၃ ရက်အတွင်း ကန့်ဘလူခရိုင်က နေအိမ် ၁၇၀ ကျော်ကို စစ်ကောင်စီက မီးရှို့သွား
“ရွာသားတွေက အခုထိ ရွာထဲမဝင်ရသေးဘူး။ တချို့အိမ်တွေကလည်း မီးမငြိမ်းသေးတော့ မီးတွေပြန်ငြိမ်းနေရတယ်။ ရွာသားတွေက ကိုယ့်ယာတောထဲမှာပဲ အဆင်ပြေသလို တဲတွေထိုးပြီး နေနေကြတယ်။ စားဖို့သောက်ဖို့ကကျတော့ တယောက်စီကနေ တယောက်ဝေမျှစားနေရတယ်”