Nan Khan

ကန့်ဘလူမှာ စစ်တပ်က နေအိမ်တွေကို မီးရှို့တဲ့အပြင် ဘုန်းကြီးတပါးကိုပါ ဖမ်းသွား

“အခုလောလောဆယ် စစ်ကြောင်းတွေက မရှင်းသေးတဲ့အတွက် အိမ်ခြေဘယ်လောက် မီးထဲပါသွားလဲ မသိရသေးပါဘူး။ ရွာသားတွေလည်း ရွာထဲဘယ်သူမှ မဝင်ရဲသေးပါဘူး။ ညောင်ဇင်ကြီးရွာက အခုမှ ပထမအကြိမ် မီးရှို့ခံရတာပါ”

မတ္တရာမြို့နယ်၊ ပိုဝမြောက်ရွာကို စစ်တပ်က တလတည်း ၂ ကြိမ်မီးရှို့

“ပိုဝမြောက်ရွာက ဒီလထဲမှာပဲ မီးရှို့ခံရတာ ၂ ကြိမ်ရှိပြီ။ လေတွေကလည်း တိုက်နေတော့ မီးငြိမ်းဖို့က တော်တော်ခက်တယ်။ ဖမ်းဆီးခံရတဲ့ ရွာသားတွေတော့ မရှိဘူး။ ရွာသားတွေကတော့ ရွာထဲမရောက်သေးပါဘူး”

စစ်ခေါင်းဆောင်ခရီးစဉ်ကြောင့် လုံခြုံရေးတင်းကြပ်ထားတဲ့မုံရွာမှာ ရွှေဆိုင်ဓားပြတိုက်ခံရ

“မတ်တူးကားနဲ့လာတာ၊ ကားနံပါတ်တော့မပါဘူး။ အဝင်အထွက် ၅ မိနစ်လောက်ပဲလုပ်တယ်ပြီးတော့ ရွှေဆိုင်ထဲက နေပြန်ထွက်သွားတယ်။ မျက်နှာတွေကိုတော့ အဝတ်နဲ့အုပ်ထားတယ်။ အသက် အရွယ်တွေက ငယ်ငယ်လေးတွေပဲ။ ပေါ်ဦးရွှေဆိုင်နားမှာ ဝိန့်စိန်ရွှေဆိုင်နဲ့ ဟောင်ကောင်ဖုန်းဆိုင်တွေလည်းရှိတယ် သူတို့ကိုတော့ ဘာမှမလုပ်သွားဘူး”

ကနီမြို့နယ် ကျေးရွာ ၂ ရွာက စစ်ရှောင်ကလေးတွေကို သံချဆေးတိုက်ကျွေး

“ဒီနှစ်ထဲမှာပဲ ဆေးကစျေးတက်သွားတာ။ တော်သေးတယ် အရင်က ဆေးတွေကို များများဝယ်ထားလို့သာ တောင့်ခံနိုင်တာ၊ ဆေးတွေဝယ်ရတော့လည်း လွယ်လွယ်ကူကူ သယ်လို့မရဘူး။ တော်တော်ခက်ခဲတယ်။ ဘိန်းမှောင်ခိုကူးရသလိုပဲ”

ချိန်ခါမဲ့မိုးရွာသွန်းလို့ စစ်ရှောင် ၅၀၀၀ ကျော် ရှောင်တိမ်းရပြီး ပုန်းခိုရာတဲအိမ်တွေ ပျက်စီးခဲ့ရ

“ခင်ဦးအရှေ့ခြမ်းက မိုးအဲလောက်မရွာဘူး။ အလယ်ခြမ်းနဲ့အနောက်ခြမ်းက သည်းကြီးမဲကြီး ရွာတယ်။ စစ်ရှောင်၊ မီးဘေးရှောင်တွေကလည်း အဲဒီအလယ်ခြမ်းနဲ့အနောက်ခြမ်းမှာ အများဆုံးပဲ။ မိုးရွာကြီးထဲမှာ သူတို့တွေ အထုပ်တွေ၊ ပလုံးတွေယူပြီး ညတွင်းပဲ ထွက်ပြေးရတယ်။ တချို့ဆို အိပ်စရာနေရာမရှိလို့ တညလုံးထိုင်နေရတယ်”

