိုင် အနုကြမ်းစီးခံရပြီး ဖမ်းဆီးနိုင်ခြင်းမရှိ

အနုကြမ်းစီးသူတွေက MARK-(II) ကားအဖြူရောင်နဲ့ တက်တူးထိုးထားတဲ့ အမျိုးသား ၂ ဦးဖြစ်ကာ သေနတ်လည်း ပါလာတယ်လို့ မြို့ခံအမျိုးသမီးတဦးက ပြောပေမယ့် ဒီအချက်အလက်ကိုတော့ မြေလတ်အသံက ဆက်လက်မေးမြန်းအတည်ပြုနေဆဲပါ။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လှုပ်ရှားမှုများ ပဲခူး၊ ပြည် နဲ့ ပေါင်းတည်မြို့တို့မှာ ပြုလုပ်

"ဒီမနက် ပန်းသပိတ်မှာ ပါဝင်ပေးဖို့ ရှေ့ရက်တွေကတည်းက ကျနော်တို့နဲ့ စိတ်တူကိုယ်တူ ခံယူချက်တူတဲ့ လူတွေစုပြီးတော့ ပန်းသပိတ်လုပ်ဖို့ တိုင်ပင်ဖြစ်တယ်။ စိတ်ပါဝင်စားသူတွေက ဒီမနက်မှာ ​ပူပေါင်းလုပ်ဆောင်ပေးခဲ့ကြတယ်။"

ပြည်အကျဉ်းထောင်က နိုင်/ကျဉ်းတွေကို ရာဇဝတ်အကျဉ်းသားတွေနဲ့ ပေါင်းထားပြီး ရာဇဝတ်နှစ်ကြီးတွေကို အုပ်ချုပ်ခိုင်း

“ပြီးခဲ့တဲ့ ၅ ရက်လောက်က စတယ်။ ရာဇဝတ်မှုတွေနဲ့ နိုင်ကျဉ်းတွေ ရောထားပြီး ရာဇဝတ်နှစ်ကြီးတွေကို အုပ်ချုပ်ခိုင်းနေတယ်။ ထောင်ပိုင်တွေနဲ့ ညှိနှိုင်းမယ်လို့တော့ ကြားတယ်။”

မုန်တိုင်းဒဏ်နဲ့ ဆက်သွယ်ရေးခက်ခဲနေပေမယ့် ရိက္ခာအထောက်မပြတ်တဲ့ ပြည်သူတွေ (Photo news)

"ကျနော်တို့ ကျောင်းသားတပ်မတော်ကို ခက်ခဲနေတဲ့ကြား က ရိက္ခာထောက်ပို့နေတဲ့ တော်လှန်ရေးညီနောင်တွေနဲ့ တော်လှန်ရေးပြည်သူတွေကို ကျနော်တို့ ကျေးဇူးတင်ပါတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ပျက်စီးတံတားများကို ဒေသခံပြည်သူတွေနဲ့တွဲပြီး ပြင်နေကြတယ်။ ပြန်လည်ထူထောင်ရေး ဘာမှမရကြသေးဘူး။ လောလောဆယ်တော့ ပရဟိတအဖွဲ့တွေလည်း မလာကြသေးဘူး" လို့ ABSDF Column-3 ( ကျောင်းသားတပ်မတော် စစ်ကြောင်း - ၃ )မှ ရဲဘော်ဇေယျ ကပြောပါတယ်။

ABSDF (ချင်းတွင်းဒေသ) က ပြည်သူကိုဝန်မပိစေဖို့ တပ်ရိက္ခာနွေစပါးတွေ စိုက်ပျိုး

"ဆန်တအိတ်ကို တသိန်းဝန်းကျင်လောက်ဖြစ်လာတဲ့အခါကျတော့ ကျနော်တို့မှာ စားနပ်ရိက္ခာဆန်က ပြည်သူလူထုကအဓိကထောက်ပံ့တာဖြစ်တယ်။ ပြည်သူလူထုကအဓိကထောက်ပံ့တဲ့အခါမှာ လက်ရှိအခြေအနေထိတော့ ပြည်သူလူထုက ကျနော်တို့အပေါ် ထောက်ပံ့နိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ အခက်ခဲတွေ ကြုံလာနိုင်တယ်ဆိုတာ တွက်ဆမိတော့ ပြည်သူလူထုဝန်ကို မျှပြီး ပြည်သူ့ဝန်ထမ်းအနေနဲ့ နွေရာသီစပါးကို စိုက်ပျိုးရခြင်းဖြစ်တယ်။"

လွတ်ငြိမ်းစာရင်းပါ ဆရာအတတ်သင်ကျောင်းသား ၂ ဦးကို ၅၀ ည နဲ့ ပန်းတောင်းအချုပ်မှာ ပြန်ဖမ်းထား

"သူတို့က ပညာရေးကောလိပ်က ကျောင်းဆရာပေါက်စလေးတွေပါ။ လွှတ်ပေးပြီးကာမှ ပန်းတောင်းစခန်းဘက်က ရဲတွေက ခေါ်ပြီး ခံဝန်နဲ့ပြတ်လွှတ်ပေးမယ်ပြောတယ်။ အခုတော့ မလွှတ်တော့ဘူး ပန်းတောင်းရဲအချုပ်မှာဖမ်းထားတယ်။ ပထမ ၅၀၅-က နဲ့အမိန့်ချပြီးသားကို ရဲတွေက ၅၀-ည နဲ့ ပြင်ဆင်ချက်တက်တယ်ဆိုလို့ မလွှတ်တော့ဘူး"

ပြည်ထောင်မှ ၅၀၅-က လွတ်ငြိမ်း ၄၉ ဦးရှိပြီး သံသယနဲ့ပြန်ဖမ်းသူ၊ လုံးဝလွတ်မပေးသူများလည်းရှိ

"ကျနော်တို့ သိတဲ့တယောက်ဆို လွတ်ငြိမ်းပါပြီးမှ မပါဘူးဆိုပြီး သံသယနဲ့ ပြန်ထိန်းထားတယ်။ သူ့ရင်ဝ ဆောင့်ကန်လိုက်သလို ဖြစ်တာပေါ့။ အခုမနက်မှ စာရင်းပြန်ဖျက်တယ်။ အပြင်က စောင့်နေကြတဲ့ သူမိသားစုရော အထဲကသူရော တလွဲဖြစ်ကုန်တာပေါ့"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10