Nan Khan

အင်းတော်ကိုတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရ ၁၀ ဦးထက်မနည်းသေဆုံးဟုဆို

"ကားက ၄၆ စီးထွက်လာတာ ၄၄ စီးပဲ အင်းတော်ကိုရောက်ခဲ့တယ်။ ထိသွားတဲ့ကား ၂ စီးကိုလည်း အိမ်စီးကားတွေနဲ့ စွဲသွားတယ်။ စခတွေဘက်က ထိခိုက်မှုကို ကျနော်တို့ကို သတင်းပေးနေကြသူတွေရှိတယ် သူတို့ဆီကနေတဆင့် သိရတာ"

သောက်သုံးရေရှားပါးနေတဲ့ အညာက ဒေသခံတွေအတွက် S&C က သောက်ရေကန်ဆောက်လုပ်ပေး

“ယင်းမာပင်မြို့နယ်နဲ့ ဘုတလင်မြို့နယ်ထဲက ရွာတွေမှာ သောက်ရေကန်ကို ဆောက်လုပ်ပေးနေတာပါ။ ရွာတိုင်းတော့ မဟုတ်ဘူး။ သောက်သုံးရေရှားပါးတဲ့နေရာတွေမှာ လိုက််ဆောက်ပေးတာပေါ့။ သောက်ရေကုန်ရင် ဖြည့်ပေးတဲ့အပိုင်းကိုလည်း ပြင်ဆင်ဆောင်ရွက်ပေးထားပါတယ်။ သောက်ရေရှားပါးတဲ့နေရာတွေရဲ့ နီးစပ်တဲ့ရွာတွေက ဒေသခံတွေလည်း အများအပြား အသုံးပြုနိုင်မှာပါ”

လူဦးရေ ၃၀၀ နီးပါးရှိတဲ့ စစ်ရှောင်စခန်းကို ကုန်စိမ်းနဲ့မုန့်များ လှူဒါန်း

“ကျနော်တို့ သွားလှူတဲ့ကျောင်းမှာကတော့ လူဦးရေ ၃၀၀ လောက် ရှိမယ်။ တခြားနေရာတွေမှာလည်း စစ်ရှောင်တွေရှိတယ်။ အဲဘက်တွေမှာ လူဦးရေဘယ်လောက်ရှိလဲဆိုတာတော့ အတိအကျမသိရဘူး။ တချို့ရွာသားတွေဆို ပျူရွာနဲ့နီးလို့ ထွက်ပြေးတိမ်းရှောင်နေရတာတော်တော်ကို ကြာနေပြီး တချို့ကတော့ လပိုင်းလောက်ပဲ ရှိသေးတယ်”

ကန့်ဘလူမှာ စစ်ရှောင်အမျိုးသမီး ၁ ဦးမြွေကိုက်ခံရ၊ ၂ လအတွင်း ၃ ဦးမြောက်ဖြစ်လာ

“ညနေပိုင်းမှာ ကျွဲ၊နွားတွေ သွားသိမ်းချိန် ကိုက်ခံလိုက်ရတယ်။ ညာဘက်ခြေကျင်းဝတ်နားမှာ ကိုက်ခံလိုက်ရတာ။ အခုကတော့ ၈၅ ရာခိုင်နှုန်းလောက်က သက်သာလာပြီ။ စကားတွေလည်း နည်း နည်းပါးပါး ပြန်ပြောလာနိုင်ပြီ”

ရေနံမြေစခန်းမှာ တပ်စွဲထားတဲ့စစ်အုပ်စုကို တိုက်ခိုက်ရင်း PDF တဦးကျဆုံး (ရုပ်/သံ)