ရွှေဘိုမြို့နယ်က စစ်ရှောင်ပြည်သူ ၁၀၀၀ ကျော်ကို S & C က ကူညီစောင့်ရှောက်ထား

“မနေ့ကမနက်ပိုင်းမှာ သူတို့ချက်ချင်းရောက်လာတော့ ကျနော်တို့စစ်ရှောင်စခန်း ပုံစံမျိုး လုပ်ထားရတယ်။ ချက်ကျွေးရတယ်။ ဒီနေ့နဲ့ဆို နှစ်ရက်ရှိပြီ။ တနေ့ကို နှစ်နှပ်ကျွေးပါတယ်။ လူဦးရေ တထောင်ကျော်ထဲမှာ ကလေးဦးရေက နှစ်ရာနီးပါးလောက် ပါတယ်”

ပဲခူးမှာ သင်္ကြန်မဏ္ဍပ်တွေဆောက်ဖို့ ပြည်သူတွေဆီကနေ ငွေကောက်ခံနေ

“အမေစုခေတ်တုန်းကတော့ စေတနာရှိသလောက်ပဲ ထည့်ရတယ်။ မထည့်လည်း ရတယ်။ အခုက မရဘူး။ အိမ်တိုင်း ထည့်ရတယ်။ သင်္ကြန်မှာ စည်ကားဖို့အတွက်နဲ့ စတုဒီတာကျွေးဖို့ဆိုပြီး လာကောက်တယ်။ နှစ်နှစ်ရှိပြီ အခုလိုကောက်တာ။ ပြီးရင် မဏ္ဍပ်တွေမှာ သူတို့လူတွေကြီးပဲ ရှိတယ်”

ငွေကောက်ခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရလို့ ၅ ဦးထက်မနည်းသေဆုံး (ရုပ်/သံ)

“စစ်အာဏာသိမ်းပြီး တလလောက်မှာပဲ အဲဒီရွာမှာ တပ်စွဲထားတာ။ အဲကတည်းက ငွေကြေးကောက်ခံနေတာ။ သူတို့မထင်ရင် ပြည်သူတွေစျေးကဝယ်ပြန်လာတဲ့ ဆန်အိတ်တွေကို ချခဲ့ခိုင်းတာတွေလုပ်တယ်။ သူတို့ယူချင်တာတွေလည်း ယူလေ့ရှိတယ်အရင်က အဲနေရာမှာ စျေးဆိုင်တွေရှိတယ် သူတို့ဂိတ်ချဖို့အတွက် အဲဒီ စျေးဆိုင်တွေကိုဖယ်ခိုင်းတယ်။ စခတွေသေဆုံးမှုကို သူတို့နဲ့ နီးစပ်သူဆီက သိရတယ်”

ကိုယ်ထူကိုယ်ထဆေးခန်းမှာ ဒဏ်ရာရလာတဲ့ မည်သည့်ရဲဘော်ကိုမဆို အခမဲ့ကုသပေးနေ

“ဘယ် PDF ရဲဘော်ပဲဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရရင် လုံးဝအခမဲ့ကုပေးတယ်။ ထမင်းလည်း ကျွေးတယ်။ နေကောင်းပျောက်မှ ဆေးရုံကနေ ပေးဆင်းတယ်။ ဆေးခန်းအတွက်ကို တချို့က ငွေ ၁ ထောင်စ ၂ ထောင်စ ပြန်လှူသွားတာမျိုး ရှိတယ်။ တချို့ကလည်း အလှူငွေထည့် မသွားတာမျိုးလည်း ရှိတယ်”

ဆားလင်းကြီးမှာ စစ်တပ်က အိမ်တွေကိုမီးရှို့ပြီး ရွာသား ၂၀ ကျော်ကိုလည်း ဖမ်းသွား

“စစ်ကြောင်းက ခါတိုင်းဆို မနက် ၈ နာရီလောက်မှထွက်တာ။ အခုက မနက် ၆ နာရီလောက်မှာ ထွက်လာတော့ ရွာသားတွေ ပိတ်မိကုန်တာ။ ပိတ်မိတဲ့အထဲမှာ ကျနော်တို့ ရဲဘော်လေး တယောက်တောင် ပါသေးတယ်”

စစ်ရှောင်ပြည်သူတွေကို CDM ပြည်သူ့ဝန်ထမ်းတွေက ကျန်းမာရေးစောင့်ရှောက်မှုပေး

“အဓိကကုသပေးတာက ပြေးရင်းလွှားရင်း ကျန်းမာရေးမကောင်းတာတွေ၊ သက်ကြီးပိုင်းတွေ၊ နာတာရှည်ရောဂါအခံရှိသူတွေကိုလည်း အမြဲကုသပေးတယ်။ စစ်ရှောင်စခန်းတွေကို လှည့်ပြီးကုသပေးတာမျိုးပေါ့။ CDM ဝန်ထမ်း ဘယ်လောက်နဲ့ စောင့်ရှောက်မှု ပေးနေတယ်ဆိုတာတော့ လုံခြုံရေးအရ ပြောဆိုခွင့်မရှိလို့ပါ”

ရေစကြိုမှာ ယာဉ်တန်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ် ပစ်ခတ်ခံရလို့ ၈ ဦးသေဆုံးဟုဆို

'ဒိုင်နာကားကို လုံခြုံရေးယူပေးနေတဲ့ စကစတွေကို တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က သေဆုံးမှုကို ဘယ်လိုသိရလဲဆိုတော့ ထိတွေ့ပစ်ခတ်နေချိန် သူတို့ဘက်က လူ ၇ ယောက်၊ ၈ယောက်လောက်က ရှေ့ကိုတက်လာတယ်။ အဲဒီလူတွေကို ကျနော်တို့က ပစ်ခတ်ရှင်းလင်းခဲ့တာ''

ကျွန်းလှမှာ အုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီး ပြည်သူတွေကို ပြည်သူ့စစ်သင်တန်းတက်ဖို့ စေခိုင်း

“အခုက သင်တန်းကို မတက်မနေ တက်ရမဲ့သဘော။ သူတို့ဘက်က လူအင်အားမရှိတော့ ပြည်သူတွေကို ဖိအားပေး ခြိမ်းခြောက်တယ်လို့ ပြောလို့ရတယ်။ ရပ်ကွက်က လူတွေလည်း ပြဿနာ ပိုကြီးမှာ ကြောက်ကြတော့ အကုန်သွားကြတာ များတယ်။ အစည်းအဝေးကိုလည်း သူတို့ရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီးလုပ်ကြတာ”

မြောင်က စစ်ရှောင်အဘိုးတဦးကို စစ်အုပ်စုက သေနတ်နဲ့ပစ်သတ်

“ပစ်သတ်ခံရတာတောင် ရက်ရက်စက်စက် ပစ်သတ်သွားတာ။ စစ်ရှောင်နေတဲ့အချိန်မှာ သုံးဖို့ သူ့ရဲ့ရေလဲတပတ်လေးတွေ၊ သွားတိုက်တံ၊ သွားတိုက်ဆေးတွေတောင်မှ သူသေတဲ့နေရာမှာပဲ ကျန်ခဲ့တယ်”

မုံရွာနယ်က ထနောင်းတောရွာကို စစ်တပ်ကမီးရှို့နေ

"အခုလောလောဆယ်တော့ ဘာမှတိတိကျကျ မသိရသေးဘူး။ စစ်ကြောင်းပြန်မှပဲ သိရမယ်။ နေအိမ်တွေကို မီးရှို့တာ တော်တော်များတယ်လို့ ကြားတယ်။ ရွာသားတွေလည်း ထွက်ပြေးနေရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10