ကျဆုံးရဲဘော်မှာ Black God ပြောက်ကျားတပ်ဖွဲ့မှ အသက် ၁၉ နှစ်အရွယ် ရဲဘော်ဖြိုးဇာ (ခ) မောင်ဇာနည်အောင်ဖြစ်ပြီး အပြန်အလှန်ပစ်ခတ်နေချိန်မှာ ကျဆုံးခဲ့တာဖြစ်သလို အခြားပူးပေါင်းအဖွဲ့တွေဘက်မှ တပ်သား ၄ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်

မြင်းမူမှာ စစ်ကောင်စီကားတွေကို တရက်တည်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်

“ကျနော်တို့က စကစရဲ့ဝင်ငွေ လည်ပတ်စီးဆင်းမှုကို ပိတ်ဆို့တဲ့အနေနဲ့ ကြေးနီတွေ တင်လာတဲ့ကားတွေကို မိုင်းဆွဲလိုက်တာပါ။ မိုင်းဆွဲလိုက်ပြီးတော့ သူတို့ဘက်က လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့တယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိပါဘူး”

စစ်အုပ်စုက ပစ်ခတ်စစ်ကြောင်းထိုးလာလို့ ထန်းတက်သမား ၂ ဦးသေဆုံး

“ကိုမင်းဇော်ကိုတော့ ထန်းပင်ပေါ်က ဆင်းဆင်းချင်း ပစ်သတ်သွားတာပါ။ ဦးမြအေးကတော့ ထန်းပင်ကနေ ပြုတ်ကျပြီး ဆေးကုသမှုခံယူနေရင်း ည ၈ နာရီလောက်မှာ ဆုံးသွားတယ်။ သူတို့ ၂ ယောက်စလုံးက နဘူတောရွာ တောပြင်မှာနေတဲ့ ထန်းတက်သမားတွေပါ”

ဟန်ပြရွေးကောက်ပွဲ သပိတ်မှောက်ဖို့ ရွာ ၂၀ ကျော်က ပအဖ၊ ပကဖ တွေ ဆွေးနွေး

“ကျနော်တို့ ပြည်သူ့တော်လှန်ရေးတပ်ဦးနဲ့ ရွာပေါင်း ၂၀ ကျော်က ပအဖ၊ ပကဖ အဖွဲ့တွေ ပြုလုပ်ခဲ့တာပါ။ လူဦးရေကိုတော့ အတိကျပြောလို့ မရပါဘူး။ တရက်တည်းလုပ်တာမို့ အချိန်က နေ့လယ်ကနေ ညနေ ၃ နာရီအထိပါပဲ”

အင်းတော်မှာ စစ်ကောင်စီက ဆွမ်းချိုင့်ပို့တဲ့ ဘုန်းကြီးဆိုင်ကယ်တွေကို ဖမ်းဆီးထား

“ခရီးသွားတွေက အခုမှ စစ်**လို့သိတာ။ အရင်ရက်တွေတုန်းကဆို ရွာသားတွေက သူတို့ကို PDF လို့ထင်နေတာ။ သူတို့ပုံစံက စစ်ကောင်စီနဲ့မတူဘဲ PDF ပုံစံမျိုး၊ ယူနီဖောင်းတွေကအစ PDF တွေဝတ်ထားတဲ့ ယူနီဖောင်းပုံစံတွေလိုမျိုး ဝတ်ထားကြတာ။ ခရီးသွားတွေဆီကနေ သိမ်းထားတဲ့ ပစ္စည်းတွေကိုလည်း သုံးဘီးဆိုင်ကယ်တွေနဲ့ အမျိုးသမီးတွေက လာယူသွားကြတယ်”

"ခွဲခြားဆက်ဆံတာတွေကိုပါ တွန်းလှန်နေတဲ့ PDF ရဲမေ"

“ဖယ်ကျဉ်ခြင်း ခံရတာကတော့ ခဏခဏပါပဲ။ အတန်းထဲမှာဆိုလည်း အတန်းဖော်၊ ဆရာ/ဆရာမတွေရဲ့ ဖယ်ချန်ခြင်းကို ခံရတယ်။ သူက ကုလားမို့လို့ မပေါင်းရဘူး ဆိုတာမျိုးတွေ၊ အတန်းဖော်တယောက်က ကိုယ်နဲ့စကားလာပြောရင်လည်း ဆရာမတွေက မပြောခိုင်းတာ အသက်အရွယ်နဲ့မမျှတဲ့ ခံစားခြင်းမျိုးတွေကို ငယ်ငယ်ကတည်းက ခံစားလာခဲ့ရတယ်”

ကျေးရွာတွေကို မီးရှို့ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ဗိုလ် ၁ ဦးအပါ ၆ ဦး သေဆုံးဟုဆို

“စစ်ကြောင်းတကြောင်းက ချောင်းဆင်းရွာထဲမှာ ကျန်နေခဲ့တာ။ စစ်ကြောင်း ၂ ကြောင်းက ချောင်းဆင်းရွာနဲ့ ၁ မိုင်အကွာလောက်မှာရှိတဲ့ ရသစ်ရွာဘက်ကို စစ်ကြောင်းထိုး မီးရှို့ဖို့ ထွက်လာတဲ့အချိန် ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ ဗိုလ်သင်တန်းဆင်း ၁ ယောက်နဲ့ နောက်လိုက် ၅ ယောက် သေတယ်။ ထိခိုက်သေဆုံးမှုကိုတော့ ကျနော်တို့ရဲ့ မြေပြင်သတင်းပေးသူတွေ ပြောကြားချက်တွေ တခြားကင်းထောက်အဖွဲ့တွေဆီက သိရတာပါ”

အိမ်လွမ်းနေတဲ့ ရဲဘော်တွေကို သင်္ကြန်သီချင်းနဲ့ ကပြခဲ့တဲ့ PDF ရဲဘော် (ရုပ်/သံ)

"အခုလို လုပ်တာက ရဲဘော်တွေကို ခဏတာ ပျော်ရွင်စေဖို့ အတွက်ပါ။ ကျနော် မကတတ်ပေမဲ့လည်း စိတ်ညစ်တဲ့အခါမျိုးတွေမှာ ဒီလိုကြံကြံဖန်ဖန် ပျော်အောင်နေရတယ်”

ဘုန်းကြီးကျောင်းကို ရေလာလှူတဲ့ကား မှောက်လို့ ၁ ဦးသေဆုံး

"အခုလို လုပ်တာက ရဲဘော်တွေကို ခဏတာ ပျော်ရွင်စေဖို့ အတွက်ပါ။ ကျနော် မကတတ်ပေမဲ့လည်း စိတ်ညစ်တဲ့အခါမျိုးတွေမှာ ဒီလိုကြံကြံဖန်ဖန် ပျော်အောင်နေရတယ်”

ခင်ဦးမှာ ပျူတွေ ဆက်တိုက်စစ်ကြောင်းထိုးနေပြီး အသက် ၉၀ အရွယ် အဖွားတဦးလည်း စစ်ရှောင်ရင်းသေဆုံး

“ကလုံရွာက အခုမှ ပထမအကြိမ် မီးရှို့ခံရတာပါ။ ရွာသားတွေကလည်း ရွာထဲမဝင်ရသေးတော့ အိမ်ခြေဘယ်လောက် မီးထဲပါသွားလဲ မသိရသေးပါဘူး”

ဒဏ်ရာရရဲဘော်တွေနဲ့ ဒေသခံအချို့အတွက် ကိုယ်ထူကိုယ်ထ ဆေးခန်းဖွင့်လှစ် (ရုပ်/သံ)

ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ ဒဏ်ရာရရင် သွေးထွက်လွန်ပြီး သေဆုံးတာတွေများလို့ အဓိကထားဖွင့်တာ ဖြစ်ပေမယ့် အဲ့ဒီနယ်က ဒေသခံတွေလည်း အခမဲ့နီးပါး ဆေးကုသနိုင်မှာ ဖြစ်တယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